ညရောက်ပြီဖြစ်သဖြင့်ပိုးစုန်းကြူးလေးများကတစ်လက်လက်ဖြင့်ဟိုဟိုဒီဒီပျံသန်းနေကြ၏။ ပုရစ်များရဲ့အော်သံအချို့ကိုလဲချုံစပ်များကနေခပ်တိုးတိုးကြားနေရသည်။ လရောင်ကလဲရေအိုင်ပေါ်သို့ဖြာကျနေကာရောင်ပြန်ဟပ်နေ၏။ အဆင့်နိမ့်မှော်သတ္တဝါလေးများကလဲသံစဉ်များညည်းညူရင်းရေအိုင်အနီးတွင်ပျံသန်းနေကြကာဆော့ကစားနေကြသည်။ မှော်ဆန်ကာလှပသောညတစ်ညဖြစ်ပေမယ့်ဂျွန်ဂျောင်ကုကတော့ဒီပတ်ဝန်းကျင်အလှအပကိုဂရုမပြုနိုင်။ သူ့အားအတော်လေးဒေါသထွက်နေဟန်ရှိသောဆရာဖြစ်သူနောက်ကိုသာလိုက်ရင်း သူ့အားစိတ်ဆိုးပြေအောင်တောင်းပန်နေရ၏။
"ရှစ်ဖု...ကျွန်တော်ရှင်းပြပါရစေ!"
နေ့လည်ကအဖြစ်အပျက်ကြောင့် ကင်ဆော့ဂျင်ကဂျွန်ဂျောင်ကုအားလျစ်လျှူရှုထားသဖြင့် သူ့မှာအနောက်််မှလိုက်ကာရှင်းပြနေ၏။ ဘယ်လိုပဲတောင်းပန်တောင်းပန်ကင်ဆော့ဂျင်ကဒီတစ်ခေါက်တော့သူ့ကိုတော်တော်ဒေါသထွက်နေဟန်တူသည်။ တောင်တက်လမ်းတစ်လမ်းလုံးသူ့အားလျစ်လျူရှုထားကာ ယာယီအဆောင်သို့ရောက်တဲ့အထိစကားတစ်ခွန်းမှမပြော။ ကင်ဆော့ဂျင်ဘက်ကတိတ်ဆိတ်စွာနေလေ ဂျွန်ဂျောင်ကုအနေနဲ့ပိုပြီးစိုးရိမ်လာလေပင်။
"ကျွန်တော်ကဒီအတိုင်း..ရှစ်ဖုကိုဒဏ်ရာရမှာစိုးလို့"
"မင်းကဘာမို့လို့ငါ့ကိုစိတ်ပူနေရတာလဲ?"
ထိုသို့သောစည်းခြားသည့်စကားများအားကင်ဆော့ဂျင်ပြောသည့်အခါတိုင်းဂျွန်ဂျောင်ကုရဲ့နှလုံးသားကအောက်ဆုံးအထိနိမ့်ဝင်သွားသလိုပင်။ အောင့်သက်သွားတဲ့ခံစားချက်နှင့်အတူသူ့ကိုယ်သူသတိမထားမိပဲ အမူအရာမှာထိတ်လန့်တုန်လှုပ်ဟန်ပေါက်သွား၏။ ထိခိုက်သွားပုံရသောဂျွန်ဂျောင်ကုရဲ့အမူအရာကြောင့်ကင်ဆော့ဂျင်သူ့စကားမှားသွားမှန်းသတိထားမိသွားသည်။ ဒီကောင်လေးကိုဆက်ပဲဆူရမလား ပြန်ပဲချော့ရမလားဟူသည့်အတွေးနှစ်ခုကြားထဲစိတ်ရှုပ်ကာ ဆံပင်ကိုပဲဖွပစ်လိုက်ချင်၏။ နောက်ဆုံးတော့ဒုတိယမြှောက်အတွေးကပဲအနိုင်ရသွားသည်။
"ဂျောင်ကု.."
"ဟုတ်.."
"ရှစ်ဖုကကိုယ့်ကိုကိုယ်ကာကွယ်နိုင်တယ်။ ပျော့ညံ့တဲ့သာမာန်လူသားတစ်ယောက်မဟုတ်ဘူး။ ဒါပေမယ့်ဂျောင်ကုကအဲ့လိုမဟုတ်ဘူး။ မင်းကအားနည်းနေသေးတယ်။ အကယ်၍များစဉ်းစားကြည့် ဝေမင်တောင်သခင်ကမင်းကိုဒေါသထွက်ပြီးသတ်ဖို့ရွယ်မယ်ဆိုရင်တောင်မင်းကိုယ်မင်းကာကွယ်နိုင်မှာမဟုတ်ဘူး။ တောင်သခင်သာလူကောင်းတစ်ယောက်မဟုတ်ဘူးဆိုရင်မင်းပဲအကြီးအကျယ်ထိခိုက်နိုင်တယ်။ ဂျောင်ကုကကာကွယ်ရမယ့်သူမဟုတ်ဘူး။ ရှစ်ဖုကမှမင်းကိုကာကွယ်ပေးရမယ့်သူ"
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...