နှစ်ပတ်အတွင်းကင်ဆော့ဂျင်လိုအပ်သောတိုက်ခိုက်နည်းအခြေခံများကိုသင်ကြားပေး၏။ ထိုအခါမှဂျွန်ဂျောင်ကုနားချိန်တောင်မရပဲ အားကုန်ကြိုးစားနေရသည်။ ဂျွန်ဂျောင်ကုကအတတ်မြန်သဖြင့်ကင်ဆော့ဂျင်မှာလဲသာမာန်ကျောင်းသားတွေသင်ကြားသင့်သည်ထပ်နှစ်ဆသုံးဆပိုသင်ပေးသည်ဖြစ်ရာ ဂျွန်ဂျောင်ကုမှာသူ့ရဲ့မူရင်းလမ်းစဉ်ဖြစ်တဲ့မိစ္ဆာလမ်းစဉ်ကိုညနေမှကျင့်ကြံချိန်ရ၏။ မနက်ကျလျှင်အိပ်ရေးမဝဖြစ်နေသည့်သူ့ကိုကင်ဆော့ဂျင်ကလဲမရပ်မနားဓားရေးသင်ပေးရာ နှစ်ပတ်ကြာတော့ဂျွန်ဂျောင်ကုမျက်ကွင်းများပင်ညိုလာသည်။ တရားထိုင်နေသောဂျွန်ဂျောင်ကုအားကြည့်ရင်းကင်ဆော့ဂျင်နားမလည်နိုင်။ ဂျွန်ဂျောင်ကုကထူးချွန်သည်။ ထက်မြတ်သည်။ ထို့ပြင်သင်ကြားပေးသမျှကိုအချိန်တိုအတွင်းတတ်မြောက်လွယ်၏။ ဒါကြောင့်ကင်ဆော့ဂျင်ကသူ့ရဲ့ကန့်သတ်မှုအားရှာရန်အတွက် တစ်နေ့အတွင်းမှာသိုင်းပေါင်းများစွာသင်ပေးသော်လဲ ဂျွန်ဂျောင်ကုညည်းညူခြင်းမရှိ။ ခဏအကြာတွင်သင်ယူသမျှအကုန်ကျွမ်းကျင်သွားသည်ချည်း။ သင်ယူခြင်းကန့်သတ်မှုကောရှိရဲ့လားဟုကင်ဆော့ဂျင်တွေးမိ၏။ကောင်းကင်ဘုံကဆုချီးမြင့်ခြင်းခံရတဲ့ကလေးများလား?
"ရပြီ"
ကင်ဆော့ဂျင်စကားကြောင့်ဂျွန်ဂျောင်ကုမျက်လုံးအားဖွင့်လိုက်သည်။
"မင်းနားလို့ရပြီ။ သဘက်ခါခရီးထွက်ဖို့အတွက်ပြင်ဆင်တော့"
"ဟုတ်ကဲ့ရှစ်ဖု..."
ဂျွန်ဂျောင်ကုအဆောင်ခန်းထဲဝင်ကာ အိပ်ရာထဲသို့လှဲချလိုက်၏။ တကယ်ပဲကင်ဆော့ဂျင်ကငရဲသားတွေကိုထိန်းကျောင်းရတဲ့မကောင်းဆိုးရွားများလား။ နှစ်လအတွင်းအသေအကြေစားခဲ့လို့ဖြိုးလာတဲ့ပါးဖောင်းဖောင်းတွေတောင်နှစ်ပတ်အတွင်းပြန်ပိန်သွားသည်။ တကယ်တော့သူကျောင်းသားမရှိတာက ကင်ဆော့ဂျင်ကအရမ်းနှိပ်စက်လို့မဟုတ်ဘူးလား။ သို့သော်ထိုသို့ပြောရသော်လဲကင်ဆော့ဂျင်အသင်အပြကောင်းသည်ကိုတော့သူမငြင်းလို။စည်းကမ်းတင်းကြပ်ကာအရည်အချင်းရှိသောသူဖြစ်သဖြင့်ဒီဂျွန်သခင်လေးရဲ့ဆရာဖြစ်ထိုက်သည်ဟုမှတ်ယူလိုက်၏။ သို့သော်ကလဲ့စားချေတာကကလဲ့စားချေတာပဲ။ ဆရာဖြစ်နေလို့ဆိုတာနဲ့ကင်မျိုးနွယ်စုကိုရှင်းလင်းမယ့်အချိန်ကျရင်ထိန်ချန်ထားမှာမဟုတ်ဘူး။ ဒါပေမယ့်လေးစားတဲ့အနေနဲ့မညှင်းပန်းပဲသက်သက်သာသာတော့သတ်ပေးသင့်သည်။ ထိုသို့တွေးရင်းကင်ဆော့ဂျင်မျက်နှာအားမြင်ယောင်လာ၏။ သူကသာလွန်ခဲ့နှစ်၅၀၀ကမိစ္ဆာအရှင်မှန်းသိသွားမယ့်အခါကျရင်တွန့်ချိုးသွားမယ့် ထိုလှပသောမျက်နှာလေးအားမြင်ယောင်ကာပြုံးမိသည်။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...