(58)ငါ့ဂျူနီယာညီမတွေကဆရာကြီးတွေပဲငါ့ဂ်ဴနီယာညီမေတြကဆရာႀကီးေတြပဲ

86 0 4
                                    

အခန်း(၁)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အခန်း(၁)

လင်းထျန်းတိုက်ကြီး အရှေ့ဘက်မြေရိုင်းဒေသ... လျှို့ဝှက်ကောင်းကင်ဓားဂိုဏ်း၊ နေဝင်ဆည်းဆာတောင်ထိပ်။ ထိုနေရာသည် မြူခိုးများ၊ ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေ၏။ နေဝင်ဆည်းဆာတောင်ထိပ်ပေါ်၌ ပျဉ်ထောင်အိမ်လေးနှစ်လုံးရှိလေ၏။ "စနစ်၊ စစ်ဆေးခြင်းကိုစတင်ပါ!" ဆုရှင်းသည် လှုပ်ကုလားထိုင်တစ်ခုပေါ်မှာလှဲလျောင်းနေကာ လက်ဖက်ရည်တစ်ခွက်အားကိုင်ထား၏။လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် လွန်စွာသက်တောင့်သက်သာရှိသွားသည့်ပမာ ခံစားလိုက်ရသည်။ဆုရှင်း၏ စိတ်ထဲတွင် ခံစားချက်ကင်းမဲ့နေတဲ့စက်ရုပ်သံတစ်ခုပေါ်လာလေ၏။ "တီတီ!" "စစ်ဆေးခြင်းအောင်မြင်သည့်အတွက်ဂုဏ်ယူပါသည်။ သင်သည် နှစ် 1,000 ကျင့်ကြံခြင်းအမှတ်များ ရရှိထားပါသည်။ " "စနစ်ကိုဝင်ရောက်စစ်ဆေးခဲ့တာ 3,649 ရက်ရှိပါပြီ။စစ်ဆေးခြင်းသက်တမ်း ၁၀နှစ်ပြည့်ရန် တစ်ရက်သာလိုပါတော့သည်။ အပိုဆုအနေဖြင့် သင်သည် ကောင်းကင်ကောင်းချီးမြေကိုရရှိပါသည်" "သင့်ရဲ့ ကျင့်ကြံခြင်းအမှတ်တွေကို အသုံးပြုလိုက်ရင် သင့်ရဲ့ နယ်ပယ်က တက်လှမ်းခြင်းနယ်ပယ်ရဲ့အဆင့်ကိုးအထိရောက်လိမ့်မယ်လို့ထင်ပါတယ်။" "ကျင့်ကြံခြင်းအမှတ်တွေကို သုံးချင်ပါသလား" ဆုရှင်းသည် စနစ်၏ သိုလှောင်ခန်းထဲမှာရှိနေသော နှစ် ၁၀၀၀ကျင့်ကြံခြင်းအမှတ်များကို ညာလက်ဖြင့် အသာအယာပုတ်လိုက်ရင်း မျက်ခုံးနှစ်ဖက်ကို အနည်းငယ် ပင့်တင်လိုက်သည်။ "သုံးလိုက်ပါ။" ဆုရှင်းစကားပြောတာရပ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော နက္ခက်ချီမှာ မူရင်းပုံစံအတိုင်း ထွက်ပေါ်လာ၏ ။ ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီများသည်လည်း စုစည်းလာသည်။ထို့နောက် စုရှင်း၏ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ ဝင်သွား၏။ တက်လှမ်းခြင်းနယ်ပယ်၏ အဆင့်ကိုးသို့ဖြက်ကျော်ခြင်းအောင်မြင်ခဲ့၏။ ဆုရှင်းက မရေမတွက်နိုင်သောလူများ သူတို့ဘဝတစ်သက်တာတွင်ရောက်ရှိရင် မဖြစ်နိုင်တော့သည့် နယ်ပယ်တစ်ခုသို့ လှုပ်ကုလားထိုင်ပေါ်မှာထိုင် လက်ဖက်ရည်လေးတစ်ငုံသောက်ရုံမျှဖြင့်ဝင်ရောက်လာသည်ကိုသိရင် မျတ်လုံးတွေကျွတ်ထွက်ကုန်သည်အထိ အံသြတှုန်လှုပ်သွားကြပေမည်။ ဒါက တက်လှမ်းခြင်းနယ်ပယ် ရဲ့ အဆင့်ကိုးပင်ဖြစ်၏။ အလယ်ပိုင်းပြည်နယ်မှာ တက်လှမ်းခြင်းနယ်ပယ်အဆင့်ကိုးတစ်ဦးအား အထွတ်အထိပ်ကျင့်ကြံသူအဖြစ်သက်မှတ်ထားသည်။ ဆုရှင်းသာလုပ်ချင်ရင် မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူများကို အချိန်မရွေး ဆင့်ခေါ်နိုင်ပြီး အရှေ့ဘက်မြေရိုင်းဒေသ တစ်ခုလုံးကို သူ့ရဲ့ကြောက်မက်ဖွယ်စွမ်းအင်တွေနဲ့လွှမ်းခြုံပစ်နိုင်ပါတယ်။ သို့သော် စနစ်တစ်ခုရှိနေသည့် ဆုရှင်းအတွက် ဒီစွမ်းအားကိုထုတ်ဖော်ဖို့မထိုက်တန်နေပါ။ ဤထူးခြားဆန်းပြားသော Xianxia ကမ္ဘာသို့ သူကူးပြောင်းလာသည်မှာ ဆယ်နှစ်တင်းတင်းပြည့်တော့မှာဖြစ်သည်။သူက စနစ်ကိုနေ့တိုင်းဝင်ရောက်စစ်ဆေးခြင်းဖြင့် ရတနာမျိုးစုံကိုရယူနေခဲ့၏။ ဆုရှင်းဟာ တစ်နေ့ထက်တစ်နေ့အားအားယားယားနေထိုင်နေပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ဟာတိုးတက်နေတုန်းပါပဲ။ လွန်ခဲ့သောဆယ်နှစ်က ဒီကမ္ဘာကို သူကူးပြောင်းလာခဲ့ပြီး နေဝင်ဆည်းဆာတောင်ထိပ်သခင်အချောလေးရဲ့တပည့်၊ လျို့ဝှတ်ကောင်းကင်ဓားဂိုဏ်းဝင်ဖြစ်လာခဲ့၏။ ဒါပေမယ့် တောင်ထိပ်သခင်အချောလေးဟာ ဂိုဏ်းအပြင်သို့ခရီးထွက်သွားရာ ခရီးလွန်နေခဲ့ပြီး ဂိုဏ်းကိုပြန်မလာခဲ့သည်မှာ ငါးနှစ်ရှိသွားပြီဖြစ်၏။ ယခုအချိန်မှာတော့ နေဝင်ဆည်းဆာတောင်ထိပ်၌ ဆုရှင်းတစ်ယောက်တည်းကျန်နေခဲ့လေ၏။ ဆုရှင်း လျှို့ဝှက်ကောင်းကင်ဓားဂိုဏ်းအပေါ် အကဲဖြတ်ရမယ်ဆိုလျင် စကားလုံးတစ်လုံးတည်းသာရှိ၏။ ကောက်ကျစ်တယ်!! ဟုတ်ပါတယ်။ဂိုဏ်းအကြီးအကဲများက ပေါင်းစည်းခြင်းရွှေအဆင့်သို့ ရောက်ရှိနေသည်မှာ သိသာနေသော်လည်း သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့အော်ရာများကိုသာနေ့တိုင်းထုတ်လွှတ်ထားကြ၏။ ကောင်းကင်လျို့ဝှတ်ဓားဂိုဏ်း၏ဂိုဏ်းချုပ်ကတော့ အခြေတည်ဝိဉာဏ်အဆင့်အဖြစ်ဟန်ဆောင်ထားလေ၏။ တစ်ခါက လူတစ်ဦးဟာ လျှိုဝှတ်ကောင်းကင်ဓားဂိုဏ်းအားရန်စခဲ့ပြီး ဂိုဏ်းချုပ်သည် အခြေတည်ဝိဉာဏ်အဆင့်သာရှိကြောင်းသိလိုက်ရသောကြောင့် အခြေတည်ဝိဉာဥ်အဆင့်ကျွမ်းကျင်သူအုပ်လိုက်ကြီးခေါ်ချလာကာ ဂိုဏ်းကိုတိုက်ခိုက်ခဲ့ပါတယ်။ ထိုအခါ လျို့ဝှတ်ကောင်းကင်ဓားဂိုဏ်းအတွင်းတွင်ပုန်းကွယ်နေသည့် ကပ်ဘေးဒုက္ခအဆင့်နတ်ဆိုးအိုကြီးများထွက်လာကြပြီး တိုက်ခိုက်လာသူအားလုံးကိုသက်ပစ်လိုက်ကြ၏။ ထိုအချိန်မှစ၍ ပထမတန်းစားဂိုဏ်းများအားလုံးသည် သူတို့၏ အတွင်းတပည့်များအား လျှို့ဝှက်ကောင်းကင်ဓားဂိုဏ်းအား လျှော့မတွက်ရန် ရန်စမမိစေရန် ပြင်းပြင်းထန်ထန်သတိပေးခဲ့ကြ၏။ လျှို့ဝှက်ကောင်းကင်ဓားဂိုဏ်းဟာလည်း အရှေ့ဘက်မြေရိုင်းဒေသအတွင်း ထိပ်တန်းဂိုဏ်းဆယ်ခုထဲမှ တစ်ခုဖြစ်လာခဲ့ချေသည်တမုံ့။ ဆုရှင်းဟာလည်း လျို့ဝှတ်ကောင်းကင်ဓားဂိုဏ်းရဲ့အစဥ်အလာတွေကိုထိန်းသိမ်းရှာ၏။သူဟာပျော့ပျော့ညံ့ညံနေကာကောက်ကျစ်တက်နေပြီဖြစ်၏။ ထိပ်တန်းကျွမ်းကျင်သူတွေပြည့်နှက်နေတဲ့ ဒီကမ္ဘာကြီးမှာ သူလုံလောက်အာင်မသန်မာသေးသရွေ့ သူ့ခွန်အားကိုမထုတ်ဖော်ရဲပေ။ ထို့အပြင် ဆုရှင်းဟာ တက်လှမ်းခြင်းအဆင့်ကိုးကို ရောက်ရှိလာပြီးနောက်၊ ကောင်းကင်နှင့်ကမ္ဘာကြားတွင် ပိုပြီးအားကောင်းသောတည်ရှိမှုတွေကို ယောင်ဝါးဝါးခံစားမိလိုက်ချေ၏။ "ငါ့ထက်တောင်ပိုသန်မာတဲ့ နတ်ဆိုးအိုကြီးတွေရှိနေသေးတာလား? ဒါဆိုသူတို့က ဧကရာဇ်နယ်ပယ်ကိုရာက်နေကြမှာပေါ့။" ဆုရှင်းဟာ သူ့အစွမ်းအစတွေကို ထုတ်ပြဖို့ အချိန်မတန်သေးပုံပါပဲ။ နယ်ပယ်များကို ချီသန့်စင်ခြင်း၊ အခြေခံ တည်ဆောက်ခြင်း၊ ပေါင်းစည်းခြင်းရွှေ၊ အခြေတည်ဝိညာဉ်၊ ဝိညာဉ်ဖွဲ့စည်းခြင်း၊ ပျတ်သုဥ်းခြင်း၊ညီညွတ်ခြင်း၊ ကျွမ်းကျင်မှု၊ ကပ်ဘေးဒုက္ခနှင့် တက်လှမ်းခြင်း ဟူ၍ ပိုင်းခြားထား၏။ တက်လှမ်းခြင်းနယ်သခင်တစ်ယောက်ဟာ ဝိဉာဏ်ချီကို ကိုးကြိမ်နှင့်အထက် ပေါင်းစည်းနိုင်ခဲ့ပါက သူသည် နတ်ဘုရားကဲ့သို့ဖြစ်လာမည်ဖြစ်၏။ နတ်ဘုရားကဲ့သို့အဆင့်ကို ဖြတ်ကျော်ပြီးနောက်၊ လေဟာနယ်ကိုဖြတ်၍ အထက်ဘုံသို့ဦးတည်သွားနိုင်ကြောင်း ကောလဟာလများလည်းရှိသည်။ လွန်ခဲ့သော 10 နှစ် ဤနေရာသို့ ပြောင်းရွှေ့လာခါစ ဆုရှင်းဟာ ချီသန့်စင်မှု တတိယအဆင့်တွင်သာရှိနေသော လူသစ်တစ်ဦးမျှသာ။ တိုတောင်းသောဆယ်နှစ်တာကာလအတွင်း ဆုရှင်းဟာ မရေမတွက်နိုင်တဲ့လူမျရောက်ချင်နေကြသော တက်လှမ်းခြင်းနယ်ပယ်အဆင့်ကိုးသို့ စနစ်၏အကူအညီငြ့်ရောက်ရှိခဲ့၏။ ဆုရှင်းသည် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန် အလွန်ဆုံးဆယ်နှစ်သာ အချိန်ယူရမည်ဟုယုံကြည်ထား၏။ ဆုရှင်း၏ အကြည့်သည် နေဝင်ဆည်းဆာတောင်ထိပ်ကို ဖြတ်ကျော်သွားပြီး သူ့မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။ တက်လှမ်းခြင်းနယ်ပယ် အဆင့်ကိုးဟာ အထွတ်အထိပ်သို့ရောက်ရှိပြီး ဝိညာဉ်စွမ်းအင်အဆင့် ကိုးဆင့်ကို တစ်ဖန်ပြန်လည်စုစည်းလိုက်မှသာကျော်ဖြက်နိုင်တာဖြစ်၏။ အဆင့်တိုင်းမှာ ခန္ဓာကိုယ်အတွင်းတွင်ရှိသည့် ဝိညာဉ်ချီဟာပိုပြီး ကျစ်လစ်ခိုင်မာလာမည်ဖြစ်သည်။ တက်လှမ်းခြင်းနယ်ပယ်၏အဆင့်ကိုးသို့ ရောက်ရှိပြီးနောက်၊ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီသည် သန်မာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကဲ့သို့ ကျစ်လစ်ခိုင်မာသည်ဟုဆိုနိုင်သည်။ကျင့်ကြံရာတွင် အထောက်အကူဖြစ်စေရန်အတွက်ဝိဉာဏ်ချီဟာသန့်စင်နေရမည်ဖြစ်၏။ ဆုရှင်း၏ဆရာသခင်အချောလေးမှာ ပေါင်းစည်းခြင်းရွှေနယ်ပယ်၏အဆင့်ကိုးတွင်သာရှိနေသေး၏။ သူမအတွက်တော့ နေဝင်ဆည်းဆာတောင်ထိပ်မှာရှိတဲ့ ဝိဉာဥ်ချီများဟာ လုံလောက်တာထက်ကိုပိုနေပါသးတယ်။ သို့သော် တက်လှမ်းခြင်းနယ်ပယ်၏အဆင့်ကိုးသို့ ရောက်ရှိခဲ့သော ဆုရှင်းအတွက် နေဝင်ဆည်းဆာတောင်ထိပ်မှဝိဉာဥ်ချီများက အသုံးမဝင်တော့ချေ။ "ဒီနေဝင်ဆည်းဆာတောင်ထိပ်ကို အသွင်ပြောင်းပေးချိန်တန်ပြီပဲ။"ဆုရှင်းက ရေရွတ်လိုက်သည်။ စနစ်ဆီကနေ သူ့ဝင်စစ်ဆေးပြီးတဲ့အချိန်မှာ ကောင်းကင်ကောင်းချီးမြေအားရခဲ့၏။ လူတွေက သူ့စနစ်၏ ထုတ်ကုန်များအားတွေ့လျှင် အရည်အသွေးအရမ်းကောင်းမွန်တယ်လို့ ပြောကြမည်ဖြစ်၏။ဆုရှင်း၏ စနစ်ထံမှ နှစ်ပေါင်းများစွာကြာပြီးနောက်ရရှိလာသော ရတနာများအား အပြင်မှာပြလိုက်ပါက တိုက်ကြီးတစ်ခုလုံး သွေးလွှမ်းတိုက်ပွဲတွေဖြစ်လာမည်မှာသေချာ၏။ ထို့ကြောင့် ဆုရှင်းဟာ ဒီကောင်းကင်ကောင်းချီးမြေက ဘယ်လောက်ထိမှော်ဆန်နိုင်မလဲဆိုတာတွေးရင်း အရမ်းကိုစိတ်လှုပ်ရှားနေပါသည်။ "စနစ်၊ ကောင်းကင်ကောင်းချီးမြေကိုသုံးမယ်" ဆုရှင်း ထိုင်ခုံမှထ၍ စနစ်သိုလှောင်ခန်းကိုဖွင့်ကာ ကောင်းကင်ကောင်းချီးမြေကို ပုတ်လိုက်၏ ။ "တီ! တီ!" "ကောင်းကင်ကောင်းချီးမြေကို အသုံးပြုခြင်းအောင်မြင်ပါတယ်!" "ဂုဏ်ယူပါတယ် ကံကောင်းခြင်း ရွှေနဂါးတစ်ကောင်ရရှိပါပြီ" "ဂုဏ်ယူပါတယ် ကောင်းကင်အဆင့် ထိပ်တန် အရည်အသွေးမြင့် ဝိဉာဥ်စုဆောင်းပုတီးစေ့ကိုရရှိပါတယ်" "ဂုဏ်ယူပါတယ် ကောင်းကင်အဆင့် ထိပ်တန်း အရည်အသွေးမြင့် အထွတ်အမြတ်လက်နက်ဖြစ်သော သဲကန္တာရနှင်တံကိုရရှိပါသည်။ " "ဂုဏ်ယူပါတယ် ကောင်းကင်အဆင့် ထိပ်တန်း အရည်အသွေးမြင့် တောင်တန်းအကာကွယ်အစီအရင်ကိုရရှိပါသည်။ အစီအရင်သည် ဧကရာဇ်အဆင့်ကျွမ်းကျင်သူ၏ အင်အားအပြည့်ဖြင့်တိုက်ခိုက်ခြင်းနှင့်နှိုင်းယှဥ်နိုင်ပါတယ်" စနစ်၏အသံက သူ့စိတ်ထဲတွင် ထွက်ပေါ်လာပြီးနောက်၊ ဆုရှင်း ပတ်ဝန်းကျင်ရှိ ဝိဉာဥ်ချီများသည် ကြောက်မက်ဖွယ်ကောင်းသောအရှိန်ဖြင့်တိုးပွားလာသည်။ အကယ်၍ နေဝင်ဆည်းဆာတောင်ထိပ်မှာရှိနေတဲ့ ဝိဉာဥ်ချီ၏သိပ်သည်းဆသည် ယခင်ကတစ်ဆဖြစ်လျင် ယခုအချိန်တွင် အဆတစ်ထောင်ကျော်သွားသည်မှာ သေချာ၏။ နေဝင်ဆည်းဆာတောင်ထိပ်တွင်ရှိသော ဝိဉာဥ်ချီဟာ ကောင်းကင်ဓားဂိုဏ်းရှိနေရာများတွင် ထိပ်ဆုံးမှတည်ရှိမှုအဖြစ်ယူဆနိုင်ပါသည်။ဝိဉာဥ်ချီ အဆတစ်ထောင် တိုးလာတယ်။ ဒါကဘယ်လိုကြီးလဲ? ပြတ်ပြတ်သားသားပြောရလျှင် ဒီနေရာတွင် ဝက်တစ်ကောင်တောင်မှ နှစ်အနည်းငယ်အတွင်း ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးပြီး သားရဲဘုရင်တစ်ကောင်ဖြစ်လာနိုင်ဖွယ်ရှိ၏။ ဤအချိန်တွင် ရွှေနဂါးကြီးက တောင်ထိပ်ကို ဖြည်းညှင်းစွာ လှည့်ပတ်နေသည့်အတွက် ရွှေရောင်အလင်းတန်းများက ကောင်းကင်အား ဖုံးလွှမ်းသွား၏။ ဧရာမနဂါးကြီး၏ မျက်လုံးများသည် အဆုံးမရှိ ဂုဏ်သိက္ခာနှင့် ပြည့်နှက်နေ၏။နဂါးကြီး၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် ပတ်ပတ်လည်ရှိ လေဟာနယ်ကိုပင်ကွဲအက်သွားစေပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ရောင်စုံအလင်းတန်းများ လင်းလက်လာကာ ဝိဉာဥ်ချီလှိုင်းများသည် နေဝင်ဆည်းဆာတောင်ထွတ်တစ်ခုလုံးအားလွှမ်းခြုံထား၏။ ဂိုဏ်းတစ်ခုအတွက် ဝိညာဉ်ချီသည် လုံးဝအရေးကြီးသောတည်ရှိမှုဖြစ်၏။ ကံကြမ္မာကို ဖယ်ရှားနိုင်တဲ့ ရတနာတစ်ခုအား ဂိုဏ်းတစ်ခုက ရှာနိုင်ခဲ့လျှင် ထိုဂိုဏ်းဟာ အနှစ်တစ်ထောင် ကြီးပွားချမ်းသာပြီး အနှစ်တစ်သောင်းအထိ ဆုတ်ယုတ်မသွားနိုင်ဘူးဆိုတာ အာမခံနိုင်မည်ဖြစ်၏။ ဤအချိန်တွင် နေဝင်ဆည်းဆာတောင်ထိပ်သည် ကံကောင်းခြင်းရွှေနဂါးအား ပိုင်ဆိုင်ထားသောကြောင့် နောင်တွင် နေဝင်ဆည်းဆာတောင်ထိပ်၏တပည့်များသည် ၎င်းတို့၏ကျင့်ကြံခြင်းတွင်အခက်အခဲများစွာရှိတော့မည်မဟုတ်ပေ။ မည်သည့်နယ်ပယ်ကိုမဆို လုံလောက်သည့်စိတ်ဓာတ်နဲ့ခွန်အားရှိရုံဖြင့် အောင်မြင်စွာဖြက်ကျော်နိုင်မည်ဖြစ်လေ၏။ ***





ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now