(52)ကိုးယောက်မြောက်ညီမလေးက အံ့မခန်းသားရဲသခင်

161 3 0
                                    

Translator
Thu, Yoeyar Translation

MMxianxia websiteမှာဖတ်နိုင်ပါတယ်

လော့ပေမြို့တော်၏ နယ်နိမိတ်အနီး၊ အဆုံးမရှိသောနေဝင်တောထဲတွင် ပိန်ပါးပြီး အားနည်းသောလူတစ်ဦးသည် သစ်ပင်ကြီးကိုကျောပေးကာ ဖင်တရွတ်တိုက်သွားနေ၏။ သူမသည် အနားကပ်လာသောလူများကို ကြည့် လိုက်သည် "မင်းတို့.. ဘာလုပ်ချင်တာလဲ မနေ့က မင်းတို့ကို ကာကွယ်ရေး အခကြေးငွေပေးပြီးပြီလေ"

သူမသည် မနေ့ကပင် ရှိစုမဲ့စု ရွှေဒင်္ဂါးသုံးပြားကို ပေးခဲ့ပြီးပြီဖြစ်၏။ ဤမနက်တွင် ထိုလူများသည် သူမ၏အစ်ကိုကို တွေ့လိုက်သည်ဟုဆိုကာ သူမ ကိုလှည့်စားခေါ်လိုက်ခြင်းဖြစ်သည်။

သူမ၏အစ်ကိုသည် မိသားစု၏ဆင့်ခေါ်မှုကြောင့် မြို့တော်ကိုရောက်လာ ခြင်းဖြစ်သည်။ သူမသည် သူ့ကိုမတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ် ၏။ ပြီးခဲ့သည့်နှစ်များတွင် သူမသည် နေ့တိုင်းနီးပါးပင်အရိုက်ခံခဲ့ရသည်။

"ကာကွယ်ရေးအခကြေးငွေဟုတ်လား.. သခင်လေး ၉ ပိုက်ဆံကတောင် မင်းကို မကာကွယ်နိုင်တော့ဘူး.. ဘယ်သူက မင်းမှာ ပါရမီရှင်အစ်ကိုရှိခိုင်းလို့လဲ.. သူပြန်လာပြီး ငါတို့မင်းကို အနိုင်ကျင့်တာကိုသိ သွားရင် ငါတို့တွေ ကောင်းကောင်းနေရပါဦးမလား"

"ဟုတ်တယ်.. ပြီးတော့ မင်းက ဒီအတိုင်းအမှိုက်သာသာပဲ.. မင်းက ပေထင်းမိသားစုရဲ့ တိုက်ရိုက်အမွေဆက်ခံသူ ဖြစ်ခွင့်ဘယ်မှာရှိလဲ.. ရှက်ဖို့ မကောင်းလွန်းဘူးလား"

"ငါသာမင်းဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာကြာပြီ.. ဘယ်လို မျက်နှာနဲ့ အသက်ရှင်နေသေးတာလဲ"

"ဒီဖွတ်ကျားကို မြန်မြန်သာရှင်းလိုက်တော့ ဘယ်သူ့ကိုမှအမြင်မခံနဲ့"

အဖွဲ့ခေါင်းဆောင်ဖြစ်သော အရပ်ရှည်ရှည်နှင့်လူသည် ပေထင်းဟွမ်၏ ကျောပြင်ကို ကန်လိုက်သည်။ ထိုနာကျင်မှုကြောင့် ပေထင်းဟွမ်ငိုမိသည်။ သူတို့သည် အဆင့် ၂ အဆင့် ၃ မျှရှိသော ဝိညာဉ်ကျင့်ကြံသူများဖြစ်ကြကာ သူမမှာတော့ အမှိုက်တစ်စသာဖြစ်သည်။ သူမသည် ပြန်၍ပင်မတိုက်ခိုက်နိုင် ပေ။

ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now