Part 3

3.4K 290 4
                                    

Unicode

လန့်နှိုးလာသည့် အိမ်မက်...မြင်လိုက်သည်။ ကျွန်တော့် အိမ်မက်ထဲမှာ သူ့ကို

ဂျောင်ကု...ပထမဆုံးပါဘဲ ကျွန်တော့် အိမ်မက်ထဲမှာ ကွင်းကွင်းကွက်ကွက်မြင်လိုက်ရတာ...ကျွန်တော်က ထပ်ပြီး ဂျောင်ကုကို ငေးကြည့်နေတာ...

စားပွဲခုံပေါ်မှာ တင်ထားသည့် ဆေးပုလင်းတွေကို ကြည့်လိုက်သည်။ စိတ်ငြိမ်ဆေးဘဲဖြစ်ဖြစ် အိပ်ဆေးဘဲဖြစ်ဖြစ် မနက်ကျရင် ဖြစ်သမျှတွေကို မေ့သွားမှာတဲ့လား။ မြင်ယောင်နေစဲ ဖြစ်နေမှာက ကျိန်းသေသည်။

ဒါပေမဲ့ အရင်ကလို ခံစားချက်မဟုတ်လေဘဲ။ ကျွန်တော့်ခန္ဓာကိုယ် လန်းဆန်းနေတာ...အချိန်ကြည့်တော့ မိုးလင်းလေတော့မည်။ လက်ပတ်ကြိုးအနီ‌ရောင်လေးကို ဆုပ်ကိုင်မိပြန်သည်။

မင်းကြောင့်များလား။ မင်းကို ဝတ်ဆင်ထားလို့ ငါ့အတွက်နေကောင်းတာလား။ အိတ်ထဲက နောက်တစ်ခုကို ယူရန် ဖွင့်ကြည့်လိုက်တော့ မတွေ့ချေ။ မဟုတ်တာ ကျွန်တော်ကိုယ်တိုင် အိတ်ထဲကို သေသေချာချာ ထည့်သိမ်းထားတာ...

စာအုပ်ကြားတွေလည်း ရှာပင်မဲ့ ကျွန်တော်မတွေ့ပေ။ စိတ်ဓာတ်ကျခြင်းနဲ့အတူ ကုတင်အစွန်းနားဝင်ထိုင်လိုက်ကာ သက်ပြင်းမောချလိုက်သည်။ ဘယ်များရောက်နေတာလား...

ဘယ်သူ့နားများ ညှိတွဲနေတာလည်း...ဖုန်းဖွင့်ကြည့်လိုက်တော့ ဝင်နေကြအတိုင်း ဂျီမင်ရဲ့ စာတိုတွေ။ ဂျီမင်နားရောက်ခဲ့ရင် ကျွန်တော့် ကို အစကတည်းက ပြန်ပေးမှာ‌အသေအချာကို...

ဒါတကယ် တခြားတစ်ယောက်စီ ‌ရောက်နေမိတာလို့ ကျွန်တော် ယုံကြည်နေမိပြန်သည်။ ပိုင်ရှင်မှန် ပြန်ရောက်တာမှန်ပင်မဲ့ ကြိုးနီလေးက ကျွန်တော့် မေးခွန်းတွေထဲက အဖြေတစ်ခု။ 

ကျောင်းသွားချိန်လာသည်အထိ အတွေးထဲ။ ကျွန်တော်တော့ အတွေးတွေနဲ့တင် ရူးမယ်ထင်ပါရဲ့။ တစ်ခုခုဆို တွေးနေတာက မသိရင် ရောဂါသမားလိုဘဲ။ 

ပြင်ဆင်ပြီးကာ ကျောင်းသို့ ဦးတည်လိုက်သည်။ အဆင်ပြေနေတယ်။ လန်းဆန်းနေတယ်။ ဒါပေမဲ့ သူ့ကို မတွေ့ခင်အချိန်အထိဘဲ။ 

The Legend Of The PastWhere stories live. Discover now