(9)စကြာဝဠာ ဘဏ်(လီရှန်တောက်)စၾကာဝဠာ ဘဏ်(လီရှန်တောက်)

487 14 7
                                    


အကျဥ်းချုပ်

စကြာဝဠာ ဘဏ်(လီရှန်တောက်)

လီရှန်တောက်သည် မမျှော်လင့်ထားဘဲ ရှေးဟောင်းစကြာဝဠာဘဏ်ကို ရရှိခဲ့သော်လည်း ယခုအခါ ဘဏ်သည် လုံးဝအလွတ်ဖြစ်နေပြီး ဘဏ္ဍာများလုံးဝမရှိပေ။ သူ့မှာ တစ်ခုတည်းသောရှိသည့် အရာက အကြွေးများပင်ဖြစ်သည်။

- ထာဝရ ကောင်းကင်ဘုရင်သည် အထွတ်အထိပ်ကောင်းကင် လက်နက် တစ်ခုကို ချေးယူခဲ့ပြီး နှစ် ၃၀၀၀ အကြာတွင် နှစ်ခု ပြန်ပေးရမည်ဖြစ်သည်။ ကြွေးမြီးရှင်က အနှစ်တစ်ထောင်ကုန်ဆုံးပြီးတိုင်း နောက်ထပ်တစ်ခုကို ပြန်လည်ပေးဆပ်ရမည်။

- အဆင့်မြင့်မျက်နှာတစ်စုံကို ငှားရမ်းထားသော လနတ်ဘုရားသည် အနှစ်တစ်သောင်းအကြာတွင် ၎င်းကို ပြန်လည်ပေးရမည်ဖြစ်ပြီး စာချုပ်ကိုဆန့်ကျင်လျှင် သူ့၏ အသက်ဖြင့်ပေးဆပ်ရမယ်။

-ရှေးဟောင်အကြံပေးပညာရှိသည် သက်တမ်းနှစ် တစ်သောင်းကို စကြာဝဠာဘဏ်မှ ချေးငှားခဲ့သည်။ ပြီးရင် သက်တမ်း နှစ်တစ်သောင်းပြန်လည်ပေးရမည်။ စာချုပ်ကို ဆန့်ကျင်လျှင် ဆယ်ဆပြန်ပေးရမယ်။

လီရှန်တောက်သည် ဤအကြွေးများကို စဥ်းစားနေရင်း လွှတ်နေသော စကြာဝဠာဘဏ်ကိုပြန်၍ ကြည့်လိုက်၏။ ရက်လွန်အကြွေးများကိုပြန်ရရန်အတွက် ဤ ထိပ်တန်းကျွမ်းကျင်သူများအားလုံးကို ရှာဖွေရန်အတွက် သူသည် စစ်မှန်သောကျွမ်းကျင်သူတစ်ဦးဖြစ်လာရန် စိတ်အားထက်သန်နေခဲ့သည်။

စကြာဝဠာဘဏ် (လီရှန်တောက်)

Review

ဒီစာစဥ်ကို ကျွန်တော်ဘာလို့ ဘာသာပြန်ဖို့ရွေးချယ်ခဲ့ရလဲဆိုတော့ သူ့ရဲ့ထူးဆန်းတဲ့နာမည်ကြောင့်လို့ပြောရမှာဘဲ။

စကြာဝဠာဘဏ် စကြာဝဠာရဲ့တစ်ခုတည်းသောဘဏ်။ဘဏ်ထဲမှာဆိုရင်လီရှန်တောက်က တစ်ပါးတည်းသောနတ်ဘုရားဖြစ်ပြီး စကြာဝဠာတစ်ခုလုံးမှာရှိတဲ့ ဘယ်အရာကိုမဆို အရောင်းအဝယ်လုပ်နိုင်တယ်။ဒါပေမယ့် လီရှန်တောက်ရရှိခဲ့တဲ့ စကြာဝဠာဘဏ်က အရင်ပိုင်ရှင်ရဲ့ကောင်းမှုကြောင့် ခန်းမတွေရတနာတွေ အားလုံးချိတ်ပိတ်ခံထားရတယ်။အခုသူ့မှာရှိတာဆိုလို့အကြွေးစာချုပ်တွေနဲ့ ဆဲဗင်းဆိုတဲ့စကြာဝဠာဘဏ်ရဲ့ကောင်ကင်ဝိညာဥ်တစ်ခု။

ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now