Unicode
အိပ်စက်မရသည့် ည...
အိပ်မက်ဆိုးတွေကြောင့် မနက် 3 နာရီလောက်ကတည်းက နှိုးထပြီး ပြန်၍ အိပ်စက်မရပေ။
ဘေးနားက စားပွဲခုံပေါ်မှာ တင်ထားသည့် အိပ်ဆေးဗူးနဲ့တွဲရက်ထားသည့် စိတ်ငြိမ်ဆေးကို ယူကာ ရေနဲ့ မျောချလိုက်သည်။
အသက် ပြည့်ပြီးကတည်းက မက်လာသည့် အိပ်မက်ဆိုးတွေ
ကျွန်တော်လည်း လူတစ်ယောက်ကို သတ်သလို ကျွန်တော့် ကိုလည်း သတ်သည်။
တကယ်ဖြစ်ပျက်နေသလို...
တကယ်နာကျင်နေသလို....
မအိပ်ပျော်ခြင်းတွေ စိတ်မငြိမ်ခြင်းတွေကြောင့် ဆေးတွေနဲ့သာ နေထိုင်လာခဲ့တာ
နေတောင် မထွက်သေးဘူး။
သို့ပင်မဲ့ အိပ်ယာကနေ ထလိုက်သည်။ ပြန်ပြီး အိပ်မပျော်မဲ့အတူတူ
ဝရံတာသို့ ထွက်ကာ ထယ်ယောင်း အကြောတွေ ဆန့်လိုက်သည်။
ဆံပင်ကောက်ကောက်လေးတွေက လေထဲသို့ လွင့်မြောလျက်
တရားထိုင်ရန် ကြမ်းပြင်၌ ထိုင်လိုက်လေသည်။
ကျွန်တော့်အတွက် စိတ်ပေါ့ပါးစေမဲ့ တစ်ခုတည်းသော နည်းလမ်းဘဲ...
အိပ်မပျော်ဖြစ်တော့ရင် ဝရံတာဘက်သို့ ထွက်ကာ တရားထိုင်တာက အကျင့်တစ်ခုလိုပင် ဖြစ်နေလေပြီ။
အချိန်ဘယ်လောက်အထိ ကြာသွားခဲ့လည်း ထယ်ယောင်း မသိပေ။
ထလာပြီး နာရီကြည့်မိတော့ မနက် 5 နာရီ....
တရားထိုင်တာက ညောင်းတာတွေမရှိဘူး။ ပိုပြီးတောင် နေလို့ကောင်းစေတာ
ဖုန်းကို တစ်ချက်ဖွင့်မိတော့ ညကတည်းက ဝင်ထားသည့် ဂျီမင် ရဲ့စာတိုတွေ...
ဝင်ကြည့်ကာ စာမပြန်တော့ဘဲ ဖုန်းကိုပိတ်ကာ ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
ဆံပင်ကောက်ကောက်လေးတွေက ဂုတ်ထောက်လျက်...
ရေချိုးထားသည်မို့ကြောင့် ကြည်လင်နေသည့် မျက်နှာ...
YOU ARE READING
The Legend Of The Past
Fanfictionအတိတ်ရဲ့ ဖြစ်ရပ်တစ်ချို့မှာ ငါဟာမင်းကို စိတ်ထဲမှာ မုန်းတီးနေတုံးဘဲ သို့သော် ငါ့နှလုံးသားကတော့မင်းကိုသိပ်ချစ်သည်။ Jeon Jungkook♡Kim Taehyung♡Park Jimin Written By Ah_Moe? ?