(55)ဧကရီ ဘုရင်မ ဧကရီ ဘုရင္မ

125 1 5
                                    

Summary

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Summary

(အဟောင်းအဆုံးအသစ်အစ) ဖုန်းဟွာတစ်ယောက် အလုပ်ကပြန်လာပြီး သူ့တိုက်ခန်းထဲမှာဘဲအေးအေးဆေးဆေးနားနေ ရင်းအိပ်ပျော်သွားခဲ့တယ် သူမနိုးထလာတော့သူမမသိတဲ့နေရာကြီးဆီမှာရောက်နေခဲ့တယ် သူမအခုချိန်ထိသူဘယ်နေရာရောက်နေလဲဆိုတာ ဘယ်လိုလုပ်ပြီဒီနေရာကိုရောက်လာရတာရယ် ကို မသေချာဖြစ်နေတုန်းပင် နေရာတစ်ခုလုံးကလည်းမှုံမှိုင်းလို့ မီးခိုး‌ေတွကလည်းတလူလူနဲ့ သူမဘေးနားမှာလည်း နီရဲနေတဲ့အရောင်တွေနဲ့ရေတွေရှိတဲ့မြစ်ကြီးတစ်စင်းကလည်းစီးဆင်းနေတယ် သူမနားထဲမှာလည်းတစ်နေရာရာကနေသူမနာမည်ကိုခေါ်နေတာကိုကြားနေရတယ် သူမလည်းဘေးပါတ်ဝန်းကျင်ကိုကြည့်မိတော့ ဝေဝေဝါးဝါးအရိပ်တွေကနေရာအနှံလျှောက်သွားနေတာကိုမြင်လိုက်ရတယ် သူမလည်းထိုအရာတွေကိုမြင်လိုက်တာနဲ့လန့်သွားပြီးကြောက်စရာကောင်းတဲ့အတွေးကသူမစိတ်ထဲ့ဝင်ရောက်လာတယ် 'ဝိဉာဉ်တွေလား အဲ့တော့ငါကသေသွားတော့တာပေါ့'

အပိုင်း (၁)
ဖုန်းဟွာလည်းသူမဘယ်လိုသေခဲ့တယ်ဆိုတာကိုပြန်တွေးနေခဲ့တယ်၊သူမတွေးရင်းတွေးရင်းနဲ့တဖြည်းဖြည်းပြန်သတိရလာခဲ့တယ် သူမကမိဘမဲ့တစ်ကောင်ကြွက်တစ်ယောက် သူမကကျောင်းကိုလည်း စကော်လာ တွေနဲ့ဘဲတက်နိုင်ခဲတယ် ကျောင်းပြီးဘွဲ့ရတော့ လုပ်ငန်းတစ်ခုကသူမကိုလာလုပ်ကိုင်ဖို့ကမ်းလှမ်းလာခဲ့တယ် သူမကလည်းလက်ခံပြီးအလုပ်လုပ်ရင်းနေထိုင်ခဲ့တယ်၊တစ်နေ့သူမအလုပ်ကအပြန်ခနအိပ်ပျော်သွားတယ် အိပ်ပျော်နေတုန်းငလျင်လှုပ်ခဲ့ပြီးသူမနေတဲ့ကွန်ဒိုကပြိုကျသွားခဲ့တယ် သူမကလည်းပြိုကျသွားတဲ့ အထဲမှာပါ သွားခဲ့ကာသေခဲ့ရခြင်းပင်ဖုန်းဟွာတစ်ယောက် တွေးရင်းတွေးရင်းသူမရဲ့ကံကြမ္မာကိုအပြစ်တင်ခဲ့တော့တယ် 'မွေးလာတော့လည်းမိဘတွေကမလိုချင်တော့လို့ဇွတ်ပစ်ခဲ့ကြသေတော့လည်းလောကကြီးကငါ့ကိုမလိုချင်တော့ လို့ထင်တယ်ဇွတ်ဘဲသေတော့လည်းသေတယ်ပေါ့ ဒီဘဝကကံဆိုးမှုတွေကုန်ဆုံးသွားတာပေါ့ နောက်ဘဝကိုဘဲရှေုးရှုရင်းဘဝအသစ်စကြတာပေါ့' သူမလည်းသူမနာမည်ခေါ်သံကြားရတဲ့ဆီကိုအာရုံပြုရင်းလမ်းဆက်လျှောက်လာခဲ့တယ်သူမလမ်းလျှောက်တယ် ဆက်လျှောက်တယ် မရပ်မနားဆက်လျှောက်တယ် နားထဲမှာကြားနေရတဲ့ ခေါ်သံကလည်း တဖြည်းဖြည်းကျယ်လာခဲ့တယ် ဒါပေမယ့် ခေါ်သံကြားရတဲ့နေရာကိုတော့မမြင်ရသေးဘူး သူမအချိန်တွေအကြားကြီးလမ်းလျှောက်ခဲ့တယ် တစ်နာရီလား တစ်ရက်လားတစ်ပါတ်လား တစ်လလား တစ်နှစ်လားအချိန်တွေ ဘယ်လောက်ကုန်သွားအောင်လမ်းလျှောက်မိမှန်းသုမမမှတ်မိတော့တဲ့အချိန်မှာ သူမပါတ်ဝန်းကျင်ကဝေဝါးသွားခဲ့ပြီးသူမကခန်းမကြီးတစ်ခုအလယ်မှာရောက်ရှိနေတယ်ဆိုတာရှုတွေ့သွားခဲ့တယ် သူမလည်းလန့်သွားပြီးပါတ်ဝန်းကျင်ကိုကျီးကန်းတောင်မှောက်လိုက်ကြည့်လိုက်တော့ ခန်းမရဲ့ထိပ်မှာထိုင်နေတဲ့ လူကြီးတစ်ယောက်ကိုမြင်လိုက်ရတယ် အဲ့ဒီလူကြီးကထူးထူးဆန်းဆန်း ဝတ်စုံကိုဝတ်ဆင်ထားပြီးသူ့ကိုကြည့်လေကြည့်လေဖုန်းဟွာရဲ့စိတ်ထဲကြည်ညိုလေးစားစိတ်တွေပေါပေါက်လာခဲ့တယ် "အဟမ်းးး ငါ့နာမည်ကရှောင်ထင် ငါကမင်းတို့ရဲ့သေခြင်ရှင်ခြင်းကိုထိန်းညှိပေးရတဲ့သူပါ " 'ရှောင်ထင်သူကသေခြင်းရှင်ခြင်းကိုထိန်းချုပ်နိုင်တယ်ဆိုတော့အင်မော်တယ်တွေဘာတွေလိုတ်ခိုးရှင်လားမသိဘူး' "ရှင်ကနောက်ဘဝဝင်စားမယ့်ဝိဉာဉ်တိုင်းကိုလက်ခံတွေ့ဆုံပေးရတဲ့သူလား" "ဘယ်ကသာငါကမင်းအပေါ်အကြွေးတင်နေလို့ခေါ်တွေ့လိုက်ရတာပါပံုမှန်ဆိုငါနဲ့တွေ့ဖို့ဆိုတ။လုံးဝမဖြစ်နိုင်ဘူး ငါရဲ့လက်အောက်ငယ်သားတွေနဲ့ဘဲတွေ့နိုင်မယ်" "ရှင်ကကျမအပေါ်ဘာတွေအကြွေးတင်ထားလို့လဲ" "အဟမ်းးအဲ့တာကဟိုလေ ငါမင်းတို့ကမ္ဘာကိုပိုမိုတိုးတက်အောင်ပြုပြင်တုန်းက အမှားနည်းနည်းဖြစ် ခဲ့ပြီး မင်းကိုသေသွားစေခဲ့တယ်တကယ်တော့မင်းကသေချိန်မတန်သေးပါဘူးအဲ့တာကြောင့်ပါ" "ရှင်ကအဲ့ဆိုအခြားကွန်ဒိုပြိုလို့သေသွားတဲ့သူတွေကိုရောအကြွေပြန်ဆပ်ရမှာပေါ့" "တကယ်တော့မင်းတစ်ယောက်တည်းဘဲသေတာပါကျနိတဲ့သူတွေကမသေပါဘူး" "ဘာာာာာ ငါ‌တစ်ယောက်တည်းကွက်သေတာမဖြစ်နိုင်တာ လောကကြီးမမျှတချက်က မလွန်လွန်းဘူးလား မတရားဘူး မတရားဘူးရှင်ကျမကိုကောင်း‌ေကာင်းအကြွေးဆပ်ရမယ် အကြွေးအနေနဲ့ ဆုငါးခုပေးရမယ်ရလား" "ကောင်းပြီ မင်ကြိုက်ရာငါးခုတောင်းငါဖြည့်ဆည်းပေးနိုင်ရင်ဖြည့်ပေးမယ်" "ကောင်းပြီ ပထမဆုံးဆုက သိုင်းဝိဉာဉ်တွေနဲ့ကျင့်ကြံခြင်း ကမ္ဘာကအင်အားအကြီးဆုံး မိသားစုကအဓိကအရေးကြီးဆုံးလူဆီမှာပြန်လည်မွေးဖွားခြင်တယ်" "ရတယ်ပထမဆုကိုဖြည့်ဆည်းပေးနိုင်တယ်" "ဒုတိယကငါ့ရဲ့သိုင်းဝိဉာဉ်ကိုဖီးနစ်ငှက်သိုင်းဝိဉာဉ်တွေထဲကအကောင်းဆုံးကိုရချင်တယ်အဆင်ပြေလား" "ကောင်းပြီးမင်းအတွက်ဖီးနစ်တို့ရဲ့ဧကရီပထမဦးဆုံးသောဖီးနစ်ဖြစ်တဲ့ကမ္ဘာဦးဖီးနစ်ကိုသိုင်းဝိဉာဉ်အဖြစ်ရမယ်ကျေနပ်ရဲ့လား" "အွန်း အွန်း ကျေနပ်တယ် တတိယကငါရဲ့မှတ်ဉာဏ်တွေကိုမပျက်စေချင်ဘူး" "ရတယ်အဲ့တာလည်း" စတုတ္ထကငါသန္ဓေတည်ကတည်းကစပြီးကျင့်ကြံချင်တယ်အဲ့အတွက်ကျင့်ကြံနည်းအကောင်းဆုံးကိုလည်းလိုချင်တယ်" "ငါးခုမြောက်ဆုကတော့ ငါကကံအကောင်ဆုံးဖြစ်ရမှာဖြစ်ပြီးတော့ ပါရမီရှင်တွေလို့ခေါ်တဲ့ဟာတွေထပ် အဆပေါင်း၁၀၀၀၀လောက်ထိကိုပိုပြီးပါရမီပါရမယ်ဒါဘဲ" "ကောင်မလေးမင်ကလောဘကြီးလှပါလားငါကကံအကောင်းဆုံးဆိုတာကြီးကိုမတတ်နိုင်ပင်မယ့်ကံအလွန့်အလွန်ကောင်းအောင်တော့လုပ်ပေးနိုင်တယ်ကံအကောင်းဆုံးဖြစ်အောင်တော့မင်းဘာသာမင်းကြိုးစားရမှာနော်" "ဘယ်လိုလုပ်ရမှာလဲအဲ့လိုဖြစ်အောင်" "မင်းရဲ့ကျင့်ကြံဆင့်ပိုမြင့်လာရင်သိလာလိမ့်မယ်" "ကာင်းပြီငါသွားတော့မယ်အ့ဆို" "အေးအေးသွားတော့" ဆိုပြီးလက်လေးယမ်လိုက်ကာဖုန်းဟွာရဲ့နားမှာတွင်းနက်ကြီးတစ်ခုကိုဖြစ်ပေါ်စေလိုက်တယ် ဖုန်းဟွာလည်းကံမကုန်ရင်ပြန်တွေ့မယ်လို့ပြောရင်းတွင်းနက်ထဲခုန်ဆင်းလိုက်တော့တယ်ရှောင်ထင်လည်း ဖုန်းဟွာခုန်ဆင်းသွားတာကိုကြည့်ရင်ကံကတော့မကုန်ပါဘူးလို့ပြောလိုက်တော့တယ်ဖုန်းဟွာထွက်သွားပြီးတဲ့နောက် ခန်းမထဲကိုဝတ်စုံအမဲဝတ်ထားတဲ့လူ‌တစ်ယောက်ရောက်လာခဲ့တယ် ထိုသူကိုမြင်မြင်ချင်းရှောင်ထင်လည်း အရှင်ဟုခေါ်ကာဒူထောက်ချလိုက်တော့တယ် "သူမသွားပြီလား" "ဟုတ်ပါတယ်အရှင်" ထို့နောက်ထိုလူဟာပြန်လည်ပျောက်ကွယ်သွားတော့တယ်ဘယ်တုန်းကမှသူမရှိခဲ့တဲ့အတိုင်း ရှောင်ထင်ကတော့ဒူးထောက်လျက်အတွေးထဲမျောရင်ကျန်ခဲ့တော့တယ် ***






ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now