"ကင်ကျောင်းအုပ် ခိုင်းတဲ့အတိုင်းလုပ်ဆောင်ပြီးပါပြီ"
စာဖတ်နေသည်ကိုရပ်လိုက်ကာ သတင်းပို့လာပို့သည့်သူကိုခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
"ဒီတပည့်နားမလည်နိုင်တာတစ်ခုရှိလို့ပါ.."
"ဘာများလဲ"
"ဘာကြောင့် အဲ့ဒီဂျွန်ကလေးကိုသတ်ဖို့အတွက်နဲ့လူမိုက်တွေကိုငှါးရမ်းခိုင်းတာလဲဆိုတာ.."
ကင်ကျောင်းအုပ်ပြန်မဖြေသေးခင် ဖတ်လက်စစာအုပ်ကိုပိတ်လိုက်၏။
"ဂျွန်မျိုးနွယ်မှန်သမျှကိုအလွတ်ထားလို့မဖြစ်ဘူး။ အစကဒီကလေးကိုလက်ခံခဲ့တာလဲ မကြာခင်သူလက်လျှော့သွားမယ်ထင်မှတ်ခဲ့လို့ပဲ။ ယန်ကျွီစာမေးပွဲကအဖြစ်အပျက်ကိုကြားတဲ့အခါမှာ ဒီကလေးကိုအရှင်ထားလို့မဖြစ်တော့ဘူး။ အခုဂျွန်ဂျောင်ကုက ဒီကျောင်းရဲ့သင်တန်းသားတစ်ယောက်ဖြစ်နေတယ်။ ကျောင်းနာမည်ပျက်စေမယ့်လုပ်ရပ်တွေလုပ်လို့မဖြစ်ဘူး။ ခရီးလမ်းမှာဓားပြတွေရဲ့လက်ချက်ကြောင့်သေခဲ့တယ်ဆိုရင်တော့ ဘယ်တတ်နိုင်မလဲ"
"ဒါဆို..ကင်သခင်လေးကိုရော?"
"ဒုတိယကင်သခင်လေးက သူ့ကိုယ်သူကာကွယ်နိုင်တယ်။ သူကဓားပြလက်ချက်နဲ့သေဆုံးနိုင်မယ့်သူမဟုတ်ဘူး"
x x x
ကင်ဆော့ဂျင်၏ပါးပြင်မှဒဏ်ရာကိုဂျွန်ဂျောင်ကုအာရုံစိုက်မိချိန်တွင် ဓားပြခေါင်းဆောင်ဖြစ်သူကသူ၏ရင်ဝသို့ဆောင့်ကန်လိုက်ရာ ဂျွန်ဂျောင်မြေပြင်ပေါ်သို့နောက်လန်ကျသွား၏။ ဖျန်ကျန်းမှာလည်းဘေးသို့လွင့်စင်သွားသည်။ ထိုအခါဓားပြခေါင်းတောင်ကလဲကျသွားသောဂျွန်ဂျောင်ကုပေါ်သို့ခြေတစ်ဖက်ဖြင့်ဖိထားလိုက်၏။
"...ကလေးဆီကငှက်ပျောသီးလုစားတာထပ်တောင်လွယ်တဲ့အလုပ်ပဲ"
ဂျွန်ဂျောင်ကု အသတ်ခံရတော့မည့်အဖြစ်ကိုမြင်သဖြင့် ကင်ဆော့ဂျင်လည်း စွမ်းအင်ကိုထိန်းချုပ်မနေတော့ဘဲသူ့ကိုဝိုင်းထားကြသည့်ဓားပြများအား ကျဲ့ရီဖြင့်ပိုင်းချလိုက်သည်။ မထင်မှတ်ထားသောအင်အားကြောင့် ဓားပြများမှာဓားချက်ကိုတားဆီးသော်လည်း သူတို့၏ဓားများသာကျိုးပဲ့ကုန်ကာခန္ဓာကိုယ်သည်လည်းနှစ်ပိုင်းပြတ်သွား၏။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...