Part 23

1.8K 170 7
                                    

Unicode

နန်းတော်တစ်ခုလုံး ပွဲတော်လိုမျိုး စည်ကားနေလေသည်။ အကြောင်းဟာ အာဒက်ရဲ့ အိမ်ရှေ့စံမင်းသား အရှင်မင်းကြီး၏ အကိုတော် ဂျီမင်းသည် ယနေ့အာဒက်သို့ ပြန်လာမည်ဖြစ်ပေသည်။

နှစ်အကြာကြီး ပညာတော်သင်သွားသည်မို့...ဘုရင်ဖြစ်မည့် ဂျီမင်းသည် နန်းမတက်လေဘဲ...ထီးနန်းအား အရှင်ဂျောင်ကုအား လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်ပေသည်။

ထို့ကြောင့် အရှင်ဂျောင်ကုသည် အာဒက်၏ ဆက်ခံသူဖြစ်လာခဲ့ပေသည်။

ကျောက်စိမ်းအနုလေးကို ဝတ်ထားသည့် ကြင်ယာတော်ထယ်ယောင်းသည် သိပ်ကိုလှလေသည်။

ဆံပင်ကို ဖြီးနေရင်းမှ နန်းဆောင်ထဲဝင်လာသည့် မင်းသမီးနူးရ်...

"ဒီနေ့ အကိုတော်ပြန်လာမှာ...ထုံးစံအရ အရှင်မင်းကြီးနဲ့ သူ့ရဲ့ဇနီးမယားက ကြိုဆိုရတယ်"

"ဘာများပြောချင်တာလဲ မင်းသမီးနူးရ်...ကျွန်ုပ်အား ရှင်းရှင်းလင်းလင်းပြောပါ"

"သင်က ကြင်ယာတော်ဆိုပင်မဲ့ အရေးပေးခံရခြင်းမရှိဘူးလေ...ကျွန်ုပ်က မကြာခင် မိဖုရားဖြစ်တော့မှာ...ပြီးတော့ အကိုတော်ကလည်း ကျွန်ုပ်ကိုဘဲသိတာ...ရှင်းအောင် ပြောလိုက်ပါ့မယ် ကြင်ယာတော်...အရှင်မင်းကြီးနဲ့အတူ ကျွန်ုပ်ကြိုဆိုမှာပါ"

"ဒါဆိုရင်တော့ သင်ပျော်သင့်ပါတယ်...ကျွန်ုပ်ကလည်း ထွက်ကြိုဖို့အစီအစဉ်မရှိပါဘူး...မကြာခင်ကျွန်ုပ်ကလည်း အနောက်နန်းဆောင်ကို သွားမှာမို့ ကျွန်ုပ်အလုပ်နဲ့တောင် ကျွန်ုပ်မအားလေဘူး"

"ကောင်းတာပေါ့ သင့်နေရာသင်သိသားဘဲ...ကျွန်ုပ်ကို ခွင့်ပြုပါအုံး...ကြင်ယာတော်"

ထွက်သွားသည့် မင်းသမီးနူးရ်ရဲ့ ကျောပြင်ကို တွေဝေစွာ ကြည့်နေမိသည်။ တကယ်ဆို အနိုင်လိုချင်လို့သာ စိတ်ထဲလာသမျှ ပြောခဲ့တာ

ပြင်ဆင်ထားသမျှကို ကြည့်ရင်း သက်ပြင်းချမိသည်။

တကယ်လည်း အရေးပေးမခံရဘူးဘဲ။ ကျွန်ုပ်ကသာ တစ်ဖက်သတ်ဖြစ်နေခဲ့တာပါ။

အရှင်သာ ကြင်နာရင် အရှင့်မျက်နှာကိုသာ ကြည့်ပြီး အားလုံးကြားထဲမှာ အရေးပေးမခံရလည်း နေနိုင်ပါသည်။ သို့သော် ယခုဟာက ကိုယ်တိုင်က တစ်ကောင်ကြွက်လိုမျိုးခံစားနေရသည်ကို။

The Legend Of The PastWhere stories live. Discover now