(8)ကမ္ဘာများကြား ခရီးသွား / ကမ႓ာမ်ားၾကား ခရီးသြား

681 13 0
                                    

Walker of the worlds - ကမ္ဘာများကြား ခရီးသွား

လင်းမူက မြို့ငယ်‌လေးမှာနေတဲ့ သာမန်ကောင်လေးတယောက်ပါ။ ရိတ်သွမ်းချိန်မှာလုပ်မိတဲ့ အမှားတခုကြောင့် မြို့ငယ်လေးကလူတွေ ဖယ်ကျဉ်မှုကိုခံရပြီး အိမ်ကိုလဲလျော်ကြေးအဖြစ်အသိမ်းခံခဲ့ရသည်။ မြို့ပြင်မှာ ကိုယ့်ဘဝကိုယ်ကျောင်းဖို့ ကလွဲမရှိတော့တဲ့အချိန်မှာ သူကလေးဘဝကတည်းကဆော့ခဲ့တဲ့ သစ်ပင်ထဲမြုပ်နေတဲ့ သံချေးတက်လက်စွပ်တကွင်းကို တွေ့ရှိခဲ့ပါသည်။
အဲ့ထူးဆန်းတဲ့လက်စွပ်က သူကံကြမ္မာကို ထာဝရပြောင်းစေခဲ့ပြီး သူကြုံရမှာမဟုတ်တဲ့ကမ္ဘာလောကတခု၊ တွေ့ဖြစ်မှာမဟုတ်တဲ့လူတွေ နဲ့ ရှိမှာမဟုတ် တဲ့တန်ခိုးတွေကို အကုန်ကြုံအောင်ဖြစ်စေမဲ့ သူဇာတ်လမ်းကို မြင်တွေ့ဖတ်ရှုကြည့်လိုက်ပါ။
နာမည်ကြည့်ပြီး သိပ္ပံ အာကာသခရီးမှတ်နေဦးမယ် သိုင်းကျင့်စာစဉ်ပါ။
မူရင်း - Grand_Void_Daoist
ဘာသာပြန်သူ - photon

အခန်း ၁ - လင်းမူ။

"ဟေ့ လင်းမူ၊ အပျင်းထူမနေနဲ့ ဒီနေ့ ငါတို့ ခွဲတမ်းပြည့်အောင် ခူးဖို့ သစ်ပင်တွေ အများကြီး ကျန်နေသေးတယ်၊ မနေ့ကလည်း ခွဲတမ်း မနည်းပြည့်အောင်ခူးခဲ့ရသေးတာမလို့ ကြီးကြပ်ရေးမှူးကို ထပ်ပြီး ဒေါသထွက်အောင်မလုပ်ချင်တော့ဘူး၊ ဒီတခေါက်ဆိုရင် ငါတို့ လုပ်ခကို သေချာ ပေါက်ဖြတ်ခံရလိမ့်မယ်"

သူ့ခေါ်သံကြားတော့ အသက် ၁၆ နှစ်ခန့် ငယ်ရွယ်နုပျိုပြီး ဆံပင်တိုနဲ့ ကောင်လေးက သူ့ကိုခေါ်သည့်လူဆီသို့ လှည့်ကြည့်လာသည်။ ထိုလူ၏ တင်းမာသောအကြည့်ကို မြင်လျှင် ကောင်လေးက အံကြိတ်ကာ ပြန်ပြော၏။

"ဦးလေး ယွမ်တူ ကျွန်တော် မပျင်းပါဘူး၊ သစ်ပင်ပေါ်က နတ်ပန်းသီးတွေကို မပျက်စီးအောင် သေချာသတိထားခူးဖို့ ကြိုးစားနေတာပါ"

ယွမ်တူ လို့အမည်ရတဲ့ထိုလူ သည် ကောင်လေး၏ တုံ့ပြန်မှုကို ကြားသောအခါတွင် သစ်ပင်များပေါ်မှ နတ်ပန်းသီးများခူးရာတွင် သူ့နှေးကွေးမှု ကို အကြောင်းပြချက်ပေးရုံမျှသာဟု ထင်ကာ သူ့မျက်လုံးများတွင် ဒေါသရောင်များ ဖြစ်ပေါ်လာသည်။ ဒီတစ်ပတ်မှာ အဖွဲ့တစ်ရာထဲကနေမှ အနှေးဆုံး ရိတ်သိမ်းအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် မနေ့က ဆူပူကြိမ်းမောင်းခံရတာကို သတိရပြီး သူ့အဖွဲ့ဟာ အဲဒီနေ့မှာ သူတို့ရဲ့ ခွဲတမ်းထက် မကျော်လွန်ဘူးဆိုရင် သူတို့ဟာ တပတ်စာလုပ်ခရဲ့ အပိုဆုကြေးကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာသည်။

ရှန်ရှလမ်းညွှန် (XianXia Book list)ရှန်ရှလမ်းညွှန် Where stories live. Discover now