ကင်ဆော့ဂျင်အဆောင်ခန်းထဲသို့ပြန်ရောက်ချိန်တွင် ညပင်တော်တော်နက်နေပြီ။ အဆောင်သို့ရောက်ရောက်ချင်းရေကန်ထဲသို့ဝင်စိမ်လိုက်ကာ ခန္ဓာကိုယ်အားဆေးကြောလိုက်သည်။ ကျောဘက်မှာဒဏ်ရာများကြောင့်မှီလို့မရတဲ့အထိနာကျင်နေ၏။ ဒဏ်ရာများအားမှီသလောက်ဆေးကြောပြီးနောက် အခန်းထဲသို့ပြန်ဝင်လာချိန်တွင် ကြွေခွက်ကျကွဲသံကိုကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာဂျွန်ဂျောင်ကုအားတွေ့ရသည်။ ကင်ဆော့ဂျင်ကအင်္ကျီမဝတ်ရသေးတာကြောင့် ဒဏ်ရာများအားဂျွန်ဂျောင်ကုမြင်သွားကာလန့်ပြီးရေနွေးခွက်အားလွတ်ကျသွား၏။ အပေါက်ဝဘက်သို့ကျောပေးထားသဖြင့် သူလာတာကိုသတိမထားမိခြင်းပင်။ သူနဲ့ခရီးမထွက်ခင်အထိကင်ဆော့ဂျင်မှာဒဏ်ရာမရှိတာသေချာပါတယ်။ ဘယ်လိုလုပ်ဒီဒဏ်ရာတွေရသွားတာလဲ။ ကင်ဆော့ဂျင်ရဲ့ဒဏ်ရာများကြောင့်ဂျွန်ဂျောင်ကုတုန်လှုပ်မိသည်။ ဘယ်သူကများရာရာစစ ကင်ဆော့ဂျင်ကို.. ဒီလိုမျိုးထိခိုက်အောင်လုပ်ရတာလဲ။ အရည်ပြားများလန်နေကာအသားရဲရဲများကိုမြင်နိုင်ရသည့်ဒဏ်ရာများနှင့် ကင်ဆော့ဂျင်ရဲ့ဖြူအုအုခန္ဓာကိုယ်လေးမှာလုံးဝမလိုက်ဖက်ပေ။ ဆေးကြောထားပေမယ့် ဒဏ်ရာများကသွေးအသစ်များနှင့်စိုစွတ်နေပြန်၏။ ဂျွန်ဂျောင်ကုတုန်လှုပ်စွာဖြင့် အနားသို့ကပ်သွားသည်။
"ဒီဒဏ်ရာတွေက..."
ဒဏ်ရာအားခြောက်ခြားစွာကြည့်လိုက်ကင်ဆော့ဂျင်မျက်လုံးအဝိုင်းသားဖြင့်ကြည့်လိုက်လုပ်နေသည့်ဂျွန်ဂျောင်ကုကြောင့်ကင်ဆော့ဂျင်သက်ပြင်းချမိ၏။ သူမသိအောင်ညဘက်မှအဆောင်ပြန်လာတာကို။
"စိတ်ပူစရာမလိုဘူး"
"ဘာလို့စိတ်မပူရမှာလဲ! ကိုယ့်ရှစ်ဖုဆီမှာဒီလောက်များတဲ့ဒဏ်ရာတွေရလာတာကို။ ဘယ်လိုဖြစ်ပြီးရလာတာလဲ? အသွင်ပြောင်းကောင်ကလုပ်တာလား? မဖြစ်နိုင်ဘူးလေ သူအဆင့်ကမင်းအဆင့်ကိုတောင်မယှဉ်နိုင်တာကို။ ပြီးတော့အခြားနေရာတွေမပါပဲ ကျောဘက်ပဲကွက်ပြီး.. ဒါကြိမ်ဒဏ်ရာတွေလား?
"ရှစ်ဖုအပြစ်ပေးခံရတာလား?"
"..."
ဒီကောင်လေးကဘာလို့အရမ်းကိုအကင်းပါးရတာလဲ။ ကင်ဆော့ဂျက်သူ့အားဆုပ်ကိုင်ထားသောဂျွန်ဂျောင်ကုရဲ့လက်များကိုဖယ်လိုက်ကာ အင်္ကျီအားကောက်ဝတ်လိုက်၏။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...