Part 30

2.3K 197 8
                                    

Unicode

တစ်ဖက်အိမ်နီးနားချင်း တိုင်းပြည်တွေ သိမ်းပိုက်ခံနေရသည်တဲ့။ အရှင့်ထံ အကူအညီတောင်းသည့် သဝဏ်လွှာတစ်ချို့ ရောက်လာသည်။

အရှင်သည် ဖြောင့်မတ်မှန်ကန်မှုကြောင့် ထိုတိုင်းပြည်ငယ်လေးများကို ကူညီရန်ဆုံးဖြတ်လိုက်သည်။ 

ထို့ကြောင့် ဒီရက်ပိုင်း အရှင်နှင့် တပ်သားအလုံအလောက်သည် စစ်ကူရန်အတွက် တစ်ဖက်နိုင်ငံငယ်လေးသို့ ဦးတည်ရန် ဖြစ်ပေသည်။

သံချပ်ဝတ်စုံကို ဝတ်ပေးလေတော့ အရှင်သည် စိုက်ကြည့်လာလေသည်။ အရှင့်အတွက် အသေးစိတ်က ဘာဘဲလုပ်လုပ် လိုက်ကူညီလုပ်ဆောင်ပေးရမှာက ကြင်ယာရာတော်တွေ မိဖုရားတွေရဲ့ အလုပ်မို့ မင်းသားငယ်သည် အရှင်နှင့် ပတ်သတ်တာမှန်သမျှ အကုန်ကူညီပေးလေသည်။

ထို့နောက်တွင် သိမ်းရံထားသည့် လက်ပတ်ကြိုးအနီလေးကို ထုတ်ကာ အရှင့်လက်၌ ဝတ်ဆင်ပေးလိုက်သည်။

အရှင်သည် မည်သို့မှ ငြင်းဆိုခြင်းမပြုပေ။ ဝတ်ပေးသည်ကို ငြိမ်ခံလေသည်။

"ကျွန်ုပ်မရှိချိန် နန်းတော်ကို ဂရုစိုက်..."

အရှင်သည် ဂရုစိုက်ပါလို့တောင် မပြောလေဘူးလား။

"သင်မုန်းတီးတဲ့ ကျွန်ုပ်က စောင့်မျှော်နေမှာမို့ အမြန်ပြန်လာခဲ့ပါ... မဟုတ်ရင် သင့်နောက်ကို ကျွန်ုပ်လိုက်လာရမလား"

"ကျွန်ုပ်မရှိချိန် သင်က အာဒက်မှာ ဘုရင်ဘဲ...ဒါကြောင့်မို့ အာဒက်ကို စောင့်ရှောက်ပေး...အမြန်ဆုံး ပြန်လာမယ်လို့ ကတိပေးပါတယ်"

အရှင်၏ စကားလုံးတိုင်းသည် ပြတ်သားသည်။ သိပါတယ်...လက်ဆက်ထားသည့် ကြင်ယာတော်မို့ အရှင်သည် တာဝန်အရ အစစအရာရာ လုပ်ပေးနေသည်ဆိုတာ

ဘယ်တတ်နိုင်ပါ့မလဲ...အရှင့်ကို မက်မောနေမိခဲ့တာကို။

အရှင်သည် ထွက်ရန်ရန်ပြင်ပြီး တံခါးပေါက်၌ ရောက်ကာ...လှည့်ကြည့်လျက်

"သင်လည်း သင့်ကိုသင် ဂရုစိုက်...ကြင်ယာတော်...သင်က ကျွန်ုပ်ပိုင်ဆိုင်မှုမို့လို့ အထိအခိုက်ခံလို့မရဘူးဆိုတာ ခေါင်းထဲမှတ်ထား..."

The Legend Of The PastWhere stories live. Discover now