1K 21 0
Wu Dong Qian Kun (အဆောင်သခင် သိုင်းဘုရင်)
မူရင်း စာရေးဆရာ _ Heavenly Silkworm Potato
ဘာသာပြန်သူ _ Win Min Khant
မိတ်ဆက် ...
စွမ်းအားကြီးသူတို့သာ ကြီးစိုးတဲ့ ကမ္ဘာတစ်ခု။ အဲ့ဒီ ကမ္ဘာမှာ အရှေ့ရွှမ် ဒေသလို့ ခေါ်တဲ့ တိုက်ကြီး တစ်ခုရှိတယ်။ အဲ့ဒီ တိုက်ကြီးမှာ တည်ရှိတဲ့ သေးငယ်တဲ့ အင်ပါယာလေး တစ်ခုရဲ့ မဟာကလန်ကြီး​ လေးခုရှိတယ်။ အဲ့ဒီ အင်ပါယာနာမည်ကတော့ မဟာယန် အင်ပါယာတဲ့ မဟာယန် အင်ပါယာရဲ့ မဟာ ကလန်ကြီး လေးခုထဲက တစ်ခု ဖြစ်တဲ့ လင်းကလန်မှာ ဇာတ်လမ်းလေးက အစပြုပါတယ်။
လူတိုင်းရဲ့ အထက်မှာ တည်ရှိတဲ့ မဟာကလန်ကြီး တစ်ခု ဖြစ်တဲ့ လင်းကလန်မှာ သာမန်ဂိုဏ်းသား တစ်ယောက်ဖြစ်တဲ့ လင်းကျန်းရှန်။ ကလန်ကနေ ပေးလိုက်တဲ့ တာဝန်တစ်ခုမှာ ကျရှုံးခဲ့တဲ့ အတွက် မဟာယန် အင်ပါယာမှာ ချောင်ကျတဲ့ ချင်ရန်မြို့ကလေးကို ပြည်နှင်ဒဏ် ပေးခြင်း ခံခဲ့ရတယ်။ သူက အမြဲလိုလို ပင်မ ကလန်ဖြစ်တဲ့ လင်းကလန်ကို ပြန်ဖို့ အတွက် အိမ်မက်မက်နေခဲ့တယ်။ တစ်နေ့မှာ သူရဲ့ သားအကြီးဆုံး ဖြစ်တဲ့ လင်းရှောင်က သူရဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပေးဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ သူရဲ့ သားဖြစ်သူက လင်းကလန်ရဲ့ ကလန်သိုင်းပြိုင်ပွဲမှာ လင်းကလန်က နှစ်တစ်ရာမှာ တစ်ခါ တွေ့ရခဲတဲ့ ပါရမီရှင် လင်းလောင်တန်ရဲ့ လက်ချက်ကြောင့် မသန်မစွမ်း ဘ၀ကို ရောက်ရှိသွားခဲ့ရတယ်။ အဖေဖြစ်သူက လင်းလောင်တန်ရဲ့ လက်ချက်ကြောင့် မသန်မစွမ်း ဘ၀ကို ရောက်ရှိသွားခဲ့တာကို အသက် ၁၀နှစ်ကျော်သာ ရှိတဲ့ သားဖြစ်သူက မျက်ရည်စက်လက်နဲ့ မြင်ခဲ့ရတယ်။ အဲ့ဒီ အချိန်ကစပြီး မသန်မစွမ်းဘ၀ကို ရောက်ရှိသွားခဲ့ရတဲ့ လင်းရှောင်မှာ သူတို့ မိသားစုကို ကလန်က ဖယ်ကျဉ်ခြင်းကို ခံခဲ့ရတယ်။
အဖေဖြစ်သူက စိတ်ဓာတ်တွေကျ အရက်တွေသောက် အမေဖြစ်သူရဲ့ ငိုယိုမှုတွေကို နေ့တိုင်းလိုလို မြင်တွေ့ခဲ့ရတဲ့ လင်းတုန်မှာ အလွန့်ကို ငယ်ရွယ်သေးပါသည်။ သူက အလွန်ကို ငယ်ရွယ်သေးတဲ့ အတွက်ကြောင့် သူ့အဖေရဲ့ မသန်မစွမ်းဘ၀ကို ရောက်ရှိသွားမှု၊ ကလန်က သူတို့ မိသားစုကို ဖယ်ကျဉ်ကာ အနိုင်ကျင့်ခံရမှုတွေကို ခွန်အားမဲ့စွာဖြင့် ကြည့်ရှုခဲ့ရတယ်။ ထိုအချိန်မှာ စတင်ပြီး လင်းတုန်၏ စိတ်ထဲတွင် စွမ်းအား ဆိုသည့် အရာကို လိုလားတောင်းတ လာခဲ့တယ်။
ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now