Part 28

2K 189 18
                                    

Unicode

နာကျင်မှုနဲ့အတူ ထလာမိတော့ ဘေးနားက လွတ်နေသည့် အိပ်ရာခင်း။ အရှင်ထွက်သွားပြီလားအသိနဲ့ ထထိုင်လိုက်တော့ ခြေရင်းထက်၌ အရှင်သည် အပေါ်ပိုင်းအင်္ကျီကျွတ်ဖြင့် ထိုင်နေကာ ဓားအားသန့်ရှင်းရေးလုပ်နေလေသည်။

ရေစိုနဲ့အိပ်လိုက်တာမို့လို့ အဖျားက ဝင်နေလေပြီ။ ပူထူနေသည်ကို လျစ်လျူရှုကာ ဖဲသားစောင်ကို ပတ်လျက် အိပ်ရာတော်ထက်မှ ဆင်းလိုက်သည်။

အရှင်က မြင်လေတော့ ဘာမှမပြောလေဘဲ ဓားကိုသာ အာရုံစိုက်ထားလေသည်။

သန့်ရှင်းနေသည့် ခန္ဓာကိုယ်ကြောင့် အရှင့်အား ကြည့်မိသည်။ သေတ္တာထဲက ဝတ်ရုံအပြာရင့်ရောင်ကို ထုတ်ကာ ဝတ်ဆင်လိုက်သည်။ 

ထို့နောက်တွင် ထိုင်နေသည့် အရှင့်ရှေ့တွင် ရပ်လိုက်ကာ မျက်နှာချင်းဆိုင်လိုက်ရင်း

"ကျွန်ုပ်ခမည်းတော်နဲ့တွေ့ချင်တယ်...အရှင်"

ဓားကို သုတ်နေသည့် အရှင့်လက် ရပ်တန့်သွားလေသည်။ 

အရှင်သည် မင်းသားငယ်၏ မျက်ဝန်းကို စူးရဲစွာ စိုက်ကြည့်ရင်း

"ကောင်းပြီလေ...ကျွန်ုပ်ခွင့်ပြုမယ်...ဒါပေမဲ့"

ထုံးစံအတိုင်း အပေးအယူပါဘဲလား။ အရှင်သည် ဘုရင်ပီသပါပေသည်။ အပေးအယူမပါလေဘဲ ဘာမှမလုပ်ပေ။

"ကျွန်ုပ်ရေချိုးသန့်စင်ဖို့အတွက် အပျိုတော်တွေကို မခိုင်းဘဲ သင်လုပ်ဆောင်ပေးရမယ်"

"အမိန့်တော်အတိုင်းပါ"

"ဒီရေကန်ထဲက ရေကိုကျွန်ုပ်မချိုးချင်ဘူး...ဘုရင်မို့ကြောင့် အရပ်သားတွေရဲ့ ဘဝကိုလည်း ခံစားတတ်ရမယ်မလား...ကျွန်ုပ်မြို့ထဲက ပြည်သူတွေချိုးတဲ့ ရေတွင်းက ရေကိုချိုးချင်တယ်..."

အရှင့်စကားကြောင့် နားမလည်ခြင်းတွေနဲ့အတူ အရှင့်ကိုကြည့်လိုက်တော့

"အဲ့တာမို့ကြောင့် မြို့ထဲသွားပြီး ကျွန်ုပ်ချိုးဖို့ ရေဆယ်ပုံးမျှ ခပ်လာခဲ့...ပြီးရင် ဒီနန်းဆောင်ထဲယူလာခဲ့...ကျွန်ုပ်စောင့်နေမယ်"

The Legend Of The PastWhere stories live. Discover now