Part 4

2.9K 251 11
                                    

Unicode

မည်သူကိုမျှ ကျွန်တော်က ရင်းရင်းနှီးနှီးမနေတတ်ပင်မဲ့ ကျွန်တော့်ကိုတော့ တော်တော် များများက သိကြလေသည်။ ဒါဟာလည်း ကောင်းပါတယ်။ မကောင်းတဲ့ အကြောင်းကြောင့် သိကြတာလည်း မဟုတ်ပြန်ဘူး။ ဒီတိုင်းကို သူ့တို့ကိုယ်တိုင်က ကျွန်တော့် ကိုသိကြခြင်းဖြစ်သည်။ 

လွယ်အိတ်အညိုရောင်လေးလွယ်ကာ စာအုပ်တွေကို လက်တစ်ဖက်က ကိုင်ရင်း ဂျီမင်ဆီကို ‌သွား‌နေမိတော့ နောက်ကနေ ကျွန်တော့် နာမည်ကို အော်ခေါ်လျက် ပြေးလိုက်လာသည့် ဟန်နီ။ 

သက်ပြင်းတစ်ချက်ချကာ လမ်း‌လျှောက်နေတာကို ရပ်တန့်လိုက်ရင်း နောက်လှည့်ကာ သူ့ကို လှည့်ကြည့်လိုက်တော့ ကျွန်တော့် နားရောက်လာသည်။ ထို့နောက်တွင်

"ဘာဖြစ်လို့လည်း ဟန်နီ"

"မောလိုက်တာ ထယ်ယောင်းရယ် တစ်ချက်လေးတောင် မစောင့်ဘူး"

"ဆောရီး ဂျီမင်ကိုသွားခေါ်ဖို့ စိတ်လောနေလို့"

အမောဖြေနေရင်းမှ ဟန်နီက ရပါတယ်ဆိုသလို ခေါင်းငြိမ့်ပြလာလေသည်။ 

"ဘာကိစ္စရှိလို့လည်း ဟန်နီ"

"သူငယ်ချင်းအချင်းချင်းကို ကိစ္စရှိရမှာလား"

"အဲ့လိုမဟုတ်ပါဘူး အလောတကြီး ငါ့နားရောက်လာတော့ တစ်ခုခုဖြစ်တာဆိုပြီး ထင်မိလို့ပါ"

ဟန်နီက အမော‌ဖြေပြီးလို့ ကျွန်တော့်အား စိုက်ကြည့်လာလေသည်။ ကျွန်တော်နှင့် အကြည့်ချင်းဆုံခိုက်။ ရုတ်တရက်ကိုက်ခဲလာသည့် ဦးခေါင်း

အာ့

ခေါင်းတစ်ခုလုံးကို တူနဲ့ထုလိုက်သလိုမျိုး နာကျင်မှုကြီးက။

"ဘာဖြစ်တာလည်း ထယ်ယောင်း အဆင်ပြေရဲ့လား ဒါမှမဟုတ် ငါမင်းကို ဆေးပေးခန်းထဲ ခေါ်သွားပေးရမလား"

ခေါင်းငုံ့ကာ ခေါင်းကို ကိုင်ထားသည့် ကျွန်တော့်မျက်နှာရှေ့ နီးကပ်နေသည့် ဟန်နီရဲ့ မျက်နှာ။ ဒါပေမဲ့ ကျွန်တော် မြင်မိတာက ဟန်နီကို မဟုတ်ဘူး။ အမျိုးသမီးတစ်ယောက်။ ဟန်နီမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်ကို မြင်မိတာ။

The Legend Of The PastWhere stories live. Discover now