Part 18

1.9K 164 2
                                    

Unicode

အထိန်းတော်နားက ယူလာသည့် အစားအသောက်ကို စားပွဲပေါ် တင်လိုက်ပြီး အိပ်ရာတော်ဘက်ကို ကြည့်မိတော့ ဂျောင်ကုအား မတွေ့ပေ။

ပြတင်းပေါက်နားမှာ ရပ်နေသည် ထင်ပါရဲ့။ သက်သာနေပြီမို့ကြောင့် အရပ်သားဂျောင်ကုသည် သွားသွားလာလာ ပြုနိုင်ပေသည်။

နန်းတော်လို့ မပြောဘဲ အိမ်တော်လို့သာ ပြောထားသည်မို့ ဂျောင်ကုသည် သူရောက်နေသည့် နေရာသည်ကား နန်းတော်လို့ မသိပေ။

"ကျွန်ုပ်သင့်အတွက် အစားအစာ ယူလာတယ် အားရှိအောင် စားလိုက်ပါ"

လှည့်ကြည့်လာသည့် မျက်ဝန်းက စူးရှလျက်။ ဂျောင်ကုနားက တကယ်ကို ဘုရင်တစ်ယောက်ရဲ့ အရှိန်အဝါကို ရနေတာ။

ပြုံးလျက် ဂျောင်ကုက ယူလာတာတွေကို စားလေသည်။

"သင်..."

"ကျွန်ုပ်သက်သာနေပြီမို့ ကျွန်ုပ် ပြန်ပါတော့မယ်"

"ဘယ်ပြန်မှာလဲ ဂျောင်ကု... ဖြစ်နိုင်ရင် အဂ္ဂရပြည်ရဲ့ ဘုရင် နန်းတက်ပွဲပြီးမှ သင်သွားမဲ့နေရာကို ခရီးထွက်ပါလား"

စားနေရင်း ဂျောင်ကုက မျက်ခုံးတစ်ချက် ပင့်လျက်ကြည့်လာသည်မို့

"ကျွန်ုပ်ပြောပြတာပါ"

"ကျွန်ုပ်လုပ်စရာတွေ ရှိနေသေးလို့ပါ"

နှမြောတယ်။ သင်ပြန်သွားမှာ ကျွန်ုပ် သိပ်နှမြောမိပါတယ်။ ဒါပေမဲ့ ဘယ်များတတ်နိုင်မလဲ။ ကံသဘောအတိုင်း ကျွန်ုပ်တို့ဟာ ဘဝတစ်ကွေ့မှာ တွေ့ခဲ့တဲ့ ဧည့်သည်တွေလေ။

"သင်ဘာများစဉ်းစားနေသလဲ သခင်"

သခင်...ကျွန်ုပ်ကို ဂျောင်ကုခေါ်ဆိုလိုက်တာက သခင်တဲ့။ 

"ကျွန်ုပ်ဖြင့် ဒီရက်တွေမှာ သင့်ကို သံယောဇဉ်သွယ်မိသွားခဲ့လို့ပါ ဂျောင်ကု ဒါကြောင့် သင်ထွက်သွားရင် ကျွန်ုပ်တော့ မေ့မရတော့မှာ မဟုတ်တော့ပါဘူး"

အလိုလို စကားတွေက ရဲတင်းနေပြန်သည်။ ဆွဲထားလို့ ရငှာ ပြောဆိုခဲ့ခြင်း ဖြစ်ပေသည်။

"ကျွန်ုပ်လည်း သင့်ကိုမမေ့ပါဘူး သခင်"

စကားပြောနေရင်း အိပ်ဆောင်ထဲကို အလောတကြီးဝင်လာသည့် အထိန်းတော်...

The Legend Of The PastWhere stories live. Discover now