Part 6

2.7K 231 15
                                    

Unicode

"အဆင်ပြေအောင် ကိုယ်တို့ အိပ်ငွေ့ချကြည့်မလား"

ဆေးခန်းရောက်နေခြင်းဖြစ်သည်။ ‌ ဒေါက်တာလီက အမြဲမစမ်းသပ်ခင် ကျွန်တော့်ကို အဆင်ပြေလား မပြေလားဆိုတာ မေးလေ့ရှိတာ ထုံးစံတစ်ခုလိုမျိုး။

"ဆေးဘဲသောက်မယ်"

"ဟုတ်ပါပြီ ကိုယ်ပေးတဲ့ ဆေးတွေ ပုံမှန်သောက်နော် အဲ့တာ စိတ်အခြေအနေ သက်သာမှာ"

"အင်း"

ထို့နောက် ဒေါက်တာလီက ဆေးမရေးပေးဘဲ သူကိုယ်တိုင် ကျွန်တော် သောက်ရမည့် ဆေးတွေကို သေချာရွေးထည့်ပေးသည်။

ဆေးဗူးလိမ္မော်ရောင်က စိတ်ငြိမ်ဆေးဆိုပင်မဲ့ ကျွန်တော့် ကိုမသက်သာစေတာ ဘယ်သူသိမှာလည်း။ အဆင်မပြေလည်း အဆင်ပြေချင်ယောင်ဆောင်နေတာ အကျင့်တစ်ခုလိုဖြစ်နေလေပြီ။

ထည့်ပေးလိုက်သည့် ဆေးဗူးတွေကို လှမ်းယူလိုက်သည်။ ထို့နောက်တွင် ဒေါက်တာလီက ကျွန်တော့်ကို တစ်ချက်ကြည့်ကာ

"အိပ်ငွေ့ချဖို့ အဆင်သင့်ဖြစ်ရင် ကိုယ့်ကိုပြောပါ"

"အင်း ‌‌ဒေါက်တာ ကျွန်တော့်ကို ခွင့်ပြုပါအုံး"

"ဂရုစိုက်သွားပါ"

ဆေးတွေကို ကျွန်တော့်ရဲ့ အညိုရောင်လည်သာ အိတ်ထဲကို ထည့်လိုက်ကာ ဆေခန်းထဲမှ ထွက်လာခဲ့သည်။ ပိုးသတ်ဆေးနံ့မကြိုက်တဲ့ ကျွန်‌တော့်အတွက် အပြင်ရောက်မှ လန်းဆန်းသွားသလို ခံစားမိပြန်သည်။

ကားကို ရပ်ခဲ့တာက တစ်ဖက်လမ်းမှာ။ ဆေးခန်းရက်ချိန်းမို့ကြောင့် လိုက်မပိုခိုင်းဘဲ ကိုယ်တိုင် ကားမောင်းလာခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်လမ်းကို ကူးရင်း လည်သာအိတ်ထဲက ကားသော့ကို ထုတ်နေမိသည်။ လမ်းက ရှင်းနေသည်မို့ကြောင့် တစ်ခုခုဖြစ်မှာကို မတွေးမိ။ ‌ကြီးလွန်းသည့် ကားလမ်းကို ထက်ကို လမ်းကူး‌နေမိတော့ အရှိန်နှင့် ဝင်လာသည့် ကားအနက်တစ်စီး။ လူက ရုတ်တရက်ဆိုသလို ကြောင်သွားကာ ထိုနေရာမျက်လုံးမှိတ်ကာ ရပ်တန့်မိသည်။

ကျွန်တော် သေတော့မှာလား‌အတွေးက ခေါင်းထဲမှာ အလီကျက်မှတ်သလို ပေါ်လာသည်။ 

The Legend Of The PastWhere stories live. Discover now