Part 14

2.1K 173 6
                                    

Unicode

ကျွန်တော်နဲ့ ပိုပြီး ရင်းနှီးလာခဲ့သည်က လက်ရှ်...

နေ့ရက်တိုင်းကို ကုန်ဆုံးနေမိတာကလည်း လက်ရှ်ပင်။

ဂျောင်ကုကို တွေ့တိုင်း ရှောင်ဖယ်နေမိတာက အကျင့်တစ်ခုလို ဖြစ်နေပြီထင်ပါရဲ့။

ဂျီမင်နဲ့တွေ့ပင်မဲ့ ကျွန်တော်သိချင်တဲ့အကြောင်းတွေကို လက်ရှ်က စုံစမ်းပေးနိုင်တာမို့ကြောင့် လက်ရှ်နဲ့ အချိန်ပိုပြီး ကုန်ဆုံးတာ များပေသည်။

"အာဒက်တိုင်းပြည်ရဲ့ ပန်းချီကား ရှိတယ်တဲ့..."

"ဘယ်လို..."

လက်ရှ်ပြထားသည့် နန်းတော်ပုံတွေ ကြည့်ရင်း လက်ရှ်ရဲ့ စကားကြောင့် ထယ်ယောင်း စိတ်ဝင်စားစွာ ခေါင်းထောင်လာလေသည်။

"ကိုယ်စုံစမ်းသလောက် မင်းလည်း သိပြီးပြီဘဲ အာဒက်တိုင်းပြည်က တကယ်ရှိခဲ့တယ်...ဒါပေမဲ့ ဒီအချိန်အထိ သမိုင်းမှာ ပျောက်ကွယ်နေတဲ့ တိုင်းပြည်...ပန်းချီကားရှိတယ်တဲ့...ဘုရင်ရယ်...သူ့ရဲ့ ချစ်မြတ်နိုးတဲ့ ကြင်ယာတော်ရယ်...မိဖုရားခေါင်ရယ်...စသဖြင့် ဒါပေမဲ့ ပန်းချီကားကို တွေ့မှ ကိုယ်တို့က အသေးစိတ်သိကြမှာလေ"

"ဘုရင်က မိဖုရားခေါင်ကို ချစ်တာမဟုတ်ဘူးလား ကျွန်တော်ကြားဖူးသလောက်တော့ ဘုရင်က သူ့ရဲ့ချစ်မြတ်နိုးတဲ့ ကြင်ယာတော်ကိုဘဲ မိဖုရားခေါင်တင်မြောက်တာတဲ့လေ"

"အဲ့လိုလည်းရှိကြပါတယ်...ဒါပေမဲ့ တစ်ချို့ကျတော့လည်း အရင်ဆုံးလက်ထပ်ခဲ့တဲ့ ကြင်ယာတော်ကို မိဖုရားခေါင်တင်မြောက်တာရှိတယ်..ချစ်တာဖြစ်ဖြစ် မချစ်တာဖြစ်ဖြစ်..ပထမကို ဦးစားပေးတဲ့ သဘောပေါ့"

နန်းတော်ပုံတွေက အများကြီးဆိုပင်မဲ့ အာဒက်ပုံက မပါသေးပေ။

လက်ရှ်ကိုလည်း အားနာမိတာက အမှန်ပင်။ ကိုယ့်ကြောင့် အလုပ်တစ်ဖက်နဲ့ ကိုယ်သိချင်တာတွေကို လေ့လာပြီး စုံစမ်းပေးနေတာမလား။

တီ တီ တီ

အိတ်ထဲက ဖုန်းသံကြောင့် နှစ်ယောက်လုံးအာရုံက ဖုန်းသို့ရောက်သွားလေသည်။

The Legend Of The PastWhere stories live. Discover now