Part 20

2K 175 4
                                    

Unicode

တင်းကျပ်နေသည့် သံကြိုး...

ခြေထောက်ကော လက်ကော အခတ်ခံထားရတာ ဖြစ်ပေသည်။ အကျဉ်းသားဝတ်ရုံအဖြူကို ဝတ်ဆင်ထားသော်လည်း မင်းသားငယ်ထယ်ယောင်းသည် ကြည့်ကောင်းနေတုံးပင်။

ခါးစပ်အထိ ရှည်လျားသည့် ဆံပင်က အနည်းငယ်ပွနေသော်လည်း လှပနေတုံး။

တစ်ခေါက်တောင် လာမတွေ့ခြင်းရှိသည့် အာဒက်ဘုရင် ဂျောင်ကုကို မျှော်နေမိတုံး။ အနည်းဆုံးတော့ အကျဉ်းသားတစ်ယောက်ကို လာကြည့်သင့်တယ်မလား။

သေသွားရင်တောင် ဂျောင်ကုရှေ့မှောက်၌ဘဲ သေချင်တာ။ သံကြိုးက တင်းကျပ်လှသောကြောင့် လက်တွေ ခြေထောက်တွေ နီမြန်းကာ အရာထင်နေပင်မဲ့ ထိုနာကျင်မှုကို အတွေးထဲ မရှိပေ။

ရဲမတ်နှစ်ယောက်က လာလေကာ အကျဉ်းတံခါးကို ဖွင့်ရင်း ခေါ်ဆောင်လေသည်။

အမိန့်ချမှတ်တော့မဲ့ အချိန်ရောက်ပြီဘဲ။ ဂျောင်ကု ဘယ်လိုဘဲ ဆုံးဖြတ်ပါစေ ကျေနပ်မိပါသည်။

ဒါဟာ ကျွန်ုပ်ကံတရားက ဂျောင်ကုလက်ထဲမှာမို့။

ညီလာခံထဲသို့ ဝင်လိုက်တော့ အရပ်သားတစ်ချို့ကော...မှူးမတ်တွေကကော အကြည့်တွေက ကျွန်ုပ်ထံ၌။

အားလုံးကို ခေါင်းမော့ကာ ကြည့်မိသည်။ ကျွန်ုပ်က ဂျောင်ကုတစ်ယောက်ထဲကိုဘဲ ခေါင်းငုံတာ။

ညီလာခံအလယ်တွင် ဒူးထောက်ခိုင်းသည့် ရဲမတ်။ ဒူးထောက်ကာ ရှေ့က ပလ္လင်ထက်ကို မျက်နှာမူထားလျက်။

"အရှင်မင်းကြီး ဂျွန်ဂျောင်ကု ညီလာခံသို့ ကြွချီလာပါပြီ"

မှူးမတ်တစ်ယောက်အသံနောက်တွင် အားလုံးဟာ တိတ်ဆိတ်သွားကြပြီး ဂျောင်ကုကို ဦးညွတ်ကြလေသည်။

ဓားကို တစ်ဖက်တွင်ကိုင်ကာ ပလ္လင်ထက်၌ ထိုင်လေပြီး...မင်းသားငယ်ထယ်ယောင်းကို ကြည့်လေသည်။

မင်းသမီးနူးရ်နောက်တွင် ရောက်လာသည့် အာနူး။ 

ဂျောင်ကုက ကတိတည်သည်မို့ အဂ္ဂရတိုင်းပြည်ရဲ့မင်းသားကို မသတ်ဘူးဆိုတာ သူမကိုယ်တိုင်သိပေသည်။ ဒါပေမဲ့ မည်သို့ဆုံးဖြတ်ချက်ကို ချမလဲဆိုတာကိုတော့ သူမသိချင်မိသည်။

The Legend Of The PastWhere stories live. Discover now