Unicode
ဒဏ်ရာက လုံးဝမကျက်သေးသည်မို့ နန်းဆောင်ထဲတွင် အနားယူနေမိတာဖြစ်သည်။
အဖြူရောင်ချည်သားအင်္ကျီလေးကိုသာ ဝတ်ဆင်ထားလျက်။ ထိုနေ့ကတည်းက အရှင်သည် ယနေ့အထိ နန်းဆောင်ထဲသို့ လုံးဝရောက်မလာခဲ့တော့ပေ။
အိမ်ရှေ့စံဂျီမင်းသည်လည်း သတင်းမေးခြင်းသာ ရောက်လာခဲ့၍ နောက်ထပ်မဖိတ်ခေါ်မှန်းသိလေတော့ လုံးဝမလာခဲ့တော့ပေ။
နန်းဆောင်ထဲသို့ ဝင်လာသည့် ရံရွေတော်။ ထို့နောက် ထိုရံရွေတော်၏ နောက်တွင် ရဲမတ်တစ်ဦးပါလာ၍ အနီရောင်ကတ္တီပါပိတ်စ အုပ်ထားသည့် ဗန်းကိုကိုင်ဆောင်ထားလေသည်။
မင်းသားငယ်သည် အာဒက်နန်းတော်ထဲတွင် တစ်ယောက်တည်း သီးသန့်နေသည့်တစ်ဦးတည်းသောသူပင်။ ထိုအရာကိုလည်း အားလုံးဟာ နားလည်ပေးလေသည်။
"မင်းကြီးက သင့်အတွက် လက်ဆောင်ပါးလိုက်ပါတယ် ကြင်ယာတော်"
ရံရွေတော်သည် ထိုသို့ပြောလိုက်တော့ ရဲမတ်သည် ခေါင်းငုတ်ကာ ရှေ့သို့တိုးလာလေသည်။
ရဲမတ်လက်ထဲက ဗန်းပေါ်ရှိ ကတ္တီပါစကို ဖယ်လိုက်တော့ မင်းသားငယ်ပိုင်ဆိုင်သည့် လေးနဲ့မြှားဖြစ်ပေသည်။
ထိုလေးနဲ့မြှားကို ကြည့်ရင်း မင်းသားငယ်သည် မျက်ရည်တွေ ကျလာလေသည်။ သမင်တစ်ကောင်ကို သတ်ပြီး ရလာတာမလား။
တကယ်ဆို အပြစ်မဲ့တဲ့ သက်ရှိကို သတ်ခဲ့တာကို။ ထိုလေးနဲ့မြှားအား မျက်နှာလွှဲလိုက်လေသည်။
"ထားခဲ့လိုက်"
ရဲမတ်နဲ့ ရံရွေတော်သည် မင်းသားငယ်ထယ်ယောင်းအား ဦးညွှတ်ကာ နန်းဆောင်ထဲမှ ထွက်သွားပေသည်။
လက်ဆက်ပွဲရှိသည်မို့အားလုံးဟာ မအားလပ်ပေ။
အရှင်နှင့် မင်းသမီးနူးရ်ရဲ့ လက်ဆက်ပွဲက တိုင်းပြည်တော်တော်များများရဲ့ ပါးစပ်ဖျားတွင် ရှိနေလေသည်။ သို့ပင်မဲ့ မင်းသားငယ်နှင့် အရှင့်လက်ဆက်ပွဲကိုတော့ မည်သူမျှ မသိရှိပေ။
မှန်ရှေ့၌ ပြင်ဆင်နေသည့် မင်းသမီးနူးရ်သည် ကျက်သရေရှိလှပေသည်။ ယနေ့ဟာ အရှင်မင်းကြီးက ပိုင်ဆိုင်ရတော့မှာဖြစ်သလို မိဖုရားဆိုသည့် ဘွဲ့အမည်ကို ရလေတော့မှာဖြစ်ပေသည်။
YOU ARE READING
The Legend Of The Past
Fiksi Penggemarအတိတ်ရဲ့ ဖြစ်ရပ်တစ်ချို့မှာ ငါဟာမင်းကို စိတ်ထဲမှာ မုန်းတီးနေတုံးဘဲ သို့သော် ငါ့နှလုံးသားကတော့မင်းကိုသိပ်ချစ်သည်။ Jeon Jungkook♡Kim Taehyung♡Park Jimin Written By Ah_Moe? ?