(36)စန်းကျာတောင်ကအလွမ်းနတ်ရှင်စန္းက်ာေတာင္ကအလြမ္းနတ္႐ွင္

265 14 0
                                    

Fb link- conversationsမှာတင်ပေးထားပါတယ်

စန်းကျာတောင်မှလွမ်းနတ်ရှင် (နိဒါန်း)

ကျောက်တုံးနဲ့ပွတ်တိုက်နေတဲ့အင်္ကျီလက်စတွေကို ဆွဲတင်လိုက်ပြီး ငါထိုင်လိုက်တယ်။

နေဝင်သွားခဲ့ပြီ။ စန်းကျာတောင်ရဲ့နေဝင်ချိန်က ခြောက်လောကမှာ အလှဆုံးပဲ။ ကြက်သွေးရောင်ဖြာနေတဲ့နေဝင်ချိန်ကိုကြည့်ရတာက ငါ့အတွက် နောက်ဆုံးအကြိမ်ဖြစ်မယ်ထင်တယ်။ ပြီးရင် 'နန်ကျီ'က ငါ့ကိုလာရှာတော့မှာ။ ပြီးရင် သူက ငါ့ကိုစန်းကျာတောင်ထိပ်အမြင့်ဆုံးကိုခေါ်သွားပြီး ယင်းဓာတ်အမြြင့်ဆုံးအချိန်ဖြစ်တဲ့လကြည့်ဖို့ စောင့်ခိုင်းဦးမှာ...။

'နန်းကျီ' ဆိုတာ ငါနက်နက်ရှိုင်းရှိုင်းချစ်ရတဲ့ယောင်္ကျားပေါ့...။

တစ်ခါတုန်းကတော့ သူက အမတတစ်ယောက်ပဲ။ နှစ်တစ်သောင်းကြာအောင်အိပ်ပျော်နေတဲ့သူ့ကိုနှိုးလိုက်တဲ့သူက ငါပေါ့လေ။ ငါက စန်းကျာတောင်ဂိုဏ်းရဲ့ သုံးရာကိုးဆယ့်ခုနှစ်ယောက်မြောက်တပည့်လေ။ မကောင်းမှုကိုနှိမ်နှင်းပြီး ကောင်းမှုကိုကာကွယ်ဖို့က ငါ့တာဝန်ပဲလေ။ ဒါပေမဲ့လည်း ငါသူ့ကိုနှိုးမိပြီးနောက်ပိုင်း သူ့ကို ချစ်မိသွားတော့တာပဲ....။

သူက အနက်ရောင်ဝတ်စုံတွေ ဆင်မြန်းရတာကြိုက်တယ်။ ငါ့မျက်လုံးထောင့်လေးတွေကို သူ့ရဲ့အေးစက်စက်လက်ဖျားထိပ်လေးတွေနဲ့ သပ်ပေးရတာကိုကြိုက်တယ်။ ငါ့ခါးကိုဆွဲပြီး သူ့အနောက်ကိုတွန်းပို့ကာကွယ်ပေးပြီး ခေါင်းလှည့်ပြီးညင်သာတဲ့အပြုံးလေးပြုံးပြရတာလည်း သူကကြိုက်တယ်....။

ဘာလို့လဲဆိုတော့ ငါနဲ့ သူနက်နက်ရှိုင်းရှိုင်ချစ်ရတဲ့မိန်းကလေးက မျက်နှာတစ်ပုံစံတည်းတူနေလို့တဲ့လေ....။

ဒီနေ့ည လပြည့်ညပဲ။ လရဲ့ယင်းနဲ့ယန်ဓာတ်အတူယှဉ်တွဲပြီး အများဆုံးရှိတဲ့နေရာက ဝိညာဉ်တွေဆင့်ခေါ်ဖို့အတွက် ရှားပါးတဲ့အခွင့်အရေးပဲ....။

တစ်ခါက စန်းကျာတောင်ထိပ်မှာ ငါ့ဆရာ၊ ဆရာတူအစ်ကို၊ ဆရာတူဦးလေး၊ ဆရာတူအစ်ကိုနဲ့ ဆရာတူအစ်မတို့လည်း ရှိခဲ့ဖူးတယ်။ အခုတော့ သူတို့ရဲ့အရိုးနဲ့ အသွေးအသားတွေက ငါ့ခြေထောက်အောက်မှာရောက်နေပြီလေ။ ငါ့လက်ကိုခါပြီး သူတို့ရဲ့လတ်လတ်ဆတ်ဆတ်သွေးတွေကို သုတ်ပစ်လိုက်တယ်။ နောက်ခြောက်တစ်လှမ်းပြီးရင် တောင်ထိပ်ကိုရောက်တော့မယ်။ မကြာခင်ပဲ ငါလည်း သူတို့နဲ့သွားတော့မယ်။ ငါနက်နက်ရှိုင်းရှိုင်းချစ်ရတဲ့ယောင်္ကျားက ငါ့သွေးတွေကို ခမ်းခြောက်စေပြီး ငါ့ဝိညာဉ်ကို မွစာကြဲစေပြီး ငါ့ကို ဒီခန္ဓာကိုယ်ကနေ အဝေးကိုမောင်းထုတ်တော့မှာလေ....။

ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now