"ဖျက်ဆီးခြင်းအဆင့်ပဲ"
မိစ္ဆာရဲ့အငွေ့အသက်အားစစ်ဆေးရင်း ဝေမင်တောင်သခင်အဆင့်အားခန့်မှန်းကြည့်လိုက်သည်။ မိစ္ဆာထဲတွင် အဆင့်နိမ့်၊အလယ်အလတ်အဆင့်၊အဆင့်မြင့်၊ဖျက်ဆီးခြင်းအဆင့်နှင့်နတ်ဆိုးဟုကျင့်ကြံသူဂိုဏ်းသားများကအကြမ်းဖြင်းခွဲခြားထားကြ၏။ နတ်ဆိုးအဆင့်မိစ္ဆာများအားသိပ်ပြီးမမြင်တွေ့နိုင်ချေ။ သို့သော်မရှိတာတော့မဟုတ်။ နတ်ဆိုးအဆင့်တွင်လူသိများသောမိစ္ဆာနှစ်ကောင်ရှိသည်။ မိစ္ဆာအရှင်နှင့်အဆိပ်အရှင်။ ဂျွန်သခင်လေးနှင့် သူ၏သူငယ်ချင်းဖြစ်သူ ပတ်ဂျီမင်းပင်။ ဖျက်ဆီးခြင်းအဆင့်တွင်တော့ မိစ္ဆာကောင်ဆယ်ကောင်ရှိ၏။ သို့သော် နှစ်ကောင်အားနှိမ်နင်းနိုင်ခဲ့ပြီဖြစ်သောကြောင့် ယခုတွင်ရှစ်ကောင်သာကျန်တော့သည်။ သိုင်းကျင့်စဉ်နှင့်နှိုင်းယှဉ်လျှင်တော့ ဖျက်ဆီးခြင်းအဆင့်မိစ္ဆာတစ်ကောင်သည် အနည်းဆုံးရွှေအမြူတေအဆင့်၃မှအများဆုံးနက်ရှိုင်းအဆင့်၁အထိစွမ်း၏။ ကင်ဆော့ဂျင်ကအခုရွှေအမြူတေအဆင့်၁သာရှိသေးရာ ဖျက်ဆီးခြင်းမိစ္ဆာတစ်ကောင်ကိုတော့ တစ်ယောက်တည်းမနိုင်နိုင်။ ထို့ပြင် ဖျက်ဆီးခြင်းမိစ္ဆာများကလဲလူကြားထဲသိပ်မလာကြချေ။ သို့ပေမယ့်ထိုမိစ္ဆာကောင်များပေါ်လာလျှင်တော့အနည်းဆုံးလူရာချီသေဆုံးကြ၏။
အထဲမှာရှိသောသင်တန်းသားများအတွက်စိတ်ပူကာကင်ဆော့ဂျင်ဓားအားဆွဲထုတ်လိုက်သည်။ တောအုပ်ထဲသို့ဝင်တော့မည့်ဟန်ပြင်နေသော ကင်ဆော့ဂျင်အားဝေမင်တောင်သခင်မှတားလိုက်၏။
"ကင်ဆော့ဂျင်.. မင်းအထဲဝင်လို့မရဘူး"
"အထဲမှာသင်တန်းသားတွေရှိနေချိန်မှာ ကျွန်တော့ကိုတောင်သခင်ကလက်ပိုက်ကြည့်နေခိုင်းတာလား?"
စိတ်ပူနေသောကင်ဆော့ဂျင်အားနားလည်၏။ သို့သော်ထိုအကာအကွယ်မှာအစွမ်းကြီးလွန်းသဖြင့် ရင်ထိုးမပါပဲဖြတ်သန်းခွင့်မရပဲဝင်လို့မရ။ အကာအကွယ်အားဖျက်သိမ်းလိုက်လျှင်လဲ တောနက်ထဲကမကောင်းဆိုးရွားများကအစတည်းထိုအကာအကွယ်ထဲဝင်ဖို့ချောင်းနေကြသဖြင့် အခြေအနေအားပိုဆိုးရွားစေနိုင်သည်။ အထိအခိုက်အနည်းဆုံးဖြစ်နိုင်မည့်အဖြေကိုအရင်ရှာရမည်။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...