Final

3.6K 131 10
                                    

Unicode

မူးဝေနေသည့် ခေါင်း။ မျက်ဝန်းဟာ တစ်ဖြည်းဖြည်း ဖွင့်လာမိသည်။ စိမ်းသက်နေသည့် နေရာတစ်ခု။ အခန်းတစ်ခုတည်းဘဲ။ 

ဖြည်းဖြည်းချင်းထထိုင်မိလိုက်တော့ ကျွန်တော့်ကိုထိန်းကိုင်လာပေးသည့် ဂျီမင်း။

"ဂျီမင်း"

"ကောင်းကောင်းနိုးလာပြီဘဲ...ဆေးဒဏ်ကြောင့် ခေါင်းကိုက်နေမယ်ထင်တယ်"

"ငါဘယ်ရောက်နေတာလဲ...အာဒက်ကနေ ဘယ်ကိုပြန်ခေါ်လာတာလဲ...ဂျောင်ကုကော"

"အာဒက်လား...အာဒက်က တကယ်မှမရှိတော့တာ ထယ်ယောင်း"

ကျွန်တော့်အတွက် အံ့ဩခြင်းတစ်ခုဖြစ်သွားသည်။ ဂျီမင်းပြောနေသည်မှာလည်း နောက်ပြောင်နေသည့်ပုံ ပေါက်မနေဘူး။

"ငါတို့ ရှိနေခဲ့တဲ့ နေရာလေ...ဂျီမင်းငါ့ကိုရူးအောင်မလုပ်စမ်းပါနဲ့"

"လက်ရှ်ဖန်တီထားတာ...အဲ့တာက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာအရာတစ်ခုက အခုချိန်မှာတကယ်ရှိနေတော့မှာမဟုတ်ဘူး...လက်ရှ်ရဲ့ လှည့်ကွက်တစ်ခုပါ...အာဒက်က လုံးဝပျောက်ကွယ်ခဲ့ပြီးသား...စိတ်ထိန်းပါ...မင်းသားငယ်က မပျော့ညံ့ဘူးလေ"

"မင်းသားငယ်...ဂျီမင်း မဟုတ်မှ မင်းကလည်း..."

ဂျီမင်းက စားပွဲပေါ်မှာ တင်ထားသည့် ရေကိုမော့သောက်လိုက်ပြီး ကျွန်တော့်ကို ပြန်ကြည့်လာသည်။

"အတိတ်ကို သတိရနေခဲ့တဲ့ သူမို့ ငါနဲ့ပတ်သတ်ခဲ့တဲ့သူတွေကို လိုက်ရှာခဲ့တယ်...ဂျောင်ကု...ပြီးတော့ မင်းလေ။ ငါက မင်းနဲ့ရင်းနှီးအောင်နေခဲ့ပြီး ကျောင်းအတူတက်သည်အထိပေါ့ထယ်ယောင်း...မင်းနဲ့အတူရှိနိုင်အောင် ငါကြိုးစားခဲ့ယုံပါ။ တိုက်ဆိုင်စွာနဲ့ ငါတို့ဂျောင်ကုနဲ့ ကျောင်းတူခဲ့သလို ငါနဲ့မေဂျာပါ တူညီနေခဲ့တယ်။ အဲ့နေ့ မင်းနဲ့ ဂျောင်ကု တိုက်မိခဲ့တာလေ။ ဂျောင်ကုကို မြင်လိုက်ရတာက ငါ့အတွက် အံ့ဩခြင်းတစ်ခုလိုဘဲ နောက်ဆုံး မင်းကိုယ်မင်း ဝေခွဲမရဖြစ်နေခဲ့တာတွေ။ ပြီးတော့ အတိတ်ကို သတိရချက် မရတစ်ချက် သိလိုက်ရတာက ထယ်ယောင်း မင်းကအတိတ်ကို သေချာပေါက် ပြန်မှတ်မိနိုင်လာမယ်ဆိုတာကိုလေ"

The Legend Of The PastWhere stories live. Discover now