287 8 0
Fbမှာpageရှိပါတယ် နာမည်ရိုက်ရှာရင်တွေနိုင်ပါတယ် တင်တာမကြာသေးပါဘူးfree အပိုင်း8လောက်ထိပဲရောက်သေးပါတယ် အမြည်းဖတ်ဖို့ အခန်း၁တင်ပေးလိုက်ပါတယ်
Sun, Dec 18
စွယ်စုံမှော်ဘုရင် မိုဖန်
အခန်း ( ၁ - က ) ကမ္ဘာကို ကိုင်လှုပ်ခြင်း
"မိုဖန်..ခြောက်မှတ်"
သင်္ချာဆရာ ဒန်ယွန်ချမ်း ၏အမှတ်စာရင်းကြေညာသံအဆုံး စာသင်ခန်းတစ်ခုလုံး 'ဝေါ'ခနဲ ဝိုင်းရီလိုက်ကြသည်။
တဆက်တည်းမှာပင် တစ်ခန်းလုံးနီးပါး တိုင်ပင်ထားသလို ပြိုင်တူနောက်လှည့်ပြီး စာသင်ခန်း၏ နောက်ဘက်ကျကျ၌ထိုင်နေသော အနက်ရောင်ဆံပင်ခပ်တိုတိုနှင့်ကောင်လေးအားဝိုင်းကြည့်လိုက်ကြသည်။
ထိုလူငယ်လေးသည်ကား တစ်ခန်းလုံးတွင် တစ်ဦးတည်းသော ဘဲဥကွဲရုံအမှတ်ဖြင့် မိုဖန်။
"မိုဖန်....မင်း မုဘိုင် ကို အတုယူသင့်တယ်။ မေးခွန်းခက်ထားတဲ့ ဒီစာမေးပွဲကိုတောင် မုဘိုင်က ၉၆ မှတ်ရ​ေအောင် ဖြေထားတယ်။ မင်းက ဘယ်လိုများဖြေလိုက်လို့ ဘဲဥကွဲရုံအမှတ်ပဲ ရ ရတာလည်း?" ဒန်ယွန်ချမ်း သက်ပြင်းအသာချပြီးမေးလိုက်သည်။
"ဒီလို ပြဿနာအိုးလေးက ဘယ်လိုလုပ်ပြီး ငါ့အတန်းထဲရောက်လာရတာလည်း?။ အရင်ကဆို ဒီလိုမဟုတ်ပါဘူးးသူ့အဆင့်တွေက အမြဲထိပ်မှာပါ။ အထက်တန်းရောက်မှ အဆင့်တွေ ရုတ်တရက် ဇောက်ထိုးမိုးမျှော်ကျလာပြီး ခုဆို သူ့ရဲ့စာမေးပွဲရမှတ်တွေက အတန်းရဲ့ ပျဥ်းမျှရမှတ်တွေကိုပါ ဆွဲချနေပြီ" ဒန်ယွန်ချမ်း တွေးလိုက်သည်။
"ဆရာ......မိုဖန်ဆိုတာ အလယ်အလတ်၊ အတော်အသင့်လို့ အဓိပ္ပါယ်ရတာမဟုတ်လားဆရာ။ အဲ့ဒီနာမည်က သူနဲ့ တကယ်မလိုက်ဘူး။ ခု ဒီမိုဖန်က အလယ်အလတ်ရဲ့အောက် ဟိုးးးတော်တော်ဝေးဝေးကိုရောက်နေတာဆိုတော့ သူနဲ့ တကယ်လိုက်ဖက်မယ့်နာမည်မျိုးကို ဆရာကပဲ ပြောင်းပေးလိုက်ပါလား ဆရာ.." မုဘိုင် လို့ခေါ်တဲ့ကျောင်းသားက ပြောလိုက်သည်။
"ဟားးဟားးဟားး"
"အမှန်ပဲ......နာမည်ပြောင်းပေးသင့်ပြီ"
ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now