Unicode
လက်ရှိပစ္စုပ္ပန်ကာလ
ရေအောက်ထဲတွင် ပွင့်လာသည့် မျက်ဝန်း။
အောက်ဆီဂျင်လိုအပ်လာပြီး အသက်ရှူမရတော့တာကြောင့် ရေပေါ်သို့ အမြန်ကူးတတ်မိလာသည်။
ထို့နောက် သဲပြင်ပေါ်သို့ ရအောင်တက်လာကာ ထိုသဲပြင်ပေါ်၌ မောပန်းစွာ လဲချမိသည်။ နေထွက်စ အချိန်။ ပင်လယ်ရေကြောင့် အေးနေသော်လည်း ချမ်းနေသော်လည်း အေးစိမ့်မှုတွေကို သူ၏ အတွေးထဲတွင်မရှိပေ။
ခေါင်းထဲတွင် မျက်ဝန်းထဲတွင် ပြန်မြင်လာသည့် ပုံရိပ်တွေ။ နားထဲပြန်လည် ရိုက်ခတ်နေသည့် စကားသံတွေ။
ဝမ်းနည်းလွန်းစွာဖြင့် ကျဆင်းလာသည့် မျက်ရည်စတွေ။ နောက်ဆုံးတော့ သိချင်ခဲ့တဲ့ အဖြေကို ရခဲ့လေပြီ။
နှစ်ပေါင်းများစွာ ဒုက္ခပေးနေသည့် အိမ်မက်တွေရဲ့ အဖြေကို မြင်ခဲ့လေပြီ။
နာကျင်စရာဖြစ်ရပ်တွေက ကျွန်တော့်အတွက် တကယ်ကို မယုံနိုင်ခြင်းတွေနဲ့အတူ။
နားထဲမှာ ထပ်တလဲလဲ ကြားခဲ့ရသည့် 'အရှင်'ဆိုသည့် နာမ်စားပိုင်ရှင်က ဂျောင်ကုတဲ့လား။
အကြောင်းအရင်းမရှိ မုန်းတီးနေမိသည့် ဂျောင်ကုက အရင်ဘဝက သေလောက်အောင် ချစ်ခဲ့တဲ့ အရှင်တဲ့လား။
နာကျင်စွာဖြင့် ကိုယ့်ခေါင်းကို ရိုက်ရင်း အော်ငိုမိသည်။
ထွက်ပြေးချင်မိသည်။ ထွက်ပြေးချင်နေပင်မဲ့ အရာအားလုံးဟာ ဒီအတိုင်းပြီးဆုံးသွားမှာတဲ့လား။
တကယ်ဆိုလည်း အရှင်က သေဆုံးခဲ့မှာမှ မဟုတ်တာ။ ကျွန်တော့်ကို မင်းသားငယ်ကို ဒီတိုင်းဖက်သွယ်ခဲ့တာ။ သေဆုံးခြင်းကို အဲ့လိုနဲ့ အတူတူရင်ဝယ်ပိုက်ခဲ့တာ။
အရာအားလုံး နားလည်ခြင်းတွေနဲ့အတူ ထပ်ပြီးသိလိုက်ရတာက အရှင်သည် မင်းသားကို ချစ်ခဲ့သည်။ ဒါပေမဲ့ အချစ်တွေကို ထုတ်ဖော်မပြခဲ့တာ။ အရှင်က ချစ်ခဲ့တယ်...ဂျောင်ကုကလေ ကျွန်တော့်ကိုချစ်ခဲ့တယ်။
နောင်တလား။ ဘာမှလည်း မသိတော့ဘူး။ နာကျင်ခြင်းတွေလား။ သေလောက်အောင် နာသည်။
YOU ARE READING
The Legend Of The Past
Fanfictionအတိတ်ရဲ့ ဖြစ်ရပ်တစ်ချို့မှာ ငါဟာမင်းကို စိတ်ထဲမှာ မုန်းတီးနေတုံးဘဲ သို့သော် ငါ့နှလုံးသားကတော့မင်းကိုသိပ်ချစ်သည်။ Jeon Jungkook♡Kim Taehyung♡Park Jimin Written By Ah_Moe? ?