(20)ကမ္ဘာပျက်ကပ်ထဲမှ မှော်ဧကရာဇ် ကမ႓ာပ်က္ကပ္ထဲမွ ေမွာ္ဧကရာဇ္

400 4 0
                                    

ကမ္ဘာပျက်ကပ်ထဲမှ မှော်ဧကရာဇ်

Blood Warlock: Succubus Partner in the Apocalypse
မူရင်းရေးသားသူ - XIETIAN
ဘာသာပြန်သူ - Win Min Khant

မိတ်ဆက်
အကယ်၍ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာမြေကြီး ရုတ်တရက် ပြောင်းလဲသွားခဲ့မည်ဆိုလျှင် ...

စိတ်ဝိညာဉ် စွမ်းအင်ဟာ ကမ္ဘာပေါ်၌ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာပေါ်ရှိ သတ္တဝါ အားလုံးကို ခေတ်သစ် တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ တိရစ္ဆာန်များက ကြောက်မက်ဖွယ်ရာ မှော်သားရဲများ ဖြစ်လာခဲ့သလို အချို့ အပင်များသည်လည်း ကိုယ်ပိုင် အသိစိတ် နိုးထလာခဲ့ကြသည်။ လူသားများသည်လည်း စိတ်ဝိညာဉ် စွမ်းအင်ကြောင့် ၎င်းတို့ ခန္ဓာကိုယ် အတွင်းရှိ စွမ်းရည်များ နိုးထလာပြီး ကျင့်ကြံလာနိုင်ကြသည်။

တစ်ခဏလေး ဆိုသလို ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲ သွားပြီး ခေတ်သစ်တစ်ခု ဆီသို့ ရောက်ရှိလာကာ ကမ္ဘာပေါ်၌ ဥပဒေဟူ၍ တစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ အင်အားကြီးသူသာ ရပ်တည်နိုင်ပြီး အားနည်းသူများအား နင်းခြေဝါးမျိူသည့် တောတွင်း ဥပဒေပင်။

ပိုင်ကျန်းမင်က သာမန် တက္ကသိုလ် ကျောင်းသား တစ်ယောက်ဖြစ်၏။ သို့သော် ကမ္ဘာကြီးက ခေတ်သစ်တစ်ခုသို့ ပြောင်းလဲ သွားသည့် အခါ၌ ၎င်းမှာ သာမန် တက္ကသိုလ် ကျောင်းသားတစ်ယောက် အဖြစ်မှ မှော်ပညာ၌ ပြိုင်ဘက်ကင်း ပါရမီရှင် အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ထို့နောက် သူက ကဝေမ တစ်ယောက်၏ အာရုံဖမ်းစားမိပြီး သူမ၏ လက်တွဲဖော် ဖြစ်လာခဲ့၏။ ဤသို့နှင့် ပိုင်ကျန်းမင်၏ ကျင့်ကြံခြင်း လမ်းစဉ်၏ ထိပ်ဆုံးသို့ လျှောက်လှမ်းသည့် ခရီးမှာ စတင်ခဲ့လေသည်။

နတ်ဘုရား၊ နတ်ဆိုး၊ နဂါး၊ သွေးစုတ်ဖုတ်ကောင်တွေနှင့် သမန်းဝံပုလွေများပင် သူ၏ ရန်သူ ဖြစ်ရန် မထိုက်တန်ချေ။

ဒီစာစဉ်က ရုပ်ရှင် ဇာတ်လမ်းတစ်ခုကို ကြည့်ရသလို အလှည့်အပြောင်းများစွာနှင့် စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ် .... စွမ်းအားသည်သာအရေးကြီးဆုံးဆိုတဲ့ ခံယူချက်နဲ့ အင်အားအကြီးဆုံးလမ်းစဥ်ကို အသက်နဲ့ရင်းရွေးချယ်လိုက်တဲ့ ပိုင်ကျန်းမင်ဆိုတဲ့ သာမန်တက္ကသိုလ်ကျောင်းသားလေး... ကမ္ဘာပျက်ကပ်ကြီးမှာ ရှင်သန်ဖို့အတွက် ရုန်းကန်နေတာတွေ လူအချင်းချင်းလှည့်ဖြားမှုတွေ သစ္စာဖောက်မှုတွေအကြား ရိုးရှင်းတဲ့အနေအေးသာမန်လူငယ်လေးဆက်ဖြစ်နိုင်ပါ့မလား... ကမ္ဘာပျက်ကပ်ဖြစ်လာတဲ့ စိတ်ဝိညာဥ်မှတ်တမ်းဆိုတဲ့အရာကကော လူတွေတွေးထင်ထားသလို ရိုးရိုးရှင်းရှင်းဟုတ်ရဲ့လားဆိုတာ ဆက်ဖတ်ကြည့်ရမှာပါ... ပိုင်ကျန်းမင်ဟာ ပြောင်းလဲလာတဲ့ ခေတ်မှာ ဘယ်လို ရှင်သန်နေထိုင်သွားမလဲ သူ့ကို မျက်စိကျသွားတဲ့ က​ေ၀မကရော ဘယ်လို အဆင့်အတန်း မျိူးလဲ အရာအားလုံးရဲ့ ထိပ်ဆုံးကို ဘယ်လို လျှောက်လှမ်းသွားမလဲ ဆိုတာကို အလှည့်အပြောင်းများစွာနဲ့ ရင်ခုန်စွာ ဖတ်ရှုရမယ့် စာစဉ် တစ်ခုဖြစ်ပါတယ် .....

ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now