(60)စကြဝဠာအရှင် သိုင်းဘုရင်စၾကဝဠာအ႐ွင္ သိုင္းဘုရင္

69 0 0
                                    

အကျဉ်းချုပ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အကျဉ်းချုပ်

ရဲရှီဝမ်ဟာ ယခင်က ကမ္ဘာမြေပေါ်ရှိ သာမန် တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ပါ။ ဒါပေမဲ့ ကျန်းဝူကျင်းကမ္ဘာ(အစစ်အမှန်သိုင်းကမ္ဘာ)ဟုခေါ်သည့် ကမ္ဘာမြေတစ်ခုပေါ်သို့ ကူးပြောင်းရောက်ရှိသွားခဲ့လေသည်။ ထိုကမ္ဘာပေါ်ရှိ အစွမ်းထက်ကျင့်ကြံသူတွေဟာ တောင်တန်းတွေကိုဖြိုလှဲခြင်း၊ သမုဒ္ဒရာရေတွေကိုခန်းခြောက်အောင် ပြုလုပ်ခြင်း၊မိုးကောင်းကင်ကိုဖျက်ဆီးကာ ကမ္ဘာမြေကိုအဆုံးသတ်အောင် ပြုလုပ်နိုင်ကြသည်။ သူ့ရဲ့ပင်ကိုပါရမီဟာ သာမန်ပါပဲ။ ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်သော အာကာသဟင်းလင်းပြင်တစ်ခုကို ရရှိခဲ့လေသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော အာကာသာဟင်းလင်းပြင်နှင့်အတူ မည်သည့်သိုင်းပညာရပ်ကိုမဆို ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။ ဝိညာဉ်ကျောက်တုံးများရှိနေဖို့တော့ လိုသည်ပေါ့။ ထို့ကြောင့် သာမန်လူများ ဆယ်စုနှစ်များစွာလေ့ကျင့်ရန် လိုအပ်သော်လည်း သူကတော့ တစ်နှစ်ခန့်သာလိုအပ်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်ဟုခေါ်ဆိုနေကြသည့် လူများဟာ သူ့အရှေ့ကိုရောက်လျှင် သာမန်လူတစ်ယောက်ထက်မပိုတော့ချေ... ***

အပိုင်း ၁ လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်နယ်မြေ

ယီယွမ်ကျောင်းကို ချင်ဖန်းတောင်ထိပ်တွင် တည်ထောင်ခဲ့သည်။ တောင်ခြေတစ်နေရာ... ရေကန်ငယ်လေး တစ်ခုဘေးတွင် အသက် ၁၇၊ ၁၈ အရွယ် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေး တစ်ဦးက ရေကန်မျက်နှာပြင်ကို ငေးကြည့်နေပြီး ရုတ်တရက် ကျောက်ခဲတစ်လုံးကို ကောက်ယူပြီး ရေကန်ထဲသို့ ပစ်ချလိုက်သည်။ သူ့ရဲ့ နာမည်က ရဲရှီဝမ်။ သူသည် ကိုယ့်ကိုယ်ကိုယ် အတော်လေး စိတ်ပျက်နေခဲ့သည်။ သူက ဤ ထူးဆန်းသော ကမ္ဘာကြီးကို ဘယ်လိုရောက်လာသလဲဆိုတာ လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ မူလက ရဲရှီဝမ်သည် ၂၁ ရာစု ကမ္ဘာမြေတွင်နေထိုင်သော သာမန် ကျောင်းသားတစ်ယောက်ပါ။ ဒီ ထူးဆန်းတဲ့ ကမ္ဘာကြီးကို ရောက်လာတာ ၁ လနီးပါး ကြာသွားတဲ့အခါမှာတော့ သူကအိပ်မက်မက်နေတာ မဟုတ်ဘူးဆိုတာ လက်ခံလိုက်ရပါတယ်။ သူက ကမ္ဘာသစ်ကို အမှန်တကယ် ရောက်ရှိသွားခဲ့သည်လေ။ ဤကမ္ဘာကြီးမှာ သူက ၁လလောက် နေထိုင်ပြီးတဲ့ နောက်မှာတော့ ဒီကမ္ဘာကနေ ထူးဆန်းသောအရာများကို တဖြည်းဖြည်း သတိပြုမိလာခဲ့သည်။ ဒီကမ္ဘာရဲ့ နေထိုင်မှု ပုံစံတွေက တကယ်ပဲ ရှေးဟောင်းဆန်နေခဲ့သည်လေ။ နောက်ဆုံးတော့ ရဲရှီဝမ်က သူရောက်လာသော ကမ္ဘာသစ်ကြီးက ကျန်းဝူကျင်းကမ္ဘာ (စစ်မှန်သောကိုယ်ခံပညာ)ကမ္ဘာ တစ်နည်းအားဖြင့် အစွမ်းထက်ကျင့်ကြံသူတွေ မရေမတွက်နိုင်သော တန်ခိုးရှင်တွေ နေထိုင်ရာ ကမ္ဘာ ဆိုတာ သိသွားခဲ့ပါသည်။ ဒီကမ္ဘာမှာ သူ့ရဲ့ပါရမီကသာမန်ပါပဲ။ ဒါပေမဲ့ သူက လျှို့ဝှက်ဆန်းကြယ်သော အာကာသ ဟင်းလင်းပြင်နယ်မြေတစ်ခုကို ရရှိခဲ့သည်။ ထိုနယ်မြေက မည်သည့် သိုင်းပညာကိုမဆို ခွဲခြမ်းစိတ်ဖြာနိုင်သည်။ ရဲရှီဝမ်က လက်ရှိကမ္ဘာကို ယီယွမ်ကျောင်း တတိယ အကြီးအကဲ၏ မွေးစားသားအဖြစ် ရောက်ရှိလာခဲ့သည်။ သူ၏ မွေးစား အဖေ ရဲခုန်းမင်က သူ့ကို လွန်ခဲ့သော ၁၈ နှစ်လောက်က အိမ်သို့ ခေါ်ဆောင်လာခဲတာ ကျောင်းထဲမှာ ရှိတဲ့ လူတိုင်းက သိနေကြပါသည်။ ကျွမ်းကျင်သူများ၏ ပြောကြားချက်များအရ ယွမ်ကျောင်းသည် မဟာယူ ပြည်နယ်၏ အင်အားကြီး ကျောင်းတစ်ကျောင်းဖြစ်သည်။ သို့သော် လက်ရှိ ချင်ဖန်းတောင်ထိပ်တွင် တည်ရှိသော ယီယွမ်ကျောင်းက ယွမ်ကျောင်း၏ ဌာနခွဲ တစ်ခုသာ ဖြစ်သည်။ ယီယွမ်ကျောင်း၏ ဌာနခွဲများက ဂရိတ်ယူပြည်နယ် တစ်ခုလုံးမှာ အများအပြား ရှိနေပါသည်။ သူတို့၏ အဓိက ရည်ရွယ်ချက်များက အရည်အချင်းရှိသော တပည့်ကောင်းများကို ယီယွမ်ကျောင်း ပင်မဌာနချုပ်သို့ ပို့ဆောင်ပေးရန်ဖြစ်သည်။ ရဲရှီဝမ်၏ ကျင့်ကြံမှုသည် ဟိုတျန် အဆင့် ၃ သာ ရှိသဖြင့် အသက်အရွယ်တန်းတူတေထဲမှာ သာမန်ပါရမီသာရှိသော သူတစ်ယောက်ဖြစ်ခဲ့သည်။ ကျန်းဝူကျင်းကမ္ဘာတွင် ဟိုတျန်အဆင့် ၁ သည် စစ်သည်တော်များအတွက် ကျင့်ကြံမှု ခရီးအစသာ ဖြစ်သည်။ ဟိုတျန်အဆင့်တွင် ကိုးဆင့်ရှိပြီး ဟိုတျန်အဆင့် ၉ ၏ အထွတ်အထိပ်ကို ကျော်လွန်ပါက ရှန့်ထို အဆင့်သို့ ရှောက်ရှိမည် ဖြစ်သည်။ ရဲရှီဝမ်က ရှန့်ထိုအဆင့်တွင် အဆင့်မည်မျှရှိသည်ဆိုတာ မသိခဲ့ပေ။ ယီယွမ်ကျောင်း၏ အကြီးအကဲများသည်ရှန့်ထိုအဆင့် ကျွမ်းကျင်သူများ ဖြစ်သည်။ ယီယွမ်ကျောင်းက တပည့်များကို အပြင်စည်းတပည့်၊ အတွင်းစည်းတပည့်၊ အဓိက တပည့်ဆိုပြီး သုံးမျိုး ခွဲထားသည်။ အဓိကတပည့် ဖြစ်လာသည့်အခါကျရင် ယီယွမ်ကျောင်းပင်မဌာနချုပ်မှာ ဆက်လက်ကျင့်ကြံနိုင်ရန် ဝင်ခွင့် စာမေးပွဲ (သိုင်းပညာပြိုင်ပွဲ) ယှဉ်ပြိုင်ကြရသည်။ အဓိက တပည့်များအတွက် သူတို့က ပင်မဌာနချုပ်တွင် လေ့ကျင့်ရန် အရည်အချင်းရှိမရှိ စမ်းသပ်သည့် သဘောဖြစ်သည်။ အဓိကတပည့်ဖြစ်ရန်နှင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် ကျောင်းသားတစ်ယောက်က အနည်းဆုံး ဟိုတျန်အဆင့် ၇ သို့ ရောက်ရှိရန် လိုအပ်သည်။ ရဲရှီဝမ်က အသက် ၁၈ နှစ်ပြည့်ပြီ ဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုက ဟိုတျန်အဆင့် ၃ အထွတ်အထိပ်သာ ရှိနေခဲ့သည်။ ထိုအရာက အလွန်ညံ့ဖျင်းသည်ဟု မဆိုနိုင်သော်လည်း သာမန် အရည်အချင်း တစ်ခုဟုသာ သတ်မှတ်နိုင်သည်။ ရဲရှီဝမ်၏ အစ်ကို ရဲဖန်ကတော့ အသက် ၂၁နှစ်အရွယ်မှာ ဟိုတျန်အဆင့် ၈ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ အစ်မဖြစ်သူ ရဲလျူရှုက သူ့ထက် ၁ နှစ်သာ ကြီးပြီး သူမသည်လည်း ဟိုတျန်အဆင့် ၇ သို့ ရောက်နေခဲ့ပါပြီ။ သို့သော်လည်း ရဲရှီဝမ်က စိတ်ဓာတ်မကျခဲ့ပါ။ တတိယအကြီးအကဲ၏ သားဖြစ်သော်လည်း သူက ကိုယ်ပိုင် သီးခြားနေခဲ့ပြီး တစ်ယောက်တည်း လေ့ကျင့်နေခဲ့သည်။ လေ့ကျင့်နေရင်း သူရရှိခဲ့သော အာကာသနယ်မြေကနေ တစ်ဆင့် ထူးဆန်းသော နေရာလွတ်နယ်မြေသို့ ရောက်သွားခဲ့သည်။ ***





ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now