Part 27

2K 180 4
                                    

Unicode

"ဘာတွေများတွေးနေတာလဲ ကြင်ယာတော်"

ပန်းခြံထဲ၌ ထိုင်ကာ ငေးကာ တွေးနေသည့် မင်းသားငယ်ထယ်ယောင်းအနားသို့ ရောက်လာသည့် အမတော်အာနူး။

ပြန်မဖြေလေဘဲ အပြုံးလေးဖြင့်သာ အမတော်အာနူးအား တုံ့ပြန်လိုက်လေသည်။ ထို့နောက်တွင် အမတော်အာနူးက

"သင်က ဘုရင်သားတော်ဆိုတဲ့ အတိုင်း သတ္တိက ခြင်္သေ့တစ်ကောင်လိုမျိုးပါဘဲ ကြင်ယာတော်...ကိုယ့်ခင်ပွန်း...အာဒက်ဘုရင်တောင် အနာတရလုပ်နိုင်တဲ့အထိ...ဒါပေမဲ့ အံ့ဩစရာကောင်းလေတာက သင့်ကိုအရှင်မင်းကြီးက ဗွေမယူလေတာဘဲ"

"အနိုင်ရနေလို့လေ...တကယ်ဆို ကျွန်ုပ်မိသားစုနဲ့ ပေးတွေ့သင့်ပါတယ်"

"ချွဲကြည့်ပါ့လား ကြင်ယာတော်"

အံ့ဩစရာကောင်းလွန်းသည့် စကားကြောင့် မင်းသားငယ်သည် အမတော်အာနူးဘက် လှည့်လာလေသည်။ 

"လက်ဆက်တယ်ဆိုတာ တစ်ဘဝလုံးနဲ့ သက်ဆိုင်နေတာ...အေးအတူပူအမျှ နောက်ဆုံးအချိန်အထိ လက်တွဲကြတာ...မေတ္တာမရှိဘဲနဲ့တော့ မည်သူမျှ လက်မဆက်ကြဘူး"

"သင်စိတ်ထင်နေလို့ပါ အမတော်အာနူး...လက်ဆက်တိုင်း ချစ်ကြတာ မဟုတ်ဘူးရယ်"

"ထားပါ...ကျွန်ုပ်နဲ့မြို့ထဲလိုက်မလား...သင်လည်း နန်းဆောင်ထဲနေရတာ ပျင်းနေရောပေါ့...အာဒက်မှာ အကောင်းဆုံးက သရေစာတွေဘဲ...ကျွန်ုပ်သင့်ကို အာဒက်မြို့ထဲလိုက်ပြပါရစေ"

အမတော်အာနူးကို ခေါင်းညိမ့်ပြကာ လိုက်သွားရန်ပြင်တော့ မင်းသားငယ်ထယ်ယောင်းတို့ အနားအား အိမ်ရှေ့စံဂျီမင်းရောက်လာလေသည်။

"သင်တို့ချည်း ဘယ်သွားမလဲ...ကျွန်ုပ်လည်း လမ်းကြုံလို့ လိုက်လေမယ်လေ"

"အိမ်ရှေ့စံမင်းသားအလိုတော်အတိုင်းပါ...ဒါဆို ကျွန်ုပ်တို့ သွားကြလေမလား"

"ရှေ့ကသွားပါ အာနူး"

အမတော်အာနူးသည် ရှေ့မှာ ရပ်ထားသည့် ဝေါ်ယာဉ်ပေါ် တက်လိုက်သည်။ ထို့နောက်တွင့် အိမ်ရှေ့စံဂျီမင်းက မြင်းဖြင့်။

The Legend Of The PastWhere stories live. Discover now