Part 2

4.6K 397 11
                                    

Unicode

ဘေးနားက ဂျီဟွန်က လက်ကို ဆေးလိမ်း‌ပေးနေလေသည်။ မျက်ဝန်း‌ထဲကော အတွေးထဲကကော နှလုံးသားထဲကကော မြင်‌ယောင်နေတာက မုန်းတီးခြင်းတွေ ပြည့်နေသည့် အညိုရောင် မျက်ဝန်း။

တစ်ခါမှ မတွေ့ခဲ့ဖူးပင်မဲ့ ကျွန်တော့်အတွက် သိပ်ကို ရင်းနှီးနေလေတာ။

"စေတနာရှင်ကြီးအတွက် ပြီးပါပြီ"

"ကျေးဇူး"

ဆေးလိမ်းပြီး ပတ်တီးပတ်ပေးထားသည့် လက်မောင်းကို တစ်ချက်ကိုင်လိုက်သည်။ ဘယ်အရာမှ စဉ်းစားလို့မရတာက အခုအချိန်မှာ အားနည်းချက်တစ်ခုလိုဖြစ်နေသည်လို့ ထင်မိသည်အထိ။

စူးစမ်းချင်သည်။ ပတ်သတ်ချင်သည်။ ထိုအမုန်းမျက်ဝန်းတွေကို ငေးကြည့်ချင်တယ်။ စိတ်စေရာထက် ဤအရာဟာ နှလုံးသားစေရာ...

"မင်းစိတ်ဝင်စားသွားပြီလို့တော့ မပြောနဲ့နော် ဂျောင်ကု လက်ရှိမင်းကို ကြည့်တာနဲ့ သိသာတယ် မင်းသူ့အကြောင်းပြန်တွေးနေတာမလား"

"အင်း ငါ့ဘက်က ဘယ်လိုဘဲဖြစ်ဖြစ် သူကတော့ ငါ့ကို ထထိုးချင်နေတဲ့ပုံဘဲ"

"မင်းကို အကြောင်းအရင်းမရှိ မုန်း‌နေတာတော့ ငါဖြင့် စဉ်းစားမရဘူး"

ဂျီဟွန်ပြောမှ ကျွန်တော့်အတွက် သင်္ချာပုစ္ဆာတစ်ခု... လူတစ်ယောက်ကို ရင်းနှီးနေသလို ခံစားရတာ...တစ်ခါမှ မမြင်ဖူးဘဲနဲ့ ရင်းနှီးနေတာ အဲ့တာ အတိတ်မှာ ပတ်သတ်မှု ရှိခဲ့တယ်လို့ ရှေးလူကြီးတွေက ပြောကြတယ်။

မင်းက ကိုယ်ရှာဖွေနေခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေမလား ထယ်ယောင်း

ဘယ်အရာမှ မမူပြန်တော့ဘူး။ အတွေးထဲမှာ ထယ်ယောင်း ‌ထယ်ယောင်းဆိုပြီး လည်ပတ်နေသလိုမျိုး။ သိပ်သိချင်တယ် ဘာများလည်းဆိုတာ....

ခက်ခဲလွန်းနေပြန်သည်။ ပုံရိပ်တွေ ပုံရိပ်တွေ မြင်နေပင်မဲ့ ဘယ်သူဘယ်ဝါမှန်း မျက်မြင်တိကျစွာ မမြင်နိုင်ပြန်ဘူး။ တစ်ခုခုဆိုတာလည်း အတိအကျသိနေပြန်တယ်။

ဒီနေ့ မင်းကြောင့် ဖြစ်လာတဲ့ ပုံရိပ်တွေ...လက်ထဲမှာ ဆုပ်ကိုင်ထားသည့် အနီရောင်လက်ပတ်ကြိုးလေးတစ်ခု

The Legend Of The PastWhere stories live. Discover now