(12)နတ်ဆိုးမင်းသားနှင့်သူ၏ချစ်သူများ နတ္ဆိုးမင္းသားႏွင့္သူ၏ခ်စ္သူမ်ား

572 12 2
                                    

နတ်ဆိုးမင်းသားနှင့်သူ၏ချစ်သူများ

မိတ်ဆက်

လီရန်သည် အခြားကမ္ဘာသို့ ကူးပြောင်းသွား၍ မိစ္ဆာဂိုဏ်း တစ်ခု၏ မြင့်မြတ်သားတော် ဖြစ်လာခဲ့သည်။

စနစ်က နိုးထလာအပြီးတွင် သူပေးခဲ့သော ပထမဆုံး တာဝန်မှာ ချစ်ရေးဆိုရန်ပင် ဖြစ်နေလေသည်။

သူ၏ ဂိုဏ်းက အမျိုးသားနှင့် အမျိုးသမီးများ အကြားမှ ဆက်ဆံရေးကို တင်းကျပ်စွာ တားမြစ်ထားသည်။

လီရန်သည် ဂိုဏ်းအတွင်းမှ ထုတ်ပယ်ခံရနိုင်သည့် အန္တရာယ်ကို စွန့်စား၍ သူ၏ ဂျူနီယာ ညီမလေးထံသို့ မေတ္တာစာချွန် ပေးပို့ခဲ့ရာ မတော်တဆဖြင့် သူ့ဆရာထံသို့ ရောက်သွားခဲ့လေသည်။

နတ်ဆိုးမင်းသားနှင့် သူ၏ ချစ်သူများ

စာစဥ် ၁ : အပိုင်း ၁

အပိုင်း ၁ : အချစ်ရေးလား၊ ငါက ဒီနေရာမှာ ဆရာတစ်ဆူပဲ

ရွှမ်းလင်တောင်၊ အင်မော်တယ် ထမြောက်ခြင်း စင်မြင့်အပေါ်တွင်။

အရပ်မြင့်မြင့်နှင့် ခန့်ညားသော ပုံရိပ်တစ်ခုသည် လေကိုဆန်၍ ရပ်နေရာ သူ၏ အဖြူရောင် ဝတ်စုံနှင့် ဆံပင်ရှည်တို့က တင့်တယ်စွာ တဖျပ်ဖျပ် လှုပ်ခါလျက် ရှိနေသည်။ အနီးမဝေးတွင် တပည့် များစွာတို့က ရပ်နေကြရင်း တီးတိုး ပြောဆိုနေကြလေသည်။

"ရှန်ကျိက ရှုခင်းတွေကို စိုက်ကြည့်နေတာ သုံးနာရီ ရှိသွားပြီ... သူက ကျင့်ကြံဖို့ မလိုနေဘူးလား" တပည့်ငယ် တစ်ယောက်က စပ်စုစွာဖြင့် မေးလိုက်၏။ (ရှန်ကျိ ဆိုသည်မှာ ဂိုဏ်းတစ်ခုလုံးတွင် ကျင့်ကြံမှု အမြင့်မားဆုံး တပည့်ကို ဆိုလိုနေခြင်း ဖြစ်သည်)

"ဟွန့်... မင်းက ဘာနားလည်လို့လဲ... ရှန်ကျိရဲ့ ကျင့်ကြံမှု အဆင့်နဲ့ ဉာဏ်အလင်း တစ်ချက် ပွင့်သွားတာဟာ ကျင့်ကြံမှုထက် အများကြီး ပိုအရေးပါတယ်... စကားတိုးတိုးပြော... ရှန်ကျိရဲ့ စူးစမ်း ဆင်ခြင်နေမှုကို အနှောင့်အယှက် မဖြစ်စေနဲ့" စီနီယာ တပည့်တစ်ယောက်က အသံတိုးတိုးဖြင့် ပြစ်တင် ကြိမ်းမောင်းလိုက်သည်။

ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now