21

505 111 32
                                    

ကင်ဆော့ဂျင်တော့မဖြစ်နိုင်။ သူကချုံခိုတိုက်ခိုက်သည့်အကျင့်စရိုက်မရှိ။ အကယ်၍သူဂျွန်ဂျောင်ကုကိုသတ်ချင်လျှင် လုပ်ကြံစရာပင်မလို။ ယန်ဂိုဏ်းနဲ့ပတ်သက်နေမလား။ မူလဂျွန်ကောင်လေးကဘာလုပ်ခဲ့မိလို့ သူ့နောက်ရန်သူတွေလိုက်နေတာလဲ။ ဒါမှမဟုတ်.. သူကဂျွန်သခင်လေးဆိုတာရိပ်မိသွားကြတာလား။ မဖြစ်နိုင်။ ဂျွန်သခင်လေးမှန်းရိပ်မိလျှင်ယခုလိုခိုးကြောင်ခိုးဝှက်မတိုက်ခိုက်ဘဲ သိုင်းပညာရှင်များစွာနှင့်လာတိုက်မည်ဖြစ်သည်။

"ရှစ်ဖု... တည်းခိုခန်းပိုင်ရှင်ကိုစစ်ဆေးသင့်တယ်ထင်တယ်။ အဆိပ်ခတ်မယ်ဆိုရင် ဒီကလူတစ်ယောက်ပဲဖြစ်လိမ့်မယ်"

"... မင်းကိုတစ်ယောက်တည်းထားခဲ့လို့မဖြစ်ဘူး"

ကင်ဆော့ဂျင်အားမဖြစ်မနေအပြင်လွှတ်မှဖြစ်မည်။ မဟုတ်လျှင်ဂျွန်ဂျောင်ကုအပြင်ထွက်၍စုံစမ်းလို့မရချေ။

"ကျွန်တော်ဘာမှမဖြစ်ပါဘူး။ အဆိပ်လဲပြယ်သွားပါပြီ"

"...ဒါပေမယ့်လဲ..."

"ရပါတယ်။ ကျွန်တော့်ဘာသာကာကွယ်နိုင်ပါတယ်။ အဲ့လောက်လဲအားမနည်းပါဘူး"

ဂျွန်ဂျောင်ကုကအတင်းလွှတ်သောကြောင့် ကင်ဆော့ဂျင်ထွက်သွား၏။ ကင်ဆော့ဂျင်ထွက်သွားသည်နှင့် ဖျန်ကျန်းကိုဆွဲယူပြီးဂျွန်ဂျောင်ကုပြတင်းပေါက်မှထွက်ကာအောက်ဆုံးအထပ်သို့ခုန်ဆင်းလိုက်သည်။

"ဟင် ရှောင်ကောကောလေးကဒီကိုဘာလာလုပ်တာလဲ"

ချင်းဟွာအကြမ်းအိုးများသယ်ကာဥယျာဉ်နောက်သို့ထွက်လာတုန်း ဂျွန်ဂျောင်ကုကပိတ်ရပ်လိုက်သဖြင့်မေးလိုက်၏။

"မင်းယူလာပေးတဲ့အသားဟင်းက.. ငန်နေလို့"

"ဟုတ်...ဟုတ်လား"

"အင်း..မြည်းကြည့်ပါလား"

ဂျွန်ဂျောင်ကုဝှက်ထားသောအသားဟင်းအားထုတ်ပြလိုက်သည်။

"...ဟို..ထမင်းချက်ကိုပြင်ခိုင်းလိုက်မယ်နော်"

ချင်းဟွာလှမ်းယူလိုက်သောအခါဂျွန်ဂျောင်ကုကသူမလက်ကိုတွန်းဖယ်လိုက်၏။

ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်Where stories live. Discover now