ကင်ဆော့ဂျင်ရဲ့အာရုံခံစားချက်အရသူ့ဆီသို့တစ်ယောက်ယောက်ပြေးလာသည်ကိုခံစားရ၏။ သေးငယ်သောချီအချို့အားခံစားရသဖြင့် သင်တန်းသားများထဲမှတစ်ယောက်ဖြစ်မည်ဟုယူဆလိုက်ကာ ကျဲ့ရီအားအရှိန်တင်ရင်းထိုသင်တန်းသားဆီသို့ပျံသန်းသွားလိုက်သည်။
ထိုစဉ်သတိထားမိသည်က အနားပတ်ဝန်းကျင်မှမည်သည့်အသံမဆိုမကြားရတော့ခြင်းပင်။ ရှဉ့်တစ်ကောင်သစ်ရွက်ခြောက်များကြားဖြတ်ပြေးသွားသည့်အသံကိုပင် ကင်ဆော့ဂျင်မကြားနိုင်။ တစ်ခုခုတော့ထူးခြားမှန်းရိပ်မိသွားကာ ဖန်မိန်အနီးအနားတွင်ရှိနေကြောင်းကိုလဲသတိထားမိသွား၏။ ထိုအချိန်ကင်ဆော့ဂျင်အနေနဲ့စိတ်ရှုပ်ထွေးသွားသည်။ အရှေ့ကကျောင်းသားထံသို့အရင်သွားကာသူ့အားကယ်တင်ရမည်လား။ သို့မဟုတ်ဖန်မိန်ရဲ့ပစ်မှတ်က ကင်ဆော့ဂျင်ကိုယ်တိုင်လား။ အကယ်၍ပစ််မှတ်ကကင်ဆော့ဂျင်ဆိုလျှင် အရှေ့ကသင်တန်းသားဆီသို့သွားခြင်းကထိုကျောင်းသားအားအသက်အန္တရာယ်ကျရောက်စေနိုင်သည်။ ကင်ဆော့ဂျင်ဆုံးဖြတ်ချက်အားလွယ်လွယ်မချရဲ။
နောက်ဆုံးတော့သင်တန်းသားအားတစ်ယောက်တည်းမထားရက်နိုင်တာကြောင့်ကင်ဆော့ဂျင်ထိုသင်တန်းသားအားအရင်ခေါ်ဆောင်သွားရန်ကြံရွယ်လိုက်၏။ ထိုစဉ်ချုံပုတ်မှအနည်းငယ်လှုပ်ရှားသွားရာ ကင်ဆော့ဂျင်သတိအနေအထားပြောင်းသွားသည်။
"..."
(ရှစ်ဖု)အသံမကြားရသော်လဲ ပါးစပ်လှုပ်ရှားမှုကြောင့်ရှစ်ဖုဟုခေါ်မှန်းသိလိုက်၏။ သူ့အရှေ့ကကျောင်းသားမှာဂျွန်ဂျောင်ကုဖြစ်မယ်မှန်းမထင်မှတ်ထားသောကြောင့် ကင်ဆော့ဂျင်အံ့အားသင့်သွားသည်။ ထို့အပြင်ဒီကလေးကဓားပျံကိုစီးနေတာလား? ကင်ဆော့ဂျင်အံ့ဩနေစဉ်မှာပဲဂျွန်ဂျောင်ကုကချက်ချင်းပင်ဖျန်ကျန်းပေါ်မှခုန်ဆင်းကာ သူ့အားဖက်လိုက်၏။
"..."
မထင်မှတ်ထားတဲ့ကိစ္စတွေကြောင့်ဂျွန်ဂျောင်ကုတုန်လှုပ်နေတာပဲဟုကင်ဆော့ဂျင်ယူဆကာဆံပင်အားသပ်ပေးရင်းနှစ်သိမ့်မိသည်။ သို့သော်အတော်ကြာတဲ့အထိဂျွန်ဂျောင်ကုမှာလွှတ်မပေးသေး။ ဖန်မိန်ဘယ်နားမှာရှိနေမလဲမသိနိုင်သောကြောင့် ကင်ဆော့ဂျင်အားဂျွန်ဂျောင်ကုဖက်ထားသည်ကိုဖယ်လိုက်၏။ ထိုအခါတွင်လည်းဂျွန်ဂျောင်ကုမှာအတင်းပြန်ဖက်ကာသူ့ရဲ့လက်နှစ်ဖက်များအားကင်ဆော့ဂျင်ခါးတွင်တင်းတင်းကြပ်ကြပ်ချိတ်ထားသည်။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...