Part 29

2.1K 190 5
                                    

Unicode

အရှင်သည် မင်းသားငယ်ထယ်ယောင်းနည်းတူ နာကျင်နေပင်မဲ့ တည်ငြိမ်စွာပင်။

မင်းသားငယ်ကို သူ၏ ခမည်းတော်နောက်ဆုံးအကြိမ် လိုက်ပို့ခွင့်ပေးခဲ့သလို သူ၏ အမတော်တွေနဲ့လည်း ပေးတွေ့ခဲ့သည်။

အကောင်းဆုံးတွေ မပေးနိုင်ခဲ့လို့...နောင်တရမိပင်မဲ့ ကိုယ်တိုင်ဒီလမ်းကိုသာ ရွေးချယ်ခဲ့တာမို့လို့ နောက်ဆုံးအချိန်အထိ ဒီတိုင်းသာ ဖြစ်နေလိမ့်မည်။

အရှင်သည် မင်းသားငယ်အမြင်တွင် အသည်းမာသည်လို့ ထင်ရပင်မဲ့ အရှင့်၏ ရင်ထဲ၌တော့ ကမ္ဘာပျက်နေသယောင်။

မင်းသားငယ်ပေးထားသည့် မြှားဒဏ်ရာအား သမားတော်က ပတ်တီးလဲပေးနေလေတော့ နန်းဆောင်ထဲ ဝင်လာသည့် မင်းသားငယ်။

အရှင်သည်တစ်ချက်မျှ ကြည့်ပြီး သမားတော်လုပ်သမျှကိုသာ ပြန်ကြည့်လေသည်။

"ပြောစရာရှိတာပြော"

"တောင်းဆိုစရာရှိလို့ပါအရှင်"

"အင်း.."

"အမတော်တွေကို အရင်ကတည်းက စေ့စပ်ကြောင်းလမ်းထားတဲ့ မင်းသားတွေနဲ့ လက်ဆက်ပေးပါ...တစ်ပါးသူတွေကို ပေးရမှာ နှမြောပင်မဲ့ ကျွန်ုပ်ကိုယ်တိုင်တောင် နေစရာမရှိသည့်သူမို့...ပြီးတော့ အမတော်တွေကို ပြည့်ပြည့်စုံစုံဘဲ နေစေချင်တယ်...ခမ်းခမ်းနားနားနဲ့ အမတော်တွေကို လက်ဆက်ပေးပါ...ကျန်တာဘာမှမတောင်းဆိုတော့ပါဘူး"

"ကောင်းပြီ...ကျွန်ုပ်မိသားစုအနေနဲ့ အခမ်းနားဆုံးဖြစ်အောင် လက်ဆက်ပေးမယ်..."

"ကျေးဇူးတင်ပါတယ်အရှင်"

"သင်လည်း သင့်အနေနဲ့ ကြင်ယာတော်တာဝန်ကို ကျေရမယ်...ကျွန်ုပ်ကလည်း ဒီနေ့ကစပြီး သင့်နန်းဆောင်ထဲမှာနေမှာ...ညီလာခံရှိရင် ညီလာခံတက်ရမယ်...တော်ဝင်အရာရှိတွေနဲ့အတူ အစားအစာသုံးဆောင်ရမယ်"

အရှင့်ရဲ့စကားကြောင့် မင်းသားငယ်သည် အရှင့်၏ဆေးထည့်ထားသည့် ဒဏ်ရာကို တစ်ချက်ကြည့်ကာ အရှင့်ကို ပြန်ကြည့်ရင်း

"ကျွန်ုပ်က နုနယ်တဲ့ မိန်းကလေးမဟုတ်ဘူး"

"သင့်ကိုလည်း မိန်းကလေးလို့မသတ်မှတ်ထားပါဘူး...ပထမဆုံးကြင်ယာတော်မို့...ကြင်ယာတော်ရဲ့တာဝန်ကိုလည်း ကျေပွန်ရမယ်"

The Legend Of The PastWhere stories live. Discover now