Part 24

2K 188 7
                                    

Unicode

နေထွက်မို့လို့...အရာအားလုံးက သာယာနေပေသည်။ နန်းတော်ရှေ့၌ ရဲမတ်တစ်ချို့နှင့် အရှင်ရယ်...အိမ်ရှေ့စံဂျီမင်းက မင်းသားငယ်ထယ်ယောင်းအား စောင့်ဆိုင်းနေကြလေသည်။

တကယ်ဆို အမဲလိုက်ခြင်းသည် ဘုရင်တွေအလုပ်သာ။ သို့သော် မင်းသားငယ်ထယ်ယောင်းကို အရှင်သည် တစ်ခါမျှ မိန်းကလေးဟု မတွေးခြင်းကို သက်သေပြခြင်းတစ်ကြောင်း...သားကောင်ဖမ်းခိုင်းရန်တစ်ကြောင်း ဖြစ်ပေသည်။

နန်းတော်ထဲက ထွက်လာတော့ အားလုံးဟာ မြင်းကိုယ်စီဖြင့်။ တကယ်ဆို တခြားတိုင်းပြည်မှာနေရင်တောင် ကိုယ့်ရဲ့ကိုယ်ပိုင်မြင်းတွေနဲ့ဘဲမလား။

အရှင်သည် ရပ်နေသည့်ရဲမတ်တစ်ဦးကို မှေးဆတ်ပြလိုက်တော့ ဦးညွှတ်ကာ ထွက်သွားရင်း ပြန်လာလေတော့ မြင်းတစ်ကောင်ကို ကိုင်ဆောင်ကာ။

ထိုမြင်းဟာ မင်းသားငယ်ထယ်ယောင်း၏ မြင်းဖြူလေးဖြစ်ပေသည်။

မင်းသားငယ်သည် ပျော်ရွှင်သွားကာ အလွှမ်းမျက်ရည်တွေဖြင့် ထိုမြင်းဖြူလေးအား ဖက်လိုက်သည်။

ဘုရင်တွေ...မင်းသားတွေအတွက် မြင်းဆိုတာက သူငယ်ချင်းကောင်း...အဖိုးအတန်ဆုံးမလား။ အန္တရာယ်တစ်စုံတစ်ခုကျရောက်ရင်တောင် မြင်းကို အရင်ဆုံးကာကွယ်ကြတာဖြစ်ပေသည်။

မြင်းဖြူလေးရဲ့ နဖူးစပ်ကို နမ်းရှိုက်လိုက်သည်။ တကယ် လွမ်းနေခဲ့တာ။

နာကျင်လွန်းတဲ့ အချစ်တစ်ခုတည်းကိုသာ ကြည့်နေမိတဲ့ မင်းသားငယ်။

မင်းသားငယ်အပေါ် တန်ဖိုးရှိသည့် အရာအားလုံးကို မင်းသားငယ်သည် နာကျင်ရဲ့နဲ့ မျက်ကွယ်ပြုခဲ့ပါသည်။

အဲ့တာမို့ကြောင့် အရာအားလုံးအား မင်းသားငယ်ထယ်ယောင်းသည် လွမ်းဆွတ်မိပါသည်။

အရှင့်၏ စစ်သူကြီးသည် လေးနဲ့မြှားကို ကိုင်ကာ မင်းသားငယ်ထယ်ယောင်းအား ပေးလေသည်။ ဒါပေမဲ့ ပေးသည့် လေးနဲ့မြှားက မင်းသားငယ်ထယ်ယောင်း၏ ပိုင်ဆိုင်သည့် လေးနဲ့မြှားမှ မဟုတ်တာ။

The Legend Of The PastWhere stories live. Discover now