77 0 0
အခန်း(၁)အမြည်းထည့်ပေးထားပါတယ်။
Unicode & Zawgyi
အခန်း ၁ မြင့်မြတ်တောအုပ်၏ ဒဏ္ဍာရီ
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အခန်း ၁ မြင့်မြတ်တောအုပ်၏ ဒဏ္ဍာရီ
မြင့်မြတ်တောအုပ်..၎င်းသည် ထာဝရကုန်းမြေပြင်၏ တားမြစ်နေရာတစ်ခုဖြစ်သည်။ ၎င်းနှင့်ပတ်သက်၍ ကောလဟာလများ များစွာရှိလေသည်။ လူတချို့က တောအုပ်အတွင်း၌ ပြိုင်ဘက်ကင်း အင်မော်တယ်တစ်ပါးနေထိုင်သည်ဟု ဆိုကြကာ တချို့က ကြောက်မက်ဖွယ်ကောင်းသောအင်မော်််တယ်နတ်ဆိုးတစ်ပါးနေထိုင်သည်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုကြစေကာမူ ၎င်းတောအုပ်အတွင်း၌ ပြိုင်ဘက်ကင်းဖြစ်တည်မှုတစ်ခုနေထိုင်နေသည်မှာတော့ အသေချာပင်ဖြစ်သည်။ လွန်လေပြီးသောနစ်များစွာအတွင်း နှစ်ပေါင်းထောင်ချိီသက်တမ်းရှိသော လူမှုအဖွဲ့အစည်းများ ဂိုဏ်းများသည် တဖြည်းဖြည်းဖွံ့ဖြိုး တိုးတက်လာခဲ့ကြကာ ပြန်လည်၍ ပြိုကွဲပျက်စီးကြရသည်။
တချို့သော ကုန်းမြေတိုက်ကြီးများပင် ပင်လယ်သမုဒ္ဓရာအတွင်းသို့ နှစ်မြုပ်ပျောက်ကွယ်သွားခဲ့ကြသည်။ ဤထာဝရကုန်းမြေပြင်၌ အစဉ်အမြဲမပြောင်းလည်ဘဲ တည်ရှိနေသောတစ်ခုတည်းသောအရာမှာ မြင့်မြတ်တောအုပ်သာဖြစ်လေသည်။ ၎င်းတောအုပ်သည် မည်သည့်အချိန်ကရင်းတည်ရှိနေခဲ့ကြောင်းကို မည်သူမျှ သေချာမသိကြပေ။ ထာဝရကုန်းမြေ၏ အသက်အကြီးဆုံးဘ်ိုးဘေးပင်လျှင် မြင့်မြတ်တောအုပ်၏ တည်ရှိလာခဲ့သည် သက်တမ်းကို သိရှိခြင်းမရှိပေ။
ယနေ့တွင်ဖြစ်သည်..... မြင့်မြတ်တောအုပ်၏ အထက်ကောင်းကင်တွင် မိုးကြိုးတိမ်တိုင်များ စုစည်းလာခဲ့ကာ နေရာအနှံ့ရုတ်တရက်ဆိုသလိုပင် ပျံ့နှံ့သွားခဲ့သည်။ ကြောက်မက်ဖွယ်အဖျက်စွမ်းအင်တို့က နေရာအနှံ့ဆက်လက်ပျံ့နှံ့နေခဲ့သည်။ များမကြာမှိီပင် မြင့်မြတ်တောအုပ်တခွင် အားကောင်းသော အဖျက်စွမ်းအင်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ တခဏအတွင်းပင် မြင့်မြတ်တောအုပ်တည်ရှိသော ရှန်းဝူတိုက်ကြီးသည် မိုးကြိုးအဖျက်စွမ်းအားတို့ကြောင့် ပျက်စီးလာခဲ့သည်။
ရှန်းဝူတိုက်အတွင်းရှိ မဟာဘိုးဘေးများ မင်းဆက်တို့၏အုပ်ချုပ်သူ လူအိုကြီးများ အားလုံး မိုးကြိုးအဖျက်စွမ်းအားကြောင့် နိုးထလာခဲ့ကြသည်။ ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက်နိုးထလာခဲ့ကြပြီး မိုးကြိုးအဖျက်စွမ်းအင်တို့ကို ထိတ်လန့်ကြောက်ရွံ့မှုမကင်းသောမျက်လုံးများဖြင့် ကြည့်မိလိုက်ကြသည်။ မြင့်မြတ်တောအုပ်နှင့် အနီးဆုံးဖြစ်သော ဝူကျိမင်းဆက်၏ ဘိုးဘေးဖြစ်သည် ထိုက်ဝူကျိသည် ကောင်းကင်ထက်ရှိမိုးကြိုးပင်လယ်ကြီးကိုမြင်သော် ပိုမို၍ တုန့်လှုပ်နေခဲ့ရသည်။ အကယ်၍ နောက်ထပ်မိုးကြိုးတစ်ချက်သာထိမှန်ခဲ့မည်ဆိုလျှင် ဝူကျိအင်ပါယာမြို့တော်သည် အမှုန်အမွှားလေးမျှ မကျန်တော့အောင် ဖျက်စီးခံရပေလိမ်မည်။ *ဒါက ဘယ်လို မိုးကြိုးမျိုးလဲ* *ဒီလောက်ကြောက်စရာကောင်းတဲ့ နတ်ဘုရားမိုးကြိုးမျိုးက ဘာကြောင့်ပေါ်လာတာလဲ။ နတ်ဘုရားတစ်ယောက်ရဲ့ အစစ်အမှန်နတ်ဘုရားအဖြစ်ကျော်ဖြတ်ရတဲ့ အတိဒုက္ခမိုးကြိုးမျိုးကတောင် ဒီလောက်ကြောက်စရာမကောင်းဘူး* ထိုက်ဝူကျိတစ်ယောက်အတော်လေးထိတ်လန့်နေခဲ့သည်။ "မင်းတို့ စုံစမ်းပြိီးကြပြိီလား။
ဒီအဖျက်စွမ်းအင်မိုးကြိုးတွေက ဘာကြောင့်ဖြစ်တာလဲဆိုတာကို" ထိုက်ဝူကျိသည် သူ့နဘေးရှိ ဧကရာဇ်အရှင်သခင်တို့ကို မေးမြန်းလိုက်သည်။ "ဘိုးဘေး၊ ဒီးမိုးကြိုးရဲ့ မူလအရင်းအမြစ်က မြင့်မြတ်တောအုပ်ရဲ့ တားမြစ်နယ်မြေအတွင်းကဆိုတာ သေချာပါတယ်" ဧကရာဇ်အရှင်သခင်တစ်ယောက်သည် ပြန်လည်ပြောဆိုလိုက်သည်။ သူ၏ အသံတို့သည် မြင့်မြတ်တောအုပ်အကြောင်း ပြောဆိုရသည်အခါတွင် အတော်လေး တုန်လှုပ်၍တုန်ရီနေသည်မှာမြင်သာလေသည်။ "ဘာဖြစ်တယ်။ မြင့်မြတ်တောအုပ် တားမြစ်နယ်မြေလို့လား " ထိုသူ၏ စကားကိုကြားသော် ထိုက်ဝူကျိနှင့် ကျန်လူတို့ လေးလံသောသက်ပြင်းများကိုကိုယ်စီချမိလိုက်ကြသည်။ *ကြည့်ရတာ တောအုပ်အတွင်းက အထွတ်အထိပ်ပုဂ္ဂိုလ်က အစစ်အမှန်နတ်ဘုရားအဆင့်ကို ဝင်ရောက်ဖို့ကြိုးစားနေတာများလား* ၎င်းသည် နတ်ဘုရားများအတိဒုက္ခမိုးကြိုးဖြစ်မည်ဟု တစ်စုံတစ်ယောက်က မှန်းဆ၍ ပြောဆိုလိုက်သည်။ ထိုက်ဝူကျိသည် ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ မိုးကြိုးအဖျက်စွမ်းအားသည် နတ်ဘုရားတို့၏ အတိဒုက္ခမျိုးကြိုးဖြစ်ခဲ့မည်ဆိုလျှင်ပင် သူသည် ဤမျှကြောက်မက်ဖွယ်ကောင်းသော အတိဒုက္ခမိုးကြိုးစမ်းသပ်ချက်မျိုးကို မမြင်ခဲ့ဖူးပေ။ "ကောလဟာလတွေအရဆို ဧကရီဟုန်ဖေက မြင့်မြတ်တော်အုပ်ထဲကို ဝင်ရောက်သွားခဲ့ပြိီး ဆယ်စုနှစ်များစွာနေထိုင််ခဲ့တယ်။ နောက်တော့ သူမသည်ပြန်ထွက်လာတဲ့အချိန်မှာ ပြိုင်ဘက်ကင်းသူတစ်ယောက်ဖြစ်လာခဲ့ပြိီး ဟုန်ထျန်အင်ပါယာကို တည်ထောင်နိုင်ခဲ့တယ်တဲ့" "နောက်ပြီး ဝူနတ်ဘုရားကျောင်းရဲ့ ဝူနတ်ဘုရားကိုးပါးတောင်မှ မြင့်မြတ်တောအုပ်ထဲကို ဝင်ရောက်ခဲ့တယ်တဲ့" အလွန်အိုမင်းနေပြီးဖြစ်သော မင်းဆက် ဘိုးဘေးတစ်ယောက်သည် ထိတ်လန့်မှုဖြင့် တံထွေးတချို့မြိုချကာ ပြောဆိုလိုက်သည်။ ထိုက်ဝူကျိ၏ မျက်လုံးတို့ လင်းလက်သွားခဲ့သည်။ တောအုပ်အတွင်းရှိ ပုဂ္ဂိုလ်နှင့် ပတ်သက်ကောလဟာလတို့မှာအတော်လေး စိတ်ကူးယဉ်ဆန်ကာ မည်သူတစ်ဥိီးတစ်ယောက်မှ အမှားအမှန်ကိုသိရှိခြင်းမရှိပေ။ မြင့်မြတ်တောအုပ်အတွင်း၌ မည်သည့် အထွတ်အထိပ်အဆင့်ပုဂ္ဂိုလ်တစ်ဦးမှ ရှိမနေခြင်းပင်ဖြစ်နေနိုင်လေသည်။ နောက်ထက်လူတချို့ပြောကြသော ကောကဟာလတို့မှာ မြင့်မြတ်တောအုပ်အတွင်း၌ မြင့်မြတ်စမ်းချောင်းတစ်ခုရှိကာ ၎င်းအတွင်း ဆင်းသက်သွားသူတို့သည် ပြန်လည်မွေးဖွားသန့်စင်ခြင်းကို ခံကြရကာ ပြိုင်ဘက်ကင်းစွမ်းအားများရရှိလာခဲ့သည်ဟု ဆိုကြသည်။ အပြင်ဘက်ရှိလူတို့သည် မည်သည့်တို့ဖြစ်ပွါးနေကြောင်း ခန့်မှန်းပြောဆိုနေကြစဉ်မှာပင် ရှန်းဝူတိုင်အပေါ်ရှိ မိုးကြိုးတိမ်တိုက်တို့သည် စုစည်းလာခဲ့ကာ တခြိမ်းခြိမ်းမြည်ဟီးနေသော မိုးကြိုးတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလည်သွားခဲ့ပြီး ရုတ်တရက်ဆိုသလိုပင်တားမြစ်နယ်မြေရှိရာနေရာသို့ ပစ်ချလိုက်သည်။ မိုးကြိုးတိုင်ကြီးကျဆင်းလာသည်အခါ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးသည်ပင် ကွေးညွတ်သွားခဲ့သလိုဖြစ်သွားခဲ့ကာ လူတိုင်း၏ မျက်လုံးများနာကြငကျိမ်းစပ်သွားသလို ခံစားလိုက်ရသည်။ လူတိုင်းသည် မျက်လုံးတို့ ပြန်ဖွင့်မိလိုက်ကြသည်အခါ ကမ္ဘာကြီးသည် နဂိုမူလအတိုင်းမည်သည်မျှ မဖြစ်ပျက်ခဲ့သလို ပြန်လည်တိတ်ဆိတ်နေခဲ့ကာ ကောင်းကင်သည် ကြည်လင်နေခဲ့ပြီး ကြီးမားသော မိုးကြိုးတိုင်ကြီးသည် အစအနမကျန်အောင်ပျောက်ကွယ်သွားခဲ့သည်။ လူတိုင်းသည် တစ်ဦးကိုယ်တစ်ဦးပြန်လည်ကြည့်ရှုကာ ကြောင်အနေခဲ့ကြသည်။ ဤအခိုက်အတန့်တွင် မြင့်မြတ်တောအုပ်အတွင်းရှိတားမြစ်နယ်မြေအတွင်းတော့ ကြောက်မက်ဖွယ်မိုးကြိုးအဖျက်စွမ်းအင်လုံးတစ်လုံးသည် လုရီဖျင်၏ လက်ချောင်းထိပ်၌စုစည်းနေခဲ့သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသောမိုးကြိုးတိုင်ကြီးဖြစ်ကာသူ၏ လက်ချောင်းများအကြားတွင် အဆက်မပြတ်ဖိနှိပ်ခြင်းကိုခံရကာ လူ့ဦးခေါင်းအရွယ်အစားထိ သေးငယ်သွားခဲ့သည်။ ၎င်းမှ ထွက်ပေါ်နေသော အဖျက်စွမ်းအားသည် အစစ်အမှန်နတ်ဘုရား အတိဒုက္ခမိုးကြိုးစမ်းသပ်ခြင််းထက်ပင် ပိုမို၍ စွမ်းအားပြင်ထန်နေခဲ့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးဘောလုံးသည် လုရီဖျင်၏ အဆက်မပြတ်ဖိနိပ်မှုအောက်တွင် လက်မတစ်လုံးရွယ်အစားထိ ကြုံ့လာခဲ့သည်။ ထို့နောက် ထိုမိုးကြိုးလုံးအား သူသည် မဆိုင်းမတွပင် ချက်ချင်းမြိုချလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် မိုးကြိုးစွမ်းအင်တို့သည် သူ၏ ခန္ဓာကိုယ်အပေါ်များမှ တဆင့်ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း များမကြာမှီပင် ၎င်းတို့သည် ရပ်တန်သွားခဲ့ရသည်။ လုရီဖျင်သည် အတိဒုက္ခမိုးကြိုးကိုစုပ်ယူလိုက်ခြင်းဖြစ်လေသည်။ ထို့နောက် မတ်တပ်ထရပ်ကာ ကြွက်သားများကိုဖြေလျော့လိုက်သည်။ သူ၏ စိတ်ကျေနပ်မှု အပြည့်ဖြစ်နေသောမျက်နှာထက်တွင်တော့ တောက်ပသောအပြုံးတစ်ခုရှိနေခဲ့သည်။ သူသည် နောက်ဆုံးတွင် ထာဝရရှင်သန်ခြင်းအနုပညာ၏ နောက်ဆုံးအဆင့်သို့ရောက်ရှိနိုင်ခဲ့ပြီဖြစ်သည်။ *ကောင်းပြီ နောက်ဆုံးတော့ ထာဝရရှင်သန်ခြင်းကျင့်ကြံခြင်းနည်းစနစ်ကို နောက်ဆုံးအဆင့်ထိရောက်နိုင်ခဲ့ပြီ။ ဒီအဆင့်နဲ့ဆို ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီးရဲ့ မဟာကပ်ဘေးနဲ့ ရင်ဆိုင်နိုင်ရမယ်ဆိုရင်တောင် ကိုယ့်ကိုကိုယ်တော့ ကောင်းကောင်းမွန်မွန်ကာကွယ်နိုင်လောက်ပြီမဟုတ်လား* *အခုချိန်က အပြင်ဘက်လောကကို ထွက်ကြည့်ဖို့ အချိန်ကောင်းဘဲ* *အပြင်မှာ ဘာတွေပြောင်းလဲနေပြီလဲဆိုတာတောင် ငါမသိတော့ဘူး* လုရီဖျင်သည် စာအုပ်စင်ကြီးတစ်ခုဆီသို့ သွားလိုက်သည်။ သူသည်အံဆွဲများ တဆင့်ခြင်းဆီ၌ အထပ်ထပ် စိီရီ၍ ရှိနေသောစာအုပ်များစွာကို တွေ့ရသည်။ ၎င်းတို့တစ်ခုခြင်းစီသည် တိုက်တန်ကြီးမား စစ်ပွဲအတွင်း တိုက်ခိုက်၍ကျရှုံးခဲ့ရသည့် နတ်ဘုရားများစွာ၏ လျှိုဝှက်ချက်တို့ပါရှိလေသည်။ စာအုပ်မျှော်စင်၏ နံရံတိုင်းတွင် ပြိုးပြိုးပျက်ပျက်တလက်လက်တောက်ပနေသော မှော်လက်နက်တို့၏ အစီအရင်များရှိနေကြသည်။ သူသည် မရေမတွက်နိုင်သော နှစ်များစွာအတွင်း အချိန်အများစုကို ဤစာအုပ်များကိုဖတ်၍ ကုန်ဆုံးခဲ့သည်။ ၎င်းစာအုပ်တို့တွင် အမျိုးမျိုးသော ကျင့်ကြံခြင်းနည်းစနစ်များ၊ ကုချင်တီးခတ်နည်း ၊ကျားကစားနည်း၊ လက်ရေးလှလေ့ကျင့်နည်း၊ ပန်းချီရေးဆွဲနည်းနှင့် ဆေးပညာဆိုင်ရာသိီအိုရီများ၊ အစီအရင်အခင်းအကျင်းပညာရပ်များ၊ အင်ပါယာသားရဲထိန်းချုပ်ခြင်းအတတ်ပညာများ၊ မှော်ဆေးဖော်စပ်ခြင်းပညာရပ်များ စသည့် အမျိုးမျိုးသော ပညာရပ်များပါဝင်လေသည်။ သို့သော်လည်း သူသည် နောက်ဆုံးကျန်ရစ်သော မူလဘူတ ဖရိုဖရဲအချိန်နာရီမန္တန်ကို ဖတ်ရှုရခြင်းမရှိသေးပေ။ သူသည် ၎င်းမန္တန်ကို အပြင်သို့မထွက်ခွါခင် လေ့ကျင့်ရန်ဆုံးဖြတ်လိုက်သည်။ သူ၏ လက်ရှိခွန်အားသည် နိမ့်ကျခြင်းမရှိသော်လည်း ခုခံကာကွယ်ရေးနည်းစနစ်တစ်ခုထပ်မံတိုးလာခြင်းက သူ့ကို ပိုမို၍ လုံခြုံစိတ်ချမှုကို ခံစားရစေသည်။ ရက်အနည်းငယ်မျှကြာသော်.... မိုးပြာရောင်ဝတ်ရုံတစ်ခုကိုဝတ်ဆင်ထားသော အသက်နှစ်ဆယ်ခန့်လူငယ်လေးတစ်ယောက်သည် မြင့်မြတ်တောအုပ်အတွင်းမှ ထွက်လာခဲ့သည်။ တောအုပ်၏ အစပ်သို့ရောက်သော် လုရီဖျင်သည် သူ့ရှေ့ရှိအဆုံးမဲ့တည်ရှိနေသော တောင်တန်းများကို တစ်ချက်မျှကြည့်ရှုလိုက်သည်။ ထို့နောက် ခြေတစ်လှမ်းမျှလှမ်းရုံမျှဖြင့် သူသည် တောင်ထွတ်ပေါင်းများစွာကို ဖြတ်ကျော်၍ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ တစ်ခဏမျှကြာသော် သူသည် ရှေ့တွင် သေးငယ်သောရွာလေးတစ်ခုကို တွေ့လိုက်ရသည်။ ရွာလေးသည် အဝေးမှကြည့်သော် မီးခိုးတလူလူဖြင့် ရှိနေခဲ့ကာ အတော်လေးကြည့်၍လှနေခဲ့သည်။ လုရီဖျင်သည် တစ်ချက်မျှလှည့်ပတ်ကြည့်ရှုလိုက်မိသည်။ ရွာထဲသို့ ဝင်ရောက်လာစဉ်တွင် သူသည် ၁၂နှစ်အရွယ်ကလေးမလေးတစ်ယောက် ကွင်းပြင်ကြီးတစ်ခုတွင် ဓားရေးလေ့ကျင့်နေသည်ကို တွေ့လိုက််ရသည်။ သို့သော်လည်း ဤကလေးမလေး၏ ဓားရေးအဆင့်အတန့်မှာ အတော်လေးပင်ဆိုးရွားလှသည်ဟု ပြော၍ ရကာ သူမ၏ ဓားနည်းစနစ်သည်လည်း ပြည့်စုံမှုမရှိကာ သူမ၏ လှုပ်ရှားမှုတို့သည်လည်း မှားယွင်းနေခဲ့သည်။ "ရှင် ဘယ်သူကို ရှာနေတာလဲ" သူမသည် လုရင်ဖျင်ကို မြင်သော် သတိထားနေသည်အမူအရာဖြင့် မေးမြန်းလိုက်သည်။ လုရီဖျင်သည် ကောင်မလေး၏ သတိကြီးစွာပြုမူနေဟန်ကိုမြင်သော်လည်း စိတ်ထဲမထားပေ။ ထို့နောက်သူက ကလေးမလေးအား မေးမြန်းလိုက်သည်။ "ကောင်မလေး ဒီဓားနည်းစနစ်ကို ဘယ်သူသင်ပေးတာလဲ။ ဓားရေးကျွမ်းကျင်သူတစ်ယောက်လား" "ဓားနည်းစနစ်လို့လား" ကလေးမလေးသည် ခေါင်းကိုခါရမ်း၍ ပြန်လည်ဖြေကြားလိုက်သည်။ "ကျွန်မက ဓားကို ဒီတိုင်းလိုက်ဝှေ့ယမ်းကြည့်နေရုံတင်ပါ။ ဘာဓားနည်းစနစ်မှ မဟုတ်ပါဘူး" ထိုအခါ လုရီဖျင်တစ်ယောက် အနည်းငယ်အံ့ဩမိသွားခဲ့သည်။ ဤအခိုက်အတန့်၌ ရွာကလေးဘက်မှာ လူတစ်ယောက်သည် စိုးရိမ်တကြီးဖြင့် ပြေးထွက်လာခဲ့ကာ ကောင်မလေးအား အော်ဟစ်ပြောဆိုလိုက်သည်။ "ရှောင်ယု၊ မင်းရဲ့ အဖေ ရောဂါဟောင်းပြန်ထနေပြီ အိမ်ကို မြန်မြန်ပြန်တော့" ကလေးမလေး၏ မျက်နှာသည် ပြောင်းလဲသွားခဲ့ကာ ရွာဘက်သို့ အလျင်အမြန်ပင် ပြေးသွားခဲ့သည်။ လုရီဖျင်သည် တခဏမျှ စဉ်းစား၍ သူမနောက်သို့ လိုက်လာခဲ့လိုက်သည်။ လုရှောင်ယုတစ်ယောက်အိမ်သို့ပြန်ရောက်သောအခါ ဖျော့တော့နေသော မျက်နှာဖြင့်ရှိနေသည့် ဖခင်ဖြစ်သူ လုဖမ်းကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာသည်အတော်လေး ဖျော့တော့နေခဲ့ကာအေးစက်စက် အနက်ရောင်သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ "အဖေ အဆင်ပြေရဲ့လား" လုရှောင်ယုက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။ ထိုအခါ လုဖမ်းသည် ခေါင်းကိုသာ ခါရမ်း၍ ပြန်ဖြေလိုက်သည်။ "အဖေအဆင်ပြေပါတယ် သမီးလေး" ***
ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now