Part 15

2.1K 176 2
                                    

Unicode

"ဘာတွေလောနေတာလဲဂျီမင်"

"မင်းအခုချက်ချင်း ထယ်ယောင်းကို တားလိုက်"

"ဘာကို"

မျက်မှောင်ကုတ်ပြီး ဂျီမင်ကို ပြန်ပြီးမေးခွန်းထုတ်လိုက်သည်။

ညနေကတည်းက ဖုန်းတွေ ဆက်တိုက်ဆက်နေပြီး။ အခုရောက်လာတော့လည်း အလောတကြီးဖြင့်။ 

ထယ်ယောင်းကကော ဘာဖြစ်နေလို့...ဂျီမင်က ကမ္ဘာပျက်သလို ဖြစ်နေရတာလဲ။

"အရေးကြီးတယ် ဂျောင်ကု...ထယ်ယောင်းအတွက် အန္တရာယ်ရှိနေပြီ"

"ဘာ...မင်းက သူ့ချစ်သူဘဲ မကာကွယ်နိုင်ဘူးလား"

တိတ်ဆိတ်သွားသည့် ဂျီမင်။ စကားပြောမှားသွားမှန်းသိသည့် ဂျောင်ကုကလည်း အားနာသလိုကြည့်ရင်း အနွေးထည်ကောက်ဝတ်လိုက်သည်။

"မင်းပြောသလိုဘဲ မကာကွယ်နိုင်ဘူးလား...အသက်ကိုပေးပြီးတောင် ကာကွယ်နိုင်တယ် သူ့အတွက်ဆို အရာအားလုံး စွန့်လွှတ်နိုင်တယ်...သူက ငါ့ရဲ့သတ္တိ ဂျောင်ကု...မင်းနားမလည်ပါဘူး...ဘယ်တော့မှလည်း နားလည်မှာမဟုတ်ဘူး မင်းက လူတစ်ယောက်ဆို စကားနာထိုးဖို့ဘဲ သိတာလေ"

ထို့သို့ ပြောပြီးတာ ထွက်လာခဲ့သည်။ အခုက ကိုယ့်မာနခံစားချက်တွေမှ အရေးမကြီးတာ။ 

အခုအချိန်အရေးကြီးနေတာက ထယ်ယောင်းတစ်ယောက်တည်းဘဲကို။

"ဘယ်အချိန်တုံးကတွေ့တာလဲ"

ဖုန်းထုတ်ကာ ထယ်ယောင်းကို ဆက်တိုက်စက်နေပင်မဲ့ ဆက်သွယ်လို့မရပေ။

ညဉ့်နက်နေပြီမို့ကြောင့် ဒီအချိန်အိမ်မှာရှိနေမလား။

"သူ့အိမ်အရင်သွားကြည့်မယ်...ရှိနေရင်တော့ စိတ်မပူရတော့ဘူးပေါ့"

ဂျောင်ကုနဲ့အတူ ထယ်ယောင်းအိမ်ကို သွားခဲ့ပင်မဲ့...ထယ်ယောင်းအမေရဲ့ အပြင်သွားနေတယ်ဆိုတဲ့စကားက ဂျောင်ကုနဲ့ ဂျီမင်တို့နှစ်ယောက်ရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုမျိုး။

"ညနေက ဘယ်သူနဲ့တွေ့လိုက်တာလဲ"

မဖြေသည့် ဂျီမင်ရဲ့ ပုံစံကြောင့် သေချာသလောက်ရှိနေပြီ။ ဟိုတစ်နေ့က ထယ်ယောင်းနဲ့တွေ့လိုက်တဲ့ ကောင်မှဟုတ်ရဲ့လား။

The Legend Of The PastWhere stories live. Discover now