(51)ငါ့တပည့်တွေကဘုရင်တွေ ငါ့တပည့္ေတြကဘုရင္ေတြ

139 1 0
                                    

Type- System

I See the Aura of the Great Emperor in All My Disciples, 我的弟子全是大帝之资

လူတိုင်းသိကြသည့် တောင်ပိုင်းဒေသတွင် လုံးဝရန်စလို့မသော အနှိုင်းမဲ့တည်ရှိမှုကြီးတခုရှိလေသည်။စံအိမ်တော်၏ အကြီးဆုံးတပည့်သည် ဓားပညာကို တဖက်ကမ်းခပ်ကျွမ်းကျင်သော တောင်ပိုင်း ဓားသူတော်စင်ဖြစ်သည်။ဒုတိယတပည့်သည် ခေတ်တခု၏ အုပ်ချုပ်သူ ဧကရီဖြစ်သည်။တတိယတပည့်သည် လက်ရှိမျိုးဆက်၏ ပညာရှင်ကြီးဖြစ်ပြီး အမတစာပေ လူဝင်စားဖြစ်သည်။
စတုတ္ထတပည့်သည် ငရဲကိုးပါးကို နှိမ်နှင်းသည့် နတ်ဆိုးနတ်ဘုရား၏ လူဝင်စားဖြစ်သည်။လုချန်ရှန်: ငါလား။ ငါကဘာမှမထူးခြားပါဘူး၊ ငါက သူတို့ရဲ့ဆရာဖြစ်ရုံလေးပဲ။

အခန်း (၁)
တပည့်တစ်ယောက်ရဖို့ ခက်ခဲပင်ပန်းလိုက်ပုံများတော့...

"စနစ်..ဒီနေ့အတွက် စာရင်းသွင်းမယ်"

[စာရင်းသွင်းခြင်း အောင်မြင်ပါတယ်။ ဆုလာဘ်: ကျင့်ကြံရေးသက်တမ်း နှစ်ငါးရာ]

လုချန်ရှန်းခမျာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းတကုတ်ကုတ်လုပ်ရင်း ပြောလိုက်မိသည်။

"နှစ်၂၀တောင်ကျော်သွားခဲ့ပြီ။ နေ့တိုင်း ငါ စာရင်းသွင်းနေခဲ့ရပြီး စနစ်ကလည်း ကျင့်ကြံရေးသက်တမ်းတွေပဲ ဆုချနေတာ။ ဒီစနစ်မှာ တခြားလုပ်ငန်းဆောင်တာတွေ မရှိတော့တာလား"

ဤကမ္ဘာကြီးကို ကူးပြောင်းလာပြီး စနစ်နှင့်ချိတ်ဆက်မိသွားတုန်းက လုချန်ရှန်း အတော်စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရသည်။ သူသည် အမတလမ်းစဉ်၏အထွတ်အထိပ်ကိုပင် တက်လှမ်းပြီး ကမ္ဘာကြီးကိုအုပ်စိုးနိုင်လိမ့်မည်ဟုပင် တွေးထင်ထားခဲ့သည်။

သို့သော် စနစ်က နှစ်၂၀ကြာသည်အထိ နေ့တိုင်းနေ့တိုင်း စာရင်းသွင်းခိုင်းနေလိမ့်မည်ဟု ဘယ်သူကများ ထင်ထားမှာတဲ့လဲ။ ဆုလာဘ်ကလည်း မကျရှုံးနိုင်သည့် ကျင့်ကြံရေးသက်တမ်းများသာ ဖြစ်ပေသည်။

တစ်နေ့ပြီးတစ်နေ့ကုန်လွန်သွားပြီး တစ်နှစ်ပြီးတစ်နှစ်ကုန်လွန်လာခဲ့၏။

လုချန်ရှန်းလည်း ထိုအရာနှင့်ပတ်သက်ပြီး ထုံသွားပြီသာ။

သူ့မှာ သူ့ခွန်အားအဆင့် ဘယ်လောက်ရှိမှန်းတောင်မသိပေ။

ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now