လခြမ်းကွေးကတိမ်တိုက်များကြားထဲမှတောက်ပနေ၏။ ထိုလရောင်နှင့်ခပ်ဖျော့ဖျော့မီးရောင် ကခြံဝန်းကိုအလုံအလောက်အလင်းပေးနိုင်စွမ်းရှိသည်။ ပုလွေသံခပ်တိုးတိုးသည်ခေါင်မိုးပေါ်မှပြန့်လွှင့်နေ၏။ ထိုတေးသွားကနားထောင်မိသူတိုင်း၏ရင်ထဲတွင်အေးမြသွားစေသည်။ အတော်ကြာတီးမှုတ်ပြီးနောက် ကင်ဆော့ဂျင်ရပ်တန့်လိုက်၏။ လေပြေလေညင်းကြောင့်သူ့ရဲ့ဝတ်ရုံကအနည်းငယ်လွင့်နေသည်။
"..."
အမြဲတမ်းတည်ငြိမ်တတ်သောထိုလူသားရဲ့မျက်နှာပြင်ပေါ်ကဝမ်းနည်းမှုအချို့ကိုဘယ်သူ့မှသတိမထားမိနိုင်။ အင်္ကျီလက်အထဲရှိလျှို့ဝှက်အိတ်လေးဆီမှစာလိပ်တစ်ခုကို ကင်ဆော့ဂျင်အပြင်သို့ထုတ်လိုက်၏။ ကင်ကျောင်းတော်ကသူ့အားပေးပို့သောအမိန့်စာပင်။ သက်ပြင်းရှည်ရှည်အားတစ်ချက်ရှူထုတ်လိုက်ပြီးနောက် စာအားပြန်ဖတ်ကြည့်လိုက်သည်။
*ယန်ကျွီတောင်ကအဖြစ်အပျက်တွေကိုဝေမင်တောင်သခင်ကသတင်းပေးနဲ့အကြောင်းကြားခဲ့တယ်။ ဂျွန်ဂျောင်ကုကသာမာန်ကလေးဖြစ်နိုင်စရာအကြောင်းမရှိဘူး။ သာမာန်ကလေးဖြစ်ခဲ့ရင်တောင်သူကတစ်နည်းနည်းနဲ့ဂျွန်သခင်လေးနဲ့အဆက်အသွယ်ရှိနေတယ်။ ဖန်မိန်ကိုဆင့်ခေါ်ခဲ့တဲ့ဖြစ်နိုင်ချေကိုလဲမေ့ထားလို့မဖြစ်ဘူး။ ကင်သခင်လေးကာကွယ်ပေးမနေပါနဲ့။ ဂျွန်ဂျောင်ကု က ဂျွန်သခင်လေးသာပြန်လည်မွေးဖွားလာခဲ့ရင်သေဆုံးမယ့်လူအရေအတွက်ထပ်ပိုအရေးပါသလား? ကင်သခင်လေးမယုံကြည်ရင်ဂျွန်ဂျောင်ကုကောက်ရခဲ့တယ်ဆိုတဲ့ဓားကိုစစ်ဆေးကြည့်လိုက်ပါ။ ဂျွန်သခင်လေးရဲ့ဓားနာမည်ကဖျန်ကျန်းဖြစ်ပြီး ခရမ်းနဲ့အမည်းစပ်ထားတဲ့ဓားတစ်လက်ဖြစ်တယ်။ ဂျွန်မျိုးရိုးတွေမှာသာရှိတဲ့ ကျိန်စာပုံစံနဲ့ဆင်တူရိုးမှား ကနှုတ်လက်ရာရှိမယ်။
အကယ်၍ထိုဓားသေချာတယ်ဆိုရင် သူဟာအရှင်ထားလို့မရတဲ့ကလေးတစ်ယောက်ပဲ။ လမ်းမှာသူ့ကိုနှိမ်နင်းခဲ့ပါ*
သူတို့ပြောသည်မှာယုတ္တိရှိသည်။ ကင်ဆော့ဂျင်ကိုယ်တိုင်လည်း ဂျွန်ဂျောင်ကုရဲ့ဓားအားစစ်ဆေးခဲ့သည်မဟုတ်လား။ သို့သော်လည်းသူလက်မခံချင်သေး။ ဂျွန်ဂျောင်ကုကိုယ်တိုင် ကင်ဆော့ဂျင်ကိုသူကဂျွန်သခင်လေးမဟုတ်ဘူးငြင်းခဲ့တာပဲ။ သူကပါ ဂျွန်ဂျောင်ကုကိုမယုံကြည်ရင် ဘယ်သူကယုံကြည်မှာလဲ။ အခုဂျွန်ဂျောင်ကုကို လင်ဖန်းဖန်တောင်သို့ပြန်ခေါ်၍မရနိုင်။ သူ့အတွက်အန္တရာယ်ရှိမှန်းကင်ဆော့ဂျင်အနည်းအကျဉ်းတော့ရိပ်စားမိ၏။ ထို့ကြောင့်ယခုခရီးစဉ်တွင် ဂျွန်ဂျောင်ကုအားထားခဲ့ဖို့ကင်ဆော့ဂျင်ဆုံးဖြတ်ထား၏။ တကယ်လို့ဂျွန်ဂျောင်ကုသာမျက်စိရှေ့ပေါ်မလာတော့ဘူးဆိုလျှင် ကင်ဂိုဏ်းကသူ့ကိုပြဿနာရှာတော့မည်မဟုတ်။ ထိုအခါဂျွန်ဂျောင်ကုအတွက်အသက်အန္တရာယ်မရှိနိုင်တော့။

YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...