Part 21

1.8K 167 2
                                    

Unicode

ရေချိုးပြီးလေတော့ ရံရွေတော်တွေထုတ်ပေးထားသည့် ဝတ်ရုံကို ဝတ်လိုက်သည်။

ထို့နောက်တွင် အိပ်ရာတော်ပေါ်တွင်ထိုင်ကာ အရာတွေထင်နေပြီး နီရဲနေသည့် ခြေထောက်နဲ့လက်ကို ကိုင်ကြည့်မိသည်။

အရိုးထဲအထိကပါ နာနေသည်မို့ အနည်းငယ်တော့ နေရခက်ပေသည်။

လွမ်းသည်။ ခမည်းတော်နဲ့ အမတော်တွေကို သိပ်လွမ်းမိပါသည်။ ဘာလုပ်လုပ် ဘယ်လိုဆိုးဆိုး တစ်စက်မျှ မငြိုငြင်တတ်တဲ့ အထိန်းတော်ကို လွမ်းပါသည်။

အိပ်ဆောင်ထဲသို့ ဝင်လာသည့် အမျိုးသမီး။

 ဇာဝတ်စုံ အမဲရောင်လေးကို ဝတ်ဆင်ထားသည်မှာ သိပ်ကို ကျက်သရေရှိလှပါသည်။ ဆံသားကောက်ကောက်လေးတွေက ရူပ်ပွမနေနဲ့...ဒီတိုင်းချထားတာတောင် လှနေတာမျိုး။

"တွေ့ရတာ ဝမ်းသားပါတယ် ကြင်ယာတော်"

မတ်တပ်ထရပ်လိုက်ကာ သူမကို ဦးညွှတ်မည်လုပ်တော့...

"အို...ထိုင်ပါ ကြင်ယာတော်...ကျွန်ုပ်ကို လန့်အောင်သိပ်လုပ်တာဘဲ...ကျွန်ုပ်က ကချေသည်တစ်ယောက်ပါ...မျိုးရိုးနိမ့်အဆင့်အတန်းကမို့ ကျွန်ုပ်က ဦးညွှတ်ရမှာပါ ကြင်ယာတော်ရဲ့"

"ကျွန်ုပ်အတွက် လူတစ်ယောက်မှာ အဆင့်အတန်း မြင့်သည် နိမ့်သည် မရှိပါဘူး"

"ကျွန်ုပ်နာမည်က အာနူးပါ...နန်းတွင်းကချေသည်ပါ"

အမတော်အာနူးရဲ့ စကားကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။

"ရေချိုးပြီးပြီဆိုတော့ သင့်ရဲ့ဒဏ်ရာတွေ ကျွန်ုပ်ဆေးလိမ်းပေးမယ်နော်"

အာနူးရဲ့ အပြောကြောင့် နောက်မှာပါလာသည့် ရံရွေတော်က ဆေးခွက်လေးပေးလေသည်။

ထို့နောက်တွင် အနည်းငယ်ယူကာ မင်းသားငယ်ထယ်ယောင်း၏ လက်လေးအား အသာအယာကိုင်ကာ ဖြည်းဖြည်းချင်းလိမ်းပေးလေသည်။

"အရှင်မင်းကြီးအစား ကျွန်ုပ်ကပါ တောင်းပန်ပါတယ်...သိပါတယ် အရာအားလုံးက သင့်အတွက်မတရားဘူးဆိုတာ"

The Legend Of The PastWhere stories live. Discover now