ဗီလိန်တစ်ဦး၏ ကံကြမ္မာ
ဘာသာပြန်သူ:လင်းသန့်
အပိုင်း(၁)
"အရှေ့ဘက်ကုန်းမြေဒေသရဲ့ အဓိကဂိုဏ်းကြီးခြောက်ဂိုဏ်းထဲကတစ်ခုဖြစ်တဲ့ ထန်းရွှမ်တော်ဝင်ဂိုဏ်းကြီးရဲ့ သရုပ်အမှန်က ဒီလိုလား.."
"အခုကိစ္စက လူတွေကို အနိုင့်ကျင့်၊ဖိနှိပ်ရတာအားမရလို့ သမီးဖြစ်တဲ့သူကိုလည်းမချန် မီးတွင်းထဲခုန်ချခိုင်းတဲ့ ဆိုးယုတ်တဲ့ ကိစ္စရပ်ကြီးပဲ..။"
"နောက်ပြီးတော့ အစကနေပြီးအဆုံးထိ ထန်းရွှမ်းဂိုဏ်းကလူတွေအကုန်လုံးက မြင့်မြတ်သောသမီးတော်ရဲ့ စိတ်ရင်းဘယ်လိုရှိသလဲဆိုတာကိုလည်း မမေးကြဘူး..။"
"ဒီနေ့မှာတော့ ငါကပဲ ထန်းရွှမ်ဂိုဏ်းတပည့်သားဆိုတဲ့ ဂုဏ်ပုဒ်ကို စတေးပြီး သူမအတွက် တရားမျှတမှုကို တောင်းဆိုရမယ်...။"
"ဒီကနေ့မှစပြီး ရီချွန်ဆိုတဲ့ငါက ဒီမတရားတဲ့ကိစ္စအတွက် တစ်နေ့ပြန်ပေးဆပ်ခိုင်းလိမ့်မယ်ဆိုတာ ထန်းရွှမ်ဂိုဏ်းတစ်ခုလုံးက မြဲမြဲမှတ်ထားလိုက်.....။"
ခမ်းနားကျယ်ပြန့်လှသည့် ခန်းမဆောင်ကြီးထဲ၌ ထိုအသံကိုကြားလိုက်သည်နှင့် ခန်းမထဲရှိလူများ၏ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
ထိုအသံပိုင်ရှင်မှာ ခန့်ညားပြီး မဟုတ်မခံစိတ် အထင်းသားပေါ်လွင်နေသည့် ကြံခိုင်ပုံရသည့် လူရွယ်တစ်ဦး ဖြစ်၏။
ထိုလူရွယ်မှာ တစ်စုံတစ်ခုကို မကျေနပ်သည့်အသွင်ရှိပြီး လက်သီးကို တင်းတင်းဆုပ်ထားသည်။
ထိုသူ၏ အမည်မှာ "ရီချွန်" ဖြစ်ပြီး ထန်းရွှမ်တော်ဝင်ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ဦးလည်း ဖြစ်၏။
"အတင့်ရဲလိုက်တာ။ အတွင်းစည်း
တပည့်အဆင့်ကများ ကြီးမြတ်တဲ့အရှင်ကို အာခံရဲတယ်...။ ""မင်းတော့ အသက်ရှင်ချင်နေရတာ ငြီးငွေ့နေပုံပဲ....။"
ထိုအချိန် အနီးရှိအရက်သောက်နေသည့် အကြီးအကဲတစ်ဦးမှ အော်ဟစ် ကြိမ်းမောင်းလိုက်သည်။
ထိုအချိန်မှာတော့ ခန်းမအတွင်းရှိလူများစုက ဖြစ်စဥ်ကိုသဘောပေါက်စပြုလာတော့၏။
ESTÁS LEYENDO
ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန်
Acciónသိုင်းလောကစာအုပ်နာမည်နဲ့ဇာတ်လမ်းမိတ်ဆက် သိုင်းလောကစာအုပ်နာမည်နဲ့ဇာတ်လမ်းမိတ်ဆက် Xianxia book listလို့ နာမည်ပေးထားပေမယ့် ဖတ်လို့ကောင်းမယ့် သိုင်းစာစဉ်နဲ့ တရုတ် novel (Normal)အမျိုးအစားများစွာကို မိတ်ဆက်ပေးပါ့မယ်။ Xianxia book listလို့ နာမည်ပေးထားပေမယ...