439 13 8
ကျွန်တော်နဲ့ စီနီယာ အစ်မ ခုနစ်ဖော်
ရီချန်းသည် ကျင့်ကြံမှု ကမ္ဘာ တစ်ခု အတွင်းသို့ ကူးပြောင်း ရောက်ရှိသွားအပြီးတွင် သူ့ဂိုဏ်း အတွင်း၌ စီနီယာ အစ်မ ခုနစ်ဖော် ရှိနေပြီး သူတို့ အားလုံးက မှင်သက်ဖွယ် ကောင်းသော အလှပဂေးများ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
အကြီးဆုံး စီနီယာ... အနီရောင် ဝတ်စုံနှင့် ဧကရီ
ဒုတိယ စီနီယာ... ရေခဲ ဓားနတ်မိမယ်
တတိယ စီနီယာ... စိတ်ကူးယဥ်ဆန်သည့် နတ်မိမယ်
...
...
နံပါတ်ခုနစ် စီနီယာ... ပြိုင်ဘက်ကင်း ပါရမီရှင်။
မွေးရာပါ မကျင့်ကြံနိုင်သော ရီချန်းသည် ဆိုင်းအင်စနစ် နိုးထလာအပြီးတွင် အင်မော်တယ် ကံကြမ္မာ မြင့်မြတ်နယ်မြေ အတွင်းတွင် နေ့စဥ်နေ့တိုင်း ဆိုင်းအင်ဝင်နေခဲ့သည်။
ရီချန်းက ကြုံးဝါးလိုက်သည်။ "ငါက တိတ်တဆိတ် ဆိုင်းအင် ဝင်နေပြီး တစ်နေ့မှာ လူအားလုံးကို ငါ့စွမ်းအားတွေနဲ့ ထိတ်လန့် တုန်လှုပ်စေလိမ့်မယ်"
Translator : Master Shifu
အမြည်းဖတ်ရအောင် အပိုင်း(၁) တင်ပေးလိုက်ပါတယ်
ကျွန်တော်နှင့် စီနီယာ အစ်မ ခုနစ်ဖော်
စာစဥ် ၁ : အပိုင်း ၁
အပိုင်း ၁ : ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်၏ အစ (၁)
ထျန်းရွှမ် ကုန်းမြေ။
အင်မော်တယ် ကျင့်ကြံမှု ကမ္ဘာ တစ်ခု ဖြစ်၏။
ရှေးကျသော အခန်းတစ်ခု အတွင်းတွင် ရီချန်းက ဖြည်းဖြည်းချင်း နိုးလာခဲ့သည်။
"နေပါဦး..."
အသက်ရှူရန် ခက်ခဲနေလွန်းသည်ဟု ခံစားနေရသဖြင့် ရီချန်းက တစ်စုံတစ်ခု မှားနေပြီဟု သိခဲ့လိုက်သည်။
ဘာများ ဖြစ်နေသနည်း။
ယခု အချိန်၌ သူသည် တစ်စုံတစ်ယောက်၏ ရင်ခွင် အတွင်းသို့ ရောက်နေခဲ့သည်။
ဘာများ ဖြစ်နေသနည်း။
သူက အိမ်မက်များ မက်နေသလော။
ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now