Part 11

2.3K 194 11
                                    

Unicode

ကျွန်တော်နဲ့ ဂျီမင်တွဲတာ 3 ရက်မြောက်နေ့။ အချစ်ခံရတယ်။ ဂရုစိုက်ခံရတယ်။ သူများတွေတောင် မနာလိုတဲ့အထိပေါ့။ မတွေ့ချင်သည့် ဂျောင်ကုကလည်း ကျွန်တော့်ကို ပြန်ရှောင်ပြယ်နေပြန်သည်။ ဤအရာဟာ ကောင်းသည့်အချက်ပင် မဟုတ်လား။ ဒီထက်မကကို ဂျောင်ကုနဲ့ ဝေးဝေးနေချင်တာ ဖြစ်သည်။

ဆရာတွေက ကမ်းခြေသန့်ရှင်းရေး။ အမှိုက်ကောက်ရေး အားလုံးကို တစ်ပြေးညီလုပ်ခိုင်းသည်။ အခုသည် ကျောင်းသားတွေအတွက် လွတ်လပ်ခွင့်ကို ထပ်ပေးသည်။ မပြန်ခင် နှစ်ရက် အားလုံးကိုယ်စီ ပျော်ကြဖို့ပင်။

ကမ်းခြေဘက်ကို တစ်ယောက်တည်း ထွက်လာမိတော့ မိန်းကလေးတစ်ယောက်၏ ခါးကို ဖက်သွယ်ကာ ပါတီ၌ ယိမ်းကနေသည့် ဂျောင်ကုကိုတွေ့မိလေသည်။ အဲ့လိုမျိုးနဲ့များ ချစ်တယ်လို့ လာပြောနေသေးတယ်။

ကျွန်တော့်ကို မြင်လေတော့ ကောင်မလေးရဲ့ ခါးကိုတင်းကျပ်စွာဖက်လိုက်ရင်း ရင်ဘတ်ချင်းအပ်လိုက်လေသည်။

အဓိပ္ပာယ်က ကျွန်တော့်ကို ရွဲ့တာပေါ့။ တစ်ချက်သာ ကြည့်ပြီး ဘားရှိရာသို့သာ ဦးတည်လိုက်သည်။ မင်းဒီလိုလုပ်လေ ငါက စိတ်မဝင်စားလေဘဲ ဂျောင်ကုရယ်။

"ပန်းသီးဖျော်ရည်ဘဲ ပေး"

ထိုင်လိုက်ရင်း မှာလိုက်မိသည်။ 

"တိုက်ဆိုင်လိုက်တာ မင်းက ပန်းသီးဖျော်ရည်ကြိုက်တာလား"

ဘေးနားက အသံကြောင့် လှည့်ကြည့်မိလိုက်တော့ သန့်သန့်ပြန့်ပြန့်နှင့် လူတစ်ယောက် 

ကျွန်တော့်ထက်တော့ နည်းနည်းထွားသလို နည်းနည်းလည်း အရပ်ရှည်သည်။

"ကိုယ်လည်း ပန်းသီးဖျော်ရည်ပိုကြိုက်တာ..."

ထိုလူက ပြောနေပင်မဲ့ သူ့လက်ထဲမှာက ဘရန်ဒီအရက်ခွက်။

အရေးမလုပ်ဘဲ ပန်းသီးဖျော်ရည်ခွက်ကို လှမ်းယူလိုက်သည်။ ထို့နောက်တွင် ထိုလူက

"ရိုင်းလိုက်တာ ကိုယ်ဒီလောက် စကားတွေ တစ်ထွေကြီးပြောနေပင်မဲ့ အရေးမလုပ်ခံရဘူးဘဲ"

The Legend Of The PastWhere stories live. Discover now