Part 8

2.2K 205 1
                                    

Unicode

ကျောင်းကားရှေ့မှာ စောင့်နေမိတာက ဂျီမင်က...အားလုံးက ကျွန်တော့်အား ထူး‌ဆန်းသလို ကြည့်နေကြလေသည်။ ကြည့်နေကြတာလည်း မဆန်းပါဘူး။ တစ်ခါမှ ကျောင်းခရီးမလိုက်တဲ့ ကျွန်တော်က အခုခရီးမှာ ပါလာတာကို...ကျွန်တော် ကိုယ်တိုင်ကလည်း လျစ်လျူရှုတတ်တာက အကျင့်တစ်ခုလိုပင်။

"ကားထွက်တော့မယ် ထယ်ယောင်း တက်တော့လေ မဟုတ်ရင် မင်းနေရာပျောက်လိမ့်မယ် အနုပညာမေဂျာက လူတွေလည်း ပါတယ်"

အတန်းဖော်တစ်ယောက်က ကားပေါ်မတက်ခင် ကျွန်တော့်နားကိုလာကာ လာပြောလေသည်။ မရောက်သေးသည့် ဂျီမင်ကို ကျွန်တော်က တစ်မျှော်မျှော်...

"သွားရအောင်"

အိတ်ကို ဆွဲကာ ထိုကျောင်းသားနဲ့အတူ ကားပေါ်သို့ တက်လာခဲ့သည်။ အနည်းဆုံးတော့ ဂျီမင် နောက်ကားနဲ့ ပါလာပါစေလေ။ ကျွန်တော် တစ်ယောက်တည်းတော့ ‌ယောင်လည်လည် မဖြစ်ချင်တာအမှန်ပင်။

ကားပေါ်ရောက်နေတော့ လွတ်သည့်နေရာပင် မရှိတော့ပင်။ အလိုလိုမှ လူက အသက်ရှူကျပ်ချင်နေပါသည်ဆို ထိုင်ဖို့နေရာပင်မရှိတော့။ 

"ဟိုနောက်မှာ သွားထိုင်လိုက် ထယ်ယောင်း"

"ငါ...ဂျီမင်ကို စောင့်နေတာ"

"သူ နောက်ကားနဲ့ လိုက်ရင်လိုက်ပါလိမ့်မယ် ကားထွက်တော့မယ် အဲ့မှာ သွားထိုင်လိုက်နော်"

ထိုကျောင်းသားက ပြောပြီးသည်နှင့် သူ့ရဲ့နေရာကို ဝင်ထိုင်လေသည်။ ကျောင်းသူ ကျောင်းသားတွေက တစ်ပူပူတစ်ညံညံ...တကယ်ဆို ကျွန်တော် စိတ်ရူပ်နေလေပြီ။ ဖောင်တင်ထားသည်မို့ကြောင့် မလိုက်လည်း မရပေ။

ထိုကျောင်းသား ညွှန်ပြခဲ့သည့် နေရာသို့သာ သွားရင် အဝတ်အိတ်ကို အတည်တကျထားကာ ဝင်ထိုင်လိုက်သည်။ ဘေးက လူကိုလည်း ကျွန်တော် သေချာမကြည့်မိပေ။ ယခုထက် ကျွန်‌တော် လိုချင်တာက ‌စိတ်ငြိမ်ဆေးပင်။ စိတ်ထဲကနေ ထိုဆေးကိုသာ တမ်းတမိရင်း အလောတကြီး ရှာမိသည်။ မဟုတ်ရင် ကျွန်တော် ရူးတော့မလို ခံစားချက်မျိုး။

The Legend Of The PastWhere stories live. Discover now