Part 26

2.1K 180 16
                                    

Unicode

အသာအယာဆုံးက မနက်ခင်းတဲ့။ မျက်လုံးကို ညင်သာစွာ ဖွင့်မိတော့ ပြတင်းပေါက်က နေရောင်ခြည်က နေရာယူထားလေသည်။ 

တင်းကျပ်စွာ ဖက်သွယ်ခံထားရသည်မို့ အသိစိတ်သည် အိပ်ရာတော်ဘေးတစ်ဖက်ကို ရောက်သွားလေသည်။

ခေါင်းကိုဖြည်းညင်းစွာ လှည့်လိုက်တော့ နီးကပ်လွန်းသည့် အရှင့်မျက်နှာ။ ခုန်မြည်နေသည့် ရင်ဘတ်ကြောင့် စက်တော်ခေါ်နေသည့် အရှင်တောင်နိုးသွားလေမလား။

မနေ့ညက တစ်ညလုံး အရှင်သည် မိဖုရားခေါင်နူးရ်သည် အိပ်ဆောင်မှာမအိပ်လေဘဲ မင်းသားငယ်၏ အိပ်ဆောင်မှာ လာအိပ်လေသတဲ့လား။

သာယာတဲ့မနက်ခင်းလေးမှာ အရှင်နဲ့အတူ နိုးထရသည်ကို ကြည်နူးလျက်ပြုံးနေမိသည်။ နူးညံ့ခြင်းမရှိသည့် အရှင်သည် မင်းသားငယ်ကို ဖက်ထားလေသည်။

ခါးမှာဖက်ထားသည့် အရှင့်လက်ကို နူးညံ့စွာ ဖယ်လိုက်ရင်း အရှင်၏ နဖူးကို နမ်းရှိုက်လိုက်သည်။ 

နဖူးကို နမ်းရှိုက်ခြင်းက မြတ်နိုးခြင်းတဲ့။ အရှင့်ကို အသက်ထက် မြတ်နိုးမိတာပါ။ အရာအားလုံးထက် မြတ်နိုးမိတာပါ။

လူတွေဟာ အချစ်နဲ့ပတ်သတ်ရင် မျက်ကန်းတစ်ယောက်လိုပါဘဲတဲ့။ ထိုစကားအား မင်းသားငယ်ထယ်ယောင်း ယုံကြည်မိပါသည်။

အရှင့်ကို မေတ္တာသက်ဝင်မိကတည်းက မျက်ကန်းတစ်ယောက်ဖြစ်နေခဲ့တာပါ။

အဖြူရောင်ဖဲသားစောင်ကို အရှင့်အား လွှမ်းခြုံပေးလိုက်ရင်း အိပ်ရာတော်ထက်မှ ထလိုက်သည်။ ခိုးနမ်းခဲ့တာကို အရှင်သိရင် အပြစ်ပေးလေမလား။

ဝတ်ထားသည့် ညအိပ်ဝတ်စုံအဖြူလေးကို ချွတ်ကာ ရေချိုးသန့်စင်ရန် ပြင်ဆင်လိုက်သည်။ အရင်ဆို အရှင်သည် အိပ်စက်ရင်တောင် မိုးမလင်းခင် ထသွားတတ်တာများသည်။

မနက်နိုးထသည့်အချိန်ဆို အရှင့်အား မတွေ့တော့ပင်။ တစ်ခါတစ်လေ အရှင်လာတယ်လို့ စိတ်ကထင်နေပင်မဲ့ တကယ်တမ်းဘေးနားမှာ ရှိမနေပေ။ 

သို့ပင်မဲ့ အိမ်မက်ထဲမှာတော့ အရှင်သည် မင်းသားငယ်ကို ဖက်ထားလျက် အိပ်စက်နေသည်ဟု မြင်ယောင်နေမိသည်။

The Legend Of The PastWhere stories live. Discover now