နွေဦးအချိန်ဆိုလျှင် လင်ဖန်းဖန်တောင်တစ်ခုလုံးတွင်ချယ်ရီပန်းများကြောင့်ပန်းရောင်သန်းနေ၏။ အပင်တိုင်းနီးပါးတွင် ပန်းနုရောင် ပန်းပွင့်များကဗျိုင်းများနားသလိုအုပ်လိုက်အုပ်လိုက်ဖြင့်ဝေဝေဆာဆာပွင့်နေကြသည်။ ပန်းရနံ့များကလဲတစ်တောင်လုံးအားလွှမ်းခြုံထား၏။ ထိုနွေဦးအချိန်ဟာလင်ဖန်းဖန်တောင်ရဲ့အလှပဆုံးအချိန်ကာလတစ်ခုပင်ဖြစ်လေသည်။ ထိုလင်ဖန်ဖန်းတောင်တွင်သိုင်းပညာကိုလေ့လာသင်ယူကြသည့်သင်တန်းသားများနှင့်လဲပြည့်နှက်နေ၏။ နွေဦးဆိုလျှင်ကျောင်းသားသစ်များလက်ခံသည်ဖြစ်ရာ တောင်ခြေတွင်သိုင်းပညာလေ့လာစီးပူးချင်သူများနှင့်ပြည့်နှက်နေသည်။ သို့သော်ဝင်ချင်တိုင်းဝင်ခွင့်မရပေ။ ဒီတောင်တွင်သိုင်းပညာလေ့လာဖို့အတွက်က ကောက်ရိုးပုံတွင်အပ်ရှာရသလိုခက်ခဲ၏။ ထိုသည်မှာလဲကင်မျိုးနွယ်ကြောင့်ဖြစ်မည်။ ကင်မျိုးနွယ်ကလင်ဖန်းဖန်တောင်ကိုဦးစီးထားသောမျိုးနွယ်လဲဖြစ်သည့်အပြင် ကျော်ကြားသောမျိုးနွယ်ဝင်၁၂မျိုးထဲကအကျော်ကြားဆုံးမျိုးနွယ်လဲဖြစ်၏။ လွန်ခဲ့သောနှစ်ငါးရာခန့်က ဂျွန်မျိုးနွယ်ဝင်များကြောင့်တိုင်းပြည်ပြိုကွဲလုနီးပါးဖြစ်ခဲ့ချိန်တွင် ကင်မျိုးနွယ်မှဦးဆောင်ကာကျန်သည့်မျိုးနွယ်၁၁စုနှင့်အတူကာကွယ်ခုခံပေးခဲ့တာကြောင့်ကျော်ကြားခြင်းပင်။ သိုင်းပညာမှာလဲအစွမ်းထက်ကာ ဘုရင်ကိုယ်တိုင်ကပင်ထိပ်သီးကင်မျိုးနွယ်ခေါင်းဆောင်များအားပေါ့ပေါ့တန်တန်မဆက်ဆံရဲခဲ့။ ထိုလိုမျိုးနွယ်စုကသင်ကြားပေးမည်ဖြစ်သောကြောင့်တောင်ခြေတွင်ပညာသင်လိုသူများကပုရွက်ဆိတ်များကဲ့သိုအုံခဲနေသည်မှာအဆန်းတော့မဟုတ်။ ထို့ပြင်မျိုးရိုးမခွဲအကုန်သင်ပေးမည်ဖြစ်သဖြင့်အရင်နှစ်များထပ်ပို၍လူများနေခြင်းပင်။"ဒီနှစ်စာမေးပွဲကို ကင်မျိုးနွယ်သခင်လေးကိုယ်တိုင်စစ်မှာတဲ့"
"တကယ်လား? ကင်မျိုးနွယ်သခင်လေးဆိုတာ..ပထမသခင်လေးလား ဒုတိယသခင်လေးလား?"
"အဲ့တာတော့ငါလဲမသိဘူး"
ကျောင်းသားအလောင်းအလျာများက သူတို့အားကင်မျိုးနွယ်သခင်လေးကိုယ်တိုင်မှစစ်ဆေးမည်ဖြစ်သဖြင့်စိတ်လှုပ်ရှားနေကြ၏။ အခွင့်အရေးကလဲတစ်ခါပဲရမည်ဖြစ်သဖြင့် သူတို့အမှားမခံရဲကြ။ ကျောင်းသားမိဘများနှင့်ပွဲအားလာကြည့်သူများအတွက်စျေးဆိုင်များကလဲတောင်ခြေတွင်အစီအရီ မသိလျှင်ပွဲစျေးတန်းကလေးလိုပင်။ ထိုအချိန် လေတစ်ချက်တိုးဝှေ့သွားကာချယ်ရီပန်းများကဝဲကျလာ၏။ ပုလွေသံတိုးတိုးလေးကလဲလေထဲတွင်ပြန့်နှံ့လာသည်။ ထိုအသံမှာခပ်တိုးတိုးဟုပြောနိုင်သော်လဲ လူတိုင်းကြားနိုင်၏။ ချီအစွမ်းသုံးကာတီးခတ်သောကြောင့်ဟုကျွမ်းကျင်သူများကပြောနိုင်သော်လဲ သာမာန်သူများအတွက်ကတော့မှော်ပညာနှင့်ပြုစားထားသည်ဟုထင်နိုင်သည်။ ပုလွေအသံကြားရာလှည့်ကြည့်ကြသော် တောလမ်းကလေးမှဆင်းလာသော အသက်ခပ်ငယ်ငယ်သာရှိသေးသော သိုင်းပညာရှင်တစ်ဦးအားမြင်တွေ့ရ၏။ ပန်းနုရောင်ဝတ်ရုံရှည်ဝတ်ထားသောသူဟာ နောက်ခံချယ်ရီပန်းများနှင့်နှစ်လိုဖွယ်ကောင်းလှ၏။ ရုပ်ရှည်ကလဲအတော်ချောမောသည့်အထဲပါလေရာ ချယ်ရီနှင့်သူဘယ်သူပိုလှလဲဆိုလျှင် သူဟုသာလူများကဖြေကြမှာအမှန်ပင်။ ထိုသူမှာ ကင်မျိုးနွယ်ရဲ့ဒုတိယသခင်လေး ကင်ဆော့ဂျင်ပင်ဖြစ်သည်။ သူရဲ့ချောမောမှုကြောင့်လဲနာမည်ကြီးပေမယ့် သိုင်းပညာလဲအတော်ပင်ကျွမ်းကျင်၏။ လူအများကသူဟာ အကိုဖြစ်သူပထမသခင်လေးအားကျော်ကာ ခေါင်းဆောင်ရာထူးရနိုင်မည်ဟုပင်ခန့်မှန်းနေကြသည်။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...