(39)ကြီးမြတ်သောသခင် ကြီးမြတ်သောသခင်

57 0 0
                                    

ကြီးမြတ်သောသခင်

Translator
ဉာဏ်လင်းထက်

ပန်းသင်္ချိုင်း ဓားသမား လင်းယွန်။
နတ်ဘုရားများ ရှင်သန် ကြီးထွားရာ ခေတ်ကို ကမ္ဘာဦး ခေတ်လို့ ခေါ်ခဲ့ကြပါတယ်၊ ကမ္ဘာဦးခေတ် ပျက်စီး သွားပြီး တဲ့နောက်၊ ရှေးဦးခေတ် ရောက် လာတယ်။
တနည်း အားဖြင့် နတ်ဘုရား အကြွင်း အကျန် သွေးစက်တွေ၊ ရတနာတွေ၊ တာအို တွေ ကြောင့်၊ ရှေးဦးခေတ်ကို၊ ရွှေခေတ်လို့ သတ်မှတ် လိုက် ကြတယ်။
ရွှေခေတ်ကို ပြိုကွဲ သွားပြီးတဲ့နောက်၊ အမှောင်ခေတ် ကြီးစိုး လာခဲ့ တယ်။ ကျင့်ကြံသူတွေအတွက်၊ ဝရုန်းသုံးကား နိုင်တဲ့ ခေတ်ပျက် ကြီးပါ။ သူတော်စင် မိသားစု ကြီး-ငယ်တွေ၊ မြင့်မြတ်မြေတွေ၊ တန်ခိုးကြီး ဂိုဏ်းဂဏတွေ ထွန်းကား ခဲ့ ပေမယ့်၊ အမှောင် ခေတ်ကို အဆုံး မသတ် နိုင်ခဲ့ ကြဘူး။ ဒါကြောင့် ဧကရာဇ် ကိုးပါ ထွက်ပေါ် လာချိန်မှာ၊ ခွန်လွန်ကို အခြေ ပြုပြီး၊ နတ်နဂါး ခေတ်ကို ပြန်လည် ထူထောင် လိုက်ကြတယ်။ နတ်နဂါး ခေတ်မှာ၊ ဧကရာဇ် ကိုးပါးက အသန်မာဆုံး တန်ခိုးရှင် ဖြစ်တာကြောင့်၊ ဂိုဏ်း တွေ၊ မြင့်မြတ်မြေ တွေကို၊ နှိမ်နင်းပြီး သူတို့ အာဏာကို၊ တည်စေ ခဲ့တယ်။ ဓားဧကရာဇ်က ဓားဂိုဏ်းကို နှိမ်နှင်းပြီး၊ မြင့်မြတ်မြေ အဖြစ် ကနေ၊ ဖြုတ်ချ ပစ်ခဲ့တယ်။ ကံကောင်း စေတာက ဓားဂိုဏ်းမှာ၊ သက်တံဓား သူတော်စင် ဆိုတဲ့၊ ဓား သူတော်စင် တစ်ပါး ပေါ်ထွန်း လာခဲ့ တာပဲ။
အဲ့ဒီ သက်တံဓား သူတော်စင်က ဓားဂိုဏ်း ကို၊ မြင့်မြတ်မြေ အဖြစ် ပြန်ပြီး၊ ရယူဖို့ အတွက်၊ တပည့်တွေ လက်ခံ ခဲ့တယ်။ ဒီလို အချိန်မှာ၊ ဇာတ်ကောင် ဖြစ်လာမဲ့၊ နိမ့်ကျတဲ့ နယ်မြေက ဓားကျွန် တစ်ယောက်က၊ ဓားတာအိုကို ရွေးပြီး၊ ကျင့်ကြံမှု လမ်းကို လျှောက်လှမ်း နေခဲ့တယ်။ ထူးဆန်းတဲ့ နတ်သစ်သား ဓား တစ်လက်၊ ဓားသေတ္တာ တစ်လုံးနဲ့၊ ခရီးဖော် နဂါးသွေး မြင်း တစ်ကောင်ကို စီးနင်းပြီး၊ အောက်ကမ္ဘာမှာ တစ်ကိုယ်တည်း ဖြတ်သန်း နေရတယ်။ သူ့ ချစ်သူက၊ နတ်နဂါး အင်ပါယာရဲ့ နဝမမြောက် သမီးတော် ဖြစ်နေပြီး၊ သူ့ ဂိုဏ်းက ဓားဂိုဏ်း ဖြစ်နေတဲ့ အခါ၊ ဆုံးဖြတ်ချက် တွေက သူ့ကို ပိုပြီး၊ အထီးကျန် လာစေတယ်။ လက် ထဲက ပန်းသင်္ချိုင်း ဓားက၊ တောင်ပိုင်း ဧကရာဇ်ကို၊ သူ့ချစ်သူက ပေးခဲ့တဲ့ လက်ဆောင် ဖြစ်ပြီး၊ ဓားသေတ္တာ ကလည်း၊ နတ်ဘုရားတွေ ကိုတောင် သတ်နိုင်တဲ့၊ အိုင်းရစ် ဓား သူတော်စင်ရဲ့၊ အမွေ ဖြစ်နေတယ်။ ဓားသေတ္တာ ထဲမှာ၊ ခရမ်းရောင် လျှို့ဝှက် နယ်မြေ တစ်ခု ရှိပြီး၊ ရေခဲ ဖီးနစ် စာကလေး တစ်ကောင်ကို၊ ချိပ်ပိတ် ထားတယ်။ သိုင်းဝိညာဉ်က ဓား တစ်လက်ပဲ။ အဲဒီ ဓားက ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲကြီး (၉) ကောင်ကို၊ ချိုးနှိမ် ထားတယ်။ ဒီလို ထူးခြားတဲ့ အမွေတွေ၊ စွမ်းရည်တွေ၊ ဇွဲလုံးလတွေ၊ ဆုံးဖြတ်ချက် တွေနဲ့၊ အဆင့်နိမ့် ကမ္ဘာရဲ့၊ ဓားကျွန် တစ်ယောက်က၊ ... ... နဝမမြောက် ကောင်းကင် လမ်းကို ဖြတ်ပြီး၊ ခွန်လွန်ကို ခြေချ မိတဲ့ အခါ၊ နတ်နဂါး ခေတ်ကြီးရဲ့ အရှုပ် အထွေးထဲ၊ အလိုလို ပါဝင် လာရ တော့တယ်။ နဝမမြောက် သမီးတော်ရဲ့၊ ဧကရာဇ် ဓားသုတ္တန်နဲ့၊ ဓားဂိုဏ်းရဲ့ တာဝန် တွေကြောင့်၊ သူတို့ နှစ်ဦး ပေါင်းသင်းခွင့် ရနိုင် မလား။ လင်းယွန်က နတ်နဂါး ဧကရီ အပေါ်၊ အနိုင်ယူနိုင် မလား။ ဓားဂိုဏ်း ကိုရော မြင့်မြတ် မြေ အဖြစ်၊ ပြန်ရယူ ပေးနိုင် မလား။ နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ ဆိုတဲ့ ကံကြမ္မာက၊ ပန်းသင်္ချိုင်း အပေါ် ဘယ် အထိ သက်ရောက်မှု ရှိစေလဲ။ သူ့ရဲ့ သိုင်းဝိညာဉ် ဖြစ်တဲ့၊ ဓားကရော ဘယ်အဆင့် ရတနာ မျိုးလဲ၊ တောင်ပိုင်း ဧကရာဇ် နဲ့ရော ဘယ်လို ပတ်သတ်မှု ရှိလဲ။ လင်းယွန်က ဘယ်သူလဲ၊ ဘိုးဘေး နဂါးပြာ နတ်ဘုရားလား၊ ဒါမှ မဟုတ် ဓား ဘိုးဘေးလား၊ အိုင်းရစ် ဓား သူတော်စင် နဲ့ရော၊ ဘယ်လို ပတ်သတ်မှု ရှိလဲ။ " ငါက ပန်းသင်္ချိုင်း ... ၊ ပန်းတွေနဲ့ လူတွေကို မြှပ်နှံ ပေးတယ်။ "

ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now