386 6 0
Ten Thousand Worlds Of Martial God
လောကတစ်သောင်းနတ်ဘုရား
မူရင်းရေးသားသူ - Shu Kuang Ren
အကျဥ်းချုပ်-
တစ်ချိန်တုန်း က သိုင်းဝိညာဥ် ကမ္ဘာကြီး တစ်ခု ရှိခဲ့လေသည်။
စာအုပ် သိုင်းဝိညာဥ် တစ်ခုကတင် ကဗျာ လက်ရေးလှ စာလုံးများ နှင့် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်စွမ်း ရှိသလို မြှားသိုင်းဝိညာဥ် တစ်ခုသည်လည်း ထောင်ပေါင်းများစွာသော မိုင်အကွာအဝေးက ဝိညာဥ် တစ်ခုကို ထိခိုက်နိုင်စွမ်း ရှိပေသည်။
ဓားသိုင်းဝိညာဥ်သည်လည်း ကောင်းကင်ကိုပင် ဖြတ်ပိုင်းနိုင်စွမ်း ရှိပေသည်။
နတ်ဘုရားတက်လှမ်းခြင်း မင်းဆက် ၏ ပိုင်နက် ၊ မြို့လေး တစ်မြို့မှ လူငယ်လေး တစ်ယောက် ဟာ ထူးခြားလွန်းလှသည့် သိုင်းဝိညာဥ် တစ်ခုကြောင့် ကံကြမ္မာကို ပြင်ဆင်ရန် ၁၆ နှစ်အရွယ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ယင်းက သွေးချွေးတို့ ဆူပွက်သွားစေနိုင်သည့် ဒဏ္ဏာရီ တစ်ပုဒ် ဖြစ်လာခဲ့သည်။
အပိုင်း - ၁
(ကောင်းကင်လွန်ဆန်ပြီး ကံကြမ္မာ ပြောင်းလဲခြင်း )
" ငါ တကယ် အသက်ရှင်နေသေးတယ်လား..."
အခန်းငယ်လေး တစ်ခု အတွင်း ၌...
ချန်ဖုန်း မှာ သရဲမြင်လိုက်ရသည့် လား ချွေးသံတရဲရဲ ဖြင့် နိူးထလာခဲ့သည်။
သူ မိုးမုန်တိုင်း လက်နက် ကို ဖေါက်ခွဲခဲ့ပြီး တိုင်မူတျန်ခီ နှင့် အတူ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
အလွန်ပြင်းထန်သည့် ပေါက်ကွဲအားကြောင့် အပိုင်းပိုင်း အစစ ဖြစ်သွားကာ ဆံပင်တစ်ချောင်းပင် မကျန်ခဲ့။ သို့သော် ယခုတွင် သူသည်တော့ အိပ်ရာထက် ခွန်အားအပြည့် နှင့် ရောက်ရှိနေခဲ့သည်။
" ဒါ ပုံရိပ်ယောင်များလား...."
" ဒီလိုပဲ ဖြစ်ရမယ်... ငါ တိုင်မူတျန်ခီ ကို သတ်နိုင်ခဲ့တာ ဖြစ်မယ်..."
ချန်ဖုန်း သူ့လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကာ နာကျင်မှု ကို မခံစားရနိုင်ဟု တွေးလိုက်ပြီး လက်ကို လက်သည်းဖြင့် ထိုးစိုက်ပစ်လိုက်သည်။
ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now