အပိုင်း-၁ (မှိုစွပ်ပြုတ်)
ရှီယု ဒီနေရာကိုရောက်နေတာ တစ်ရက်ရှိသွားပြီ။ ဝိညာဉ်ကူးလာ တယ်ဆိုတာကြီးက ကြောင်တောင်တောင်နိုင်လွန်းပေမဲ့လည်း မတက်နိုင်ဘဲ လက်ခံလိုက်ရ တယ်။ ဝိညာဉ်ကူးတာနဲ့ ပတ်သတ်တဲ့ ဝတ္ထုတွေအများကြီး ဖတ်ဖူးပြီးသား သူမအနေနဲ့ ဒီကိစ္စကို လက်ခံပေးနိုင်ပေမယ့်လဲ တစ်ခုတည်းသော လက်မခံနိုင် စရာဆိုလို့..... သူဖုန်းစားဘဝကို ရောက်လာရတာပဲ! သူမရဲ့ စုတ်တီးစုတ်ပြတ် အဝတ်အစားလေးကို ငုံ့ကြည့်မိ တော့လဲ ရလိုက်တဲ့ အနံ့ဆိုးကြီးကြောင့် မူးမေ့တော့ မလိုတောင် ဖြစ်သွားရတယ်။ ရှီယု ဒီဘုံကျောင်းပျက်ကြီးကနေ အပြင်ကိုထွက်ပြီး ကိုယ်လက်သန့် စင်မလို့် ထရပ်လိုက်စဉ်မှာဘဲ ယိုင်သွားတာကြောင့် ဘေးကနံရံတွေကို မှီကာ တံခါးဝဆီရောက်လာခဲ့တယ်။ အဲ့အချိန်မှာဘဲ ကလေးတစ်သိုက် က ကျောင်းပျက်ကြီးဆီကို စိတ်လှုပ်ရှားစွာနဲ့ ပြေးလာကြ တယ် ။ "ကျတော်တို့ ပေါက်စီတစ်လုံး ကောက်ရခဲ့တယ်။ ရော့..ဒါ မမအတွက်" ရှီယု ထိုအဝါရောင်သန်းနေတဲ့ ညစ်ထေးထေးအရာကြီးကို ကြည့်လိုက်ကာ စားချင်စိတ် တောင်ပျောက်သွားတယ်။ ဒါပေမဲ့လည်း သူတောင်းစား ဖြစ်နေမှတော့ အစားရွေးမနေ တော့ဘဲ တစ်ကိုက်ကိုက်လိုက် တယ်။ (မာတောင့်နေတာပဲ! ပြီးတော့ ဂျုံသားကလည်း တော်တော် ကြမ်းလွန်းတယ်!) သူမ နည်းနည်းလောက် ထပ်စားလိုက်ပြီးမှ ကလေးတွေက ဒီပေါက်စီကို သွားရည်ယိုနေကြ တာ မြင်တော့ ကျန်တာတွေကို ကလေးတွေဆီပေးလိုက်တယ်။ " ရော့! နင်တို့လည်း စားကြလေ!" "ဒါပေမဲ့ ဘိုးဘိုးက ပြောတယ် မမက နေမကောင်းသေးတော့ မမကို ဂရုစိုက်ရမယ်တဲ့" ကလေးတွေက ပေါက်စီကို မယူကြဘဲ ပြောလိုက်တယ်။ "ရပါတယ်။ ငါ ဗိုက်ပြည့်သွားပြီ" ရှီယု ထိုပေါက်စီကို ကလေးတွေ ဆီ ထပ်ပေးလိုက်ကာ လှေကား ထစ်ပေါ်မှာထိုင်ရင်း သူတို့နဲ့ စကားပြောနေလိုက်သည်။ သူတို့ပြောတာ ကြားလေလေ သူမ ရဲ့နှလုံးခုန်သံတွေ မြန်လာလေ လေပဲ။ (ဘာလို့လဲဆိုတော့ ဒီထူးဆန်းထွေ လာ ကမ္ဘာကြီးကို ငါ သိနေလို့ပဲ! ဒီကမ္ဘာကြီးက ငါ့ရဲ့အချစ်ဆုံး သူငယ်ချင်းကြီး၂ယောက်ရေးထား တဲ့ ဝတ္ထုထဲက နေရာကြီး မဟုတ်ဘူးလား?) သူမမှာ သူငယ်ချင်း ၂ယောက်ရှိ တယ်။ တစ်ယောက်က အားကောင်လို့်ခေါ်တဲ့ ယောက်ျားလေး ဖြစ်ပြီး နောက် တစ်ယာက်က ဖက်တီးကုံလို့ခေါ် တဲ့ မိန်းကလေးဖြစ်တယ်။ အားကောင်ရေးထားတဲ့ စာအုပ်ထဲက အမျိုးသား ဇာတ်လိုက်က အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ပြီး နောက်ဆုံးမှာတော့ ဒဏ္ဍာရီလာ သူရဲကောင်း တစ်ယောက် ဖြစ်သွားရတယ်။ ဖက်တီးကုံက အဲ့လို အမျိုးသား ဇာတ်လိုက်တစ်ယောက်ထဲကို အလှလေးတွေကဝိုင်းပြီး ဖော်လန်ဖားလုပ်နေတဲ့ စာအုပ်မျိုး ကို မကြိုက်ဘူး။ အဲ့တာနဲ့ သူမက မိန်းကလေးဇာတ်လိုက်ကို အသား ပေးထားတဲ့ ဝတ္ထုတစ်အုပ်ထပ်ရေး လိုက်တယ်။ နှစ်ယောက်စလုံးက ကမ္ဘာတစ်ခု တည်းကိုပဲ အခြေတည်ပြီး တစ်ယောက်က အမျိုးသားဇာတ်လိုက် အကြောင်း ရေးတယ် နောက်တစ်ယောက်က အမျိုးသမီးဇာတ်လိုက် အကြောင်း ရေးတယ်။ သူမအနေနဲ့ စာအုပ်၂အုပ်လုံးကို ဖတ်ပြီးကြိုက်သွားတာနဲ့ သူတို့ရဲ့ စာအုပ်ထဲမှာ သူမကိုပါ ဇာတ်ကောင်တစ် ကောင်အနေ နဲ့ထည့်ရေးပေးဖို့ ပြောလိုက်တော့ သူတို့က သဘောတူလိုက်ကြ တယ်။ ဒါပေမယ့် သူမရဲ့ အချစ်ဆုံး သူငယ်ချင်းကြီး၂ယောက်က သူမ ကို သူတောင်းစားအနေနဲ့ ရေးပေးမယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး! အဲ့အကြောင်းသိသိချင်းတုန်းက သူမရဲ့ သူငယ်ချင်းတွေကို ဇွတ်အတင်း နားပူနားဆာ သွားလုပ်လိုက်တာ နောက်ဆုံး တော့ သူတို့တွေက သူမကို စွမ်းရည်တစ်ခုထည့်ပေး လိုက်ကြတယ်။ အဲ့စွမ်းရည်နဲ့ သူမ က အင်မော်တယ်လမ်းစဉ်ပေါ်မှာ ထိပ်ဆုံးကို ရောက်သွားမယ်ဆိုပြီးတော့ပေါ့။ အဲ့စွမ်းရည်ကတော့ စားဖိုမှူးဖြစ် တဲ့ သူမအတွက် ပေးလိုက်တဲ့ အစားအသောက်တွေ ဖန်တီပြီး ကျင့်ကြံခြင်းအဆင့်တက်အောင် လုပ်ခြင်းပဲဖြစ်တယ်။ ဝတ္ထုရဲ့အစပိုင်းမှာတော့ သူမက အဓိက ဇာတ်လိုက်တွေဆီကနေ အကူအညီတွေရခဲ့တဲ့အတွက် နောက်ပိုင်း သူတို့တွေ အခက်အခဲကြုံလာချိန်ရောက် တော့ ပြန်ပြီး ကူညီပေးလိုက်တဲ့ ဖြတ်လျှောက်လေးတစ်ယောက် ပေါ့။ (ဆိုတော့.. ငါက အခု ဟို၂ကောင်ရေးထားတဲ့ စာအုပ်ထဲ ကို ရောက်လာတာပေါ့! ပြီးတော့ ဒီသူတောင်းစားဇာတ်ကောင်လေး ကလဲ သူတို့ကို မနည်းတောင်းပန် ပြီးမှရလာတဲ့ ဇာတ်ကောင်လေး လေ! ) ရှီယု သူမကိုယ်ကို ပြန်ကြည့်ကာ ကြေကွဲသွားတယ်။ ဒါပေမဲ့ သူမရဲ့အနာဂတ်လေးကို ပြန်စဉ်းစားမိပြီး ပျော်ရွှင်သွားပြန် တယ်။ ဘာလို့လဲဆိုတော့ သူမက ဒီလောကထဲက အဓိက ဇာတ်လိုက်ကြီး၂ယောက်က ဘယ်သူတွေလဲဆိုတာ ကြိုသိနေ လို့ပဲ။သူတို့ရဲ့ အကူအညီနဲ့ဆို ပိုက်ဆံကိစ္စက ပြဿနာမဟုတ် လောက်တော့ဘူး။ "စောစောက နင်တို့တွေ အဘိုးဆိုပြီး ပြောလိုက်သေး လားလို့... ငါတို့မှာ အဘိုးရှိသေး တယ်ပေါ့? ငါတို့က သူတောင်းစား တွေမဟုတ်ဘူးလား? ရုတ်တရက် ကြီး ဘယ်က အဘိုးပေါ်လာရ တာလဲဟ! '' ကလေးတွေက သူမကို အထူးတဆန်းကြည့်လိုက်ကြကာ "မမ... မမ မရူးတော့ဘူးလား?" "အာာ?" ရှီယု ကြောင်သွားတယ်။ (အိုး! ဟုတ်သားပဲ ငါက သူတောင်းစားအဘိုးကြီး တစ်ယောက်ဆီမှာ မွေးစားခံထားရ တဲ့ အရူးတစ်ယောက်ဆိုတာကို မေ့နေတာ!) ဒီကလေးတွေကိုလဲ အဲ့အဘိုးကြီး ကပဲ မွေးစားထားခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်က သူမ တောင်းစားနေ တုန်းမှာဘဲ လှည်းနဲ့ အတိုက်ခံ လိုက်ရတယ်။ အဲ့တုန်းက ခေါင်းကို ထိသွားလို့ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့တော့ အဘိုးကပဲ သမားတော်တစ်ယောက်ကို အတင်းတောင်းပန်ပြီး ပင့်ခေါ်လာ ခဲ့ပေးတာ။အဲ့တာကြောင့်လဲ သူမ အခုလို အသက်ရှင်နေသေးတာ။ (ထူးဆန်းတယ်! အရူး တစ်ယောက်ကိုတောင်မှ စောင့်ရှောက်ပေးနိုင်တဲ့သူက အကြံပတ်စက်တဲ့လူယုတ်မာ မဟုတ်ရင် စိတ်ထားကောင်းလွန်း တဲ့ သူတော်စင်ကြီးပဲ ဖြစ်ရမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ကို ကယ်ပေး တဲ့ အဲ့ဒီ အဘိုးကို တကယ်ပဲ ကျေးဇူးတင်မိတယ်) သူမ စမ်းချောင်းသေးသေးလေး တစ်ခုကို ရောက်လာချိန်မှာ ရေချိုးလိုက်ပြီး သူမကိုယ်ကို ပြန် ကြည့်လိုက်တော့ ဒီကိုယ်က အသက်၁၅တောင် မပြည့်သေး တာကို တွေ့လိုက်ရတယ်။ သူမ အဝတ်တွေရဲ့ နံဟောင်နေတဲ့ အနံ့အသက်တွေပါ ပျောက်သွား အောင် တစ်ခါတည်း လျှော်လိုက်ကာ ထိုအဝတ်စိုတွေကို ပြန်ဝတ်လိုက်တယ်။ (အခုက နွေရာသီဆိုတော့ ဒီအဝတ်တွေက ခဏနေ ခြောက်သွားလိမ့်မယ်။သန့်ရှင်းရေး ကိစ္စက ဖြေရှင်းပြီးသွားပြီ ဆိုတော့ ဝမ်းရေးပြဿနာပဲ ဖြေရှင်းဖို့ ကျန်တော့တယ်။) သူမရဲ့ အရင်ဘဝတုန်းကတော့ မီရှယ်လင်းကြယ်၃ပွင့်ရ စားသောက်ဆိုင် တစ်ဆိုင်မှာ လုပ်ခဲ့ဖူးတဲ့ စားဖိုမှူးတစ်ယောက် ပဲ။ သူမရဲ့ အချက်အပြုတ် စွမ်းရည်က နာမည်ကြီး ဆုရ စားဖိုမှူးတွေကို မယှဉ်နိုင်သေးဘူး ဆိုပေမဲ့လည်း လက်ရာတော့ ကောင်းပါသေးတယ်။ (မဖြစ်သေးဘူး။ စားဖိုးမှူး တစ်ယောက် ငတ်သေသွားတယ် ဆိုတာသာ ကြားကုန်လို့ကတော့ ငါ့ရဲ့ သိက္ခာလေးတွေ ကျကုန်တော့မှာဘဲ!) သူမ လေသာတဲ့ လမ်းဘက်ကို လျှောက်လာရင်းနဲ့ ဟင်းချက်စရာတွေ အများအပြား ကို တွေ့လိုက်ရတယ်။ စောစောက သူမ စားခဲ့ရတဲ့ ပေါက်စီကို ပြန်တွေးလိုက်မိတော့ ဒီဘက်ခေတ်က စားစရာတွေက အရမ်း မတွင်ကျယ်လောက်သေး ဘူးလို့ တွေးလိုက်မိတယ်။လေထဲ ရေထဲနဲ့ မြေပေါ်မှာရှိသမျှ စားနေကြတဲ့ ၂၁ရာစုနဲ့ယှဉ်ရင် ဒီဘက်ခေတ်က လူတွေက နောက်ကျကျန်နေခဲ့ပြီလို့ ပြောလို့ ရတယ်။ ဟင်းချက်ဖို့အတွက် သစ်ပင် ပေါ်မှာ ပေါက်နေကြတဲ့ မှိုတွေကို နှုတ်ပြီး သစ်ရွက်အကြီးကြီးနဲ့ ထုပ်လိုက်ကာ ဘုံကျောင်းပျက် ကြီးဆီကို ပြန်လာလိုက်တယ်။ မှိုဆိုတာ တောင်တန်းတွေရဲ့ ရတနာတစ်ပါးပဲ။ သူတို့ကို စွပ်ပြုတ်ချက်ရင် သုံးနိုင်သလို ဟင်းခပ်ပစ္စည်း အနေနဲ့လည်း ထည့်ချက်လို့ရသေးတယ်။ မှိုက အရသာရှိတဲ့အပြင် အာဟာရ လည်းဖြစ်သေးတယ်။ ရေနွေးပွက် ပွက်ဆူထဲကို မှိုထည့်၊ ပြီးရင် ဆားနည်းနည်း ထည့်လိုက်တာနဲ့ ရိုးရှင်းတဲ့ မှိုစွပ်ပြုတ်လေး တစ်ခွက် ကို အလွယ်တကူ ချက်နိုင်တယ်။ (ဒီမှိုတွေနဲ့သာဆို ကလေးတွေ အားလုံးအတွက် လောက်မှာပါ...) သူမ ပြန်ရောက်သွားတော့ ကလေးလေးတစ်ယောက်ပဲ ရှိနေပြီး တခြားသူတွေက အပြင် သွားနေကြတယ်။ ရှီယု ပြန်ရောက်ချိန်မှာတော့ လူက အားပြတ်နေသလို ဗိုက်ကလဲ ဆာနေပြီဖြစ်တယ်။ သူမ ဘေးပတ်ပတ်လည်ကို ရှာကြည့် လိုက်တော့ မြေအိုးတစ်လုံးနဲ့ ဟင်းခပ်မှုန့်တွေကို တွေ့လိုက်တာ နဲ့ ထိုကလေးမလေးကို ရေ သွားခပ်ခိုင်းလိုက်တယ်။ အိုးထဲကို ရေဖြည့်ပြီး သွားတော့ မှိုတွေကို ရေးနဲ့သေချာဆေးကြောကာ အပိုင်းပိုင်းဖြတ်လိုက်တယ်။အဲ့နောက်တော့ ရေကို မီးဖိုးပေါ် တည်လိုက်ကာ ရေပွက်ပွက်ဆူ လာချိန်မှာ မှိုတွေကို ထည့်ပြုတ် လိုက်ပြီး အဲ့ရေတွေကို သွန်ပစ်ကာ နောက်ထပ် ရေထပ်ထည့်လိုက် တယ်။ စစချင်းမှာ မှိုတွေက ရေပေါ်မှာ ပေါ်နေကြပြီး ခဏကြာတော့ ရေထဲနစ်သွားကာ မှိုနံ့သင်းသင်း လေးထွက်လာတော့တယ်။ဆား နည်းနည်းလောက် ထည့်ပြီး အဖုံး အုပ်လိုက်တာကြောင့် မှိုနံ့လေးက ပြန်ပျောက်သွားတယ်။ ရှီယု ဘေးနားမှာ စိတ်ဝင်တစား ကြည့်နေတဲ့ ကလေးမလေးကို လှည့်ကြည့်ကာ "နာမည်ဘယ်လို ခေါ်လဲ?" "ရှောင်ချီ" "ရှောင်ချီ, မှိုစွပ်ပြုတ် စားရအောင်လို့ ကျန်တဲ့လူတွေကို သွားခေါ်လိုက်တော့ " "အာာ?... ဒါကြီးက တကယ်ရော စားလို့ရလို့လား?" ရှောင်ချီရဲ့ မျက်လုံးတွေက ပြူးကျယ်လာကာ မယုံသင်္ကာနဲ့ စွပ်ပြုတ်အိုးကို လှမ်းကြည့်လိုက် တယ်။ အဲ့အချိန်မှာဘဲ အိုးထဲနေက အနံ့ သင်းသင်းလေးထွက်လာတာ ကြောင့် ရှီယု တူတစ်စုံနဲ့ မှိုတစ်ဖက်ကို ညှပ်ယူလိုက်ကာ ရှောင်ချီရဲ့ ပါးစပ်နား တေ့ပေး လိုက်တယ် "မြည်းကြည့်ပါဦး။ နည်းနည်းတော့ ပူသေးတယ်! ဂရုစိုက်အုံး!" ရှောင်ချီ တံထွေးမျိုချကာ သူမရဲ့ ပါးစပ်ကိုဟပြီး မှိုတစ်ဖက်ကို စားလိုက်တယ်။ မှိုထဲက လတ်ဆတ်ပြီး အရသာရှိတဲ့ စွပ်ပြုတ်ရည်တွေက သူမရဲ့ လျှာပေါ်မှာ စိမ့်ဝင်သွားကာ အစားအိမ်ထဲကို ရောက်သွားပြီး တစ်ကိုယ်လုံး နွေးထွေးသွားစေတယ်။ "အိုး! အရသာရှိလိုက်တာ! ညီမ အခုပဲ သူတို့ကို သွားခေါ်လိုက် တော့မယ်" ရှောင်ချီတစ်ယောက် ပျော်ပျော်ရွင်ရွှင်နဲ့ ပြေးလွှားကာ တောင်အောက်ကို ပြေးဆင်းသွားကာ.... (ငါတို့တွေ ဒီနေ့တော့ အစာငတ်မခံရတော့ဘူးကွ!)
ESTÁS LEYENDO
ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန်
Acciónသိုင်းလောကစာအုပ်နာမည်နဲ့ဇာတ်လမ်းမိတ်ဆက် သိုင်းလောကစာအုပ်နာမည်နဲ့ဇာတ်လမ်းမိတ်ဆက် Xianxia book listလို့ နာမည်ပေးထားပေမယ့် ဖတ်လို့ကောင်းမယ့် သိုင်းစာစဉ်နဲ့ တရုတ် novel (Normal)အမျိုးအစားများစွာကို မိတ်ဆက်ပေးပါ့မယ်။ Xianxia book listလို့ နာမည်ပေးထားပေမယ...