Part 7

2.5K 209 6
                                    

Unicode

ခြောက်လန့်နေသည့် အိမ်မက်...နားလည်ရခက်သည့် ဘေးနားက လူတွေ။ ကျွန်တော် အဖြေရှာနေခဲ့တုံးပါဘဲ။ ကျွန်တော့် အဖြေတစ်ချို့အား တွေရှိခဲ့သည်မှာ ထိုအိမ်မက်၏ တစ်ပိုင်းတစ်စ။

'လွန်ခဲ့သည့် နှစ်ပေါင်း 900 ခန့် သို့....

သိပ်ကိုလှပသည့် အဂ္ဂတိုင်းပြည်ကြီးတစ်ခုရှိခဲ့သည်။ မွန်မြတ်လှသည့် ဘုရင်ကြီးနှင့် ကြင်နာလွန်းသည့် မိဖုရားခေါင်ကြီးကြောင့် တိုင်းပြည့်တွင်း၌ ဧည့်သည်တော်တွေ အပါအဝင် ပြည်သူတွေပါ သိပ်ကို ပျော်ရွှင်ခဲ့သည်။

မိဖုရား အငယ်တွေမှာ သမီး‌တော်တွေ ချည်းသာ ထွန်းကားခဲ့သည်။ သို့သော် ထိုအကြောင်းအရင်းကြောင့် မိဖုရားခေါင်ကြီးကို စိုးရိမ်စေခဲ့ပြန်သည်။ အကြောင်းသည်ကား ဆက်ခံသူ သားတော်ကိုသာ ဘုရင်ကြီးက မက်မောနေခြင်းကြောင့် မိဖုရားခေါင်ကြီးသည် သမီးတော် ထွန်းကားခဲ့မှာ သိပ်ကို အစိုးရိမ်ကြီးခဲ့ပါသည်။

လက်သည်နဲ့ အတူ စမ်းသပ်မိပြန်တော့ ကလေးက ခြူချာနိုင်သည်စကားတော်ကြောင့် မိဖုရားခေါင်ကြီးရဲ့ ဝမ်းနည်းပူဆွေးမှုက ပိုလာခဲ့သည်။ စိတ်ဓာတ်ကျခြင်းနဲ့အတူ ထိခိုက်လာသည်ကား ကျန်းမာရေးပင်။ တိုင်းပြည်တိုင်းရှိ သမားတော်မြောက်များစွာကို ပင့်ကာ ကုသခဲ့ပင်မဲ့ ထူးခြားလာခြင်းကား မရှိခဲ့ပေ။

တိုင်းပြည်အရေး...မိဖုရားခေါင်ကြီးရဲ့ ကျန်းမာရေးအရေးကြောင့် ဘုရင်ကြီးမှာ သိပ်ကို အပူများခဲ့သည်။ ပြည်သူတို့ရဲ့ ဆုတောင်းမှူတွေ....များစွာ ပြုလုပ်ခဲ့သည့် ပူဇော်ပွဲတွေ...

ဘုရားသခင်က လက်မခံခဲ့သည့်အပြင် ထပ်ပြီးသာ ပြစ်ဒဏ်ချခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကလေးသာ မွေးခဲ့ရင် မိဖုရားခေါင်ကြီး နတ်ရွာစံနိုင်ပါတယ်ဆိုတဲ့စကားကြောင့် ပြည်သူတွေ အပါအဝင် ဘုရင်ကြီးပါ အိပ်ရာပေါ်၌ လဲလျောင်းနေသည့် မိဖုရားခေါင်ကြီးက ပိန်လှီခြောက်ကပ်နေသည့် လက်သေးသေးလေးကို ကိုင်ကာ ငိုကြွေးခဲ့သည်။

စစ်ပွဲတွေမြောက်များစွာကို ဦးဆောင်ခဲ့သူ...‌‌ရွှေဓားကြီးကို ကိုင်ကာ တပ်သားတွေကို ဦးဆောင်ရင်း ရန်သူမြောက်များစွာကို ရဲရင့်စွာ သတ်ဖြတ်ခဲ့သည့် ဘုရင်သည်ကား မိဖုရားခေါင်၏ ဘေးနားမှာ ငိုကြွေးခဲ့သည်။

The Legend Of The PastWhere stories live. Discover now